"ဘယ်တွေသွားနေတာလဲ"
"ငါ . . . Ta နဲ့ ရေခဲမုန့်သွားစားတာ"
ဖြစ်ချင်ရာဖြစ်။ Ta လဲ သူ့ဆရာက ကြိတ်တာခံရရင် ခံရပါစေတော့။ Build ကတော့ Bible အူတိုအောင်ပြောရမှာပင်။
"အင်း . . အဲ့ဒါသိတယ်"
ဘယ်လို သိတယ်လဲ။ ဘာလို့ Ta နဲ့ သွားစားတာလဲ ဘာညာမမေးဘူးလား။ Build က Bible ခါးကို ဖက်ထားရင်းနဲ့ မော့ကြည့်တော့ သူ့ကို ငုံ့ကြည့်နေသည့် Bible နှင့် မျက်နှာချင်းဆုံသွားသည်။ Build က ဂြိုဟ်ကြည့် ကြည့်လိုက်ကာ
"ဘာသိတယ်လဲ။ စိတ်မပူဘူးလား"
Bible က Build မျက်ဝန်းတွေကို ဖုံးလုနီးနီးကျနေသည့် နဖူးပေါ်က ဆံပင်တွေကို သပ်ပေးရင်း ခပ်ယဲ့ယဲ့လေးပြုံးသည်။
"သင်တန်းလာသွားတယ်ဆိုတာလဲ စာရေးမလေးကပြောလို့ သိလိုက်တယ်။ Ta နဲ့သွားတယ်ဆိုတာလဲ သူ့ IG မှာ Biu လက်ကိုမြင်လိုက်လို့ ဖုန်းဆက်မေးပြီး Biu ပြန်သွားပြီဆိုတာ သိလိုက်တယ်။ Biu ငိုသွားတာလဲသိတယ်။ ငါ ဖုန်းတွေဆက်တိုက်လဲဆက်တယ်။ Biu က မကိုင်တော့ အိမ်တော့ပြန်လာမှာပဲဆိုပြီး ဒီမှာလာစောင့်နေတာ"
Build က ခေါင်းငုံ့လိုက်ကာ Bible ပခုံးပေါ်မျက်နှာအပ်ထားလိုက်သည်။ Bible ရဲ့ ပခုံးက ကျယ်ပြန့်လှကာ သူ့မျက်နှာအပ်ပြီး ငိုဖို့ အသင့်တော်ဆုံးပင်။ လက်မောင်းကြီးတွေဆိုတာလဲ ကြွက်သားအဖုဖုနှင့် ထုထုပြီး ငိုပစ်ချင်စရာကြီး။
"ငါပြန်မလာရင်ရော"
"လိုက်ရှာရမှာပေါ့"
"ဘယ်လိုလိုက်ရှာမှာလဲ"
"ရဲစခန်းမှာတော့ အမှုသွားဖွင့်ရမှာပေါ့"
Bible ပခုံးကို ထုပစ်လိုက်မိသည်။ ထုပြီး ငိုချင်စရာမကောင်းတော့။ ထုပြီး ဆွဲဆောင့်ပစ်ချင်စရာပဲကောင်းတော့သည်။ ပြောပါ့လား ရေမြေအဆုံး မတွေ့မချင်းလိုက်ရှာမယ်တို့။ မင်းရှိတဲ့အရပ်ကို ကိုယ့်နှလုံးခုန်သံက ညွှန်ပြနေမယ်တို့။ ချီးမို့. . . ရဲစခန်းမှာ အမှုဖွင့်ပါလား။
"သွား. . သွား. . ရဲစခန်းပဲ သွားအမှုဖွင့်နေလိုက်"
Build က စိတ်တိုတိုနှင့် ပြောပြီး ထွက်လာပြီးမှ ဆရာသမားက ယောင်နနနှင့် ရပ်ကျန်ရစ်ခဲ့၍ ပြန်သွားပြီး လက်ဆွဲခေါ်လာရသေးသည်။
![](https://img.wattpad.com/cover/320145109-288-k235637.jpg)
YOU ARE READING
Learning Bible 101
FanficRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။