"Biu . . su su. . . "
စာမေးပွဲခန်းထဲ ဝင်ခါနီး Build ကို Bible က လိုက်ပို့ကာ အားပေးသည်။ စာမေးပွဲနီးလေ Build က ကိုယ့်ကိုယ်ကို ယုံကြည်ချက်လေးရှိလာလေပင်။ Bible ဖြေခိုင်းသမျှ mock test တွေဖြေပြီးတိုင်း သူ လိုချင်သည့် အမှတ်ကို ရလိမ့်မည်ဟု ပိုပိုပြီး သေချာလာသည်။ စာမေးပွဲပြီးလျှင်လဲ Bible နှင့်အတူ ချင်းမိုင်ကိုသွားလည်ကြမည်ဆိုတော့ Build အတွက် စာမေးပွဲက ကြောက်စရာမဟုတ်ပဲ မြန်မြန်ဖြေလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ဒါတောင်မှ ပိုက်ဆံသွင်းပြီး စာမေးပွဲရက်နီးလေတော့ Build တို့ ဂယက်ဖြစ်သေးသည်။ ခဏနေရင် ငါမဖြေတော့ဘူး။ မယ့်လိုပဲ ဒီမှာ မင်းနဲ့ လက်ထပ်ပြီး ကလေးတွေမွေးမယ် ပြောလိုပြော။ ခဏနေ ငါက အဂျန် Bible နဲ့သင်ထားတော့ Band 8 တွေ 9 တွေတောင်ရနိုင်မလားမသိဘူးလို့ တွေးလိုတွေးနှင့် Build ၏ အစွန်းနှစ်ဖက် ပြေးမှုကို Bible က အတော်လိုက်ထိန်းပေးရသေးသည်။
သူ့စာမေးပွဲ နီးလာတော့ Bible က စာမသင်တော့ပဲ မေးခွန်းသင်သည်။ မေးခွန်းကို သေချာနားလည်သဘောပေါက်အောင်ဖတ်နည်း။ ဘယ်အပိုင်းက Band ဘယ်လောက်အတွက် ရည်စူးတာဖြစ်ပြီး ဘယ်အပိုင်းက အမှတ်ပိုမြင့်သည့်သူတွေကို စစ်ထုတ်ဖို့ ဖြစ်တာကြောင့် Build လိုချင်သည့် အမှတ်အတွက်ဆို ဘယ်နေရာတွေမှာ ပိုပြီး အာရုံစိုက်၊ ခွန်အားစိုက်ထုတ်ဖို့လိုကြောင်းတွေ သေချာတွက်ချက်ရှင်းပြသည်။
"တကယ်တမ်းက ဒါမျိုးတွေမသင်ချင်ဘူး။ ဒီလိုသိသွားရင် စာမေးပွဲကဖြေရတာအရမ်းလွယ်သွားပြီး ကျောင်းသားတွေရဲ့ ပိုလေ့လာချင်စိတ် သင်ယူချင်စိတ်ကျသွားမှာစိုးလို့" ဟုလည်း မျက်နှာမသာမယာနှင့်ပြောသေးသည်။ သူ့အခြားကျောင်းသားတွေကို မသင်ပေးပေမဲ့ သူ့ချစ်ချစ် Build က ကျ ခြွင်းချက်ကလေးဖြစ်သည်။
Bible ပြောသလိုပင် စာမေးပွဲ၏ သဘောသဘာဝနှင့် မေးခွန်းလွှာအကြောင်းသေချာသဘောပေါက်လျှင် သူ့အတွက် ဘယ်ဟာက အမှတ်ရနိုင်ပြီး ဘယ်အပိုင်းက သူကံကောင်းလျှင် အမှတ်ရနိုင်မည်ဆိုတာမျိုး ခွဲခြားသိထားတော့ သိပ်မခက်ခဲတော့။ သူ ရနိုင်သည့်အပိုင်းကို သေချာအာရုံစိုက်ဖြေပြီး မရနိုင်သည့် အပိုင်းမှာ မရလို့ရယ်ဆိုပြီး စိတ်ဖိစီးခံမနေတော့ နောင်လာမည့်အပိုင်းတွေမှာ မထိခိုက်တော့။

YOU ARE READING
Learning Bible 101
FanfictionRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။