"တကယ်ဖျားသွားလို့ပါ. . .အဟွတ် အဟွတ်. . ရွှတ်. ."
Build က ပီပြင်အောင် ချောင်းတွေဆိုးပြ မရှိတဲ့ နှာတွေပါစေးပြရသေးသည်။
"အဲ့ဒီနေ့က လက်ဝှေ့ထိုးကျင့်လိုက်ရတာကော ပင်ပန်းလို့ အားနည်းပြီးဖျားတာထင်တယ်။ ကြွက်သားတွေလဲကိုက်ခဲလို့"
"ဆေးလာပို့ပေးရမလား"
"အာ. . . ရတယ်။ ရတယ်။ ဆေးသောက်ပြီးပြီ အရမ်းအိပ်ချင်နေလို့"
တစ်ဖက်က အသံကြီးက မယုံသင်္ကာဆိုတာ ကျိန်းသေတယ်။ ဒါပေမဲ့မတတ်နိုင်ဘူး ဟော့ဒီ Build Jakapan Puttha လေးက မွေးနေ့ပွဲသွားဖို့ ရေမိုးချိုး ရှိုးထုတ်ပြီးနေပြီ။"နောက်နေ့အစားထိုးအချိန်ပြန်ယူမယ်လေ။ တကယ်ပါ"
ကလေးတွေကျနေတာပဲ ခွင့်လိမ်တိုင်နေရသည်။ မတိုင်လို့လဲမဖြစ် ဒီနေ့က Apo မွေးနေ့။ သူ့မွေးနေ့ကို မသွားပဲနေလို့ကတော့ Build ဟာ တစ်ပတ်ဆယ်ရက်လောက် အိပ်ကောင်းခြင်းမအိပ်ရ။ စားကောင်းခြင်းမစားရ ဖြစ်သွားလိမ့်မည်။
ဆရာBible ကို အမျိုးစုံကြိုးခုန် လှိမ့်အပြီးမှာတော့ Apo ရဲ့ မွေးနေ့ကျင်းပမည့် ဖရွန်ပွန်က ဘားသို့ ဆိုက်ဆိုက်မြိုက်မြိုက်သွားနိုင်ခဲ့ပြီ။ Apo က သူတို့သူငယ်ချင်းထဲမှာတောင် အပေါင်းအသင်းများပြီး လူချစ်လူခင်များ နာမည်ကြီးသည့်သူ။ သူ့မွေးနေ့မှာ ခင်သမျှလူဖိတ်ကြေးဆို ရာဇမင်္ဂလာ ဘောလုံးကွင်းကြီး ငှားပြီး မွေးနေ့ပွဲလုပ်ရင်တောင် ကွင်းအပြည့်လျှံထွက်လောက်သည်။ အဲ့လိုထဲကမှ သူတို့ကို ရွေးဖိတ်သည်ဆိုတော့ မသွားလို့မဖြစ်လေ။
မွေးနေ့ပွဲ Theme က 1960s Mafia ဆိုတော့ အကုန်လုံးက အနောက်တိုင်းဝတ်စုံအပြည့်နှင့် ဦးထုပ်ဝိုင်းကြီးတွေဆောင်းပြီး ရှိုးထုတ်လာကြသည်။ Build ကလဲ ရှပ်အဖြူကို တံတောင်ဆစ်ထိလက်ခေါက်ထားပြီး သားရေ harness သိုင်းကြိုးတွေက ရင်ဘတ်မှာ ယှက်နွယ်ထားသည့် သေနတ်အိတ်နှင့် sexy Mafia ဒီဇိုင်းပြင်ဆင်ထားသည်။
"ဟယ် . . ပျောက်ချက်သားကောင်းနေတဲ့ ငါ့သား။ အရမ်းမိုက်နေပါလား"
သူ့ကိုမြင်သည်နှင့် P'Tong တို့ဝိုင်းက လှမ်းအော်ခေါ်တော့သည်။ သူကလဲ ရယ်ရင်း ဟန်ပါပါ ဂိုက်ထုတ်ကာ P'Tong ရှိရာကို လျှောက်သွားလိုက်သည်။ P'Tong က သူ့ထက် နှစ်နှစ်လောက်ပဲ ကြီးပေမဲ့ သူ့အပေါ် အမေတစ်ယောက်လို အဖေတစ်ယောက်လို စောင့်ရှောက်ပေးသည့်သူဖြစ်သည်။ အရင်က ညတိုင်းဆုံဖြစ်ကြပေမဲ့ သူ့ရဲ့ အင်္ဂလိပ်စာသင်တန်းကြောင့် မတွေ့ရသည်မှာ တစ်ပတ်လောက်ရှိတော့မည်။
![](https://img.wattpad.com/cover/320145109-288-k235637.jpg)
YOU ARE READING
Learning Bible 101
Fiksi PenggemarRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။