5. (Uni)

2.1K 203 15
                                        

ထုံးစံအတိုင်း လွတ်ထွက်အောင် ကောင်းခြင်းမှာ Build ဟာ နောင်တရစရာတွေကိုဖန်တီးခဲ့လေသည်။ မနက်မိုးလင်း မျက်လုံးနှစ်လုံးပွင့် အမူးပြေသည်နှင့် မနေ့ညက သူ Bible ကိုပြောခဲ့မိသည့် စကားတွေ ပြန်သတိရပြီး သူ့ဆံပင်တွေကို ကျွတ်ထွက်သွားအောင် ဆွဲဆုပ်ကာ ဖင်ပူးတောင်းထောင် အော်လိုက်မိသည်။

မနေ့ညက သူ့ကို Bible က ကားမောင်းပြီးပြန်လိုက်ပို့ပေးသည်။ အိမ်အောက်ရောက်သည့်အချိန် ကိုယ့်ဘာသာ လိမ်လိမ်မာမာ အပေါ်တက်ခဲ့လိုက်လျှင် ဇာတ်လမ်းက ပြတ်ပြီ။ ဒါကို အဲ့ဒီအချိန်မှာ လွတ်ထွက်အောင်ကောင်း နယ်မြေထဲ ခြေတစ်ချောင်းဝင်နေသည့် သူက ဘာလုပ်ခဲ့လဲဆို‌တော့. . .

"ခေါ်ပွန်မတ်မတ်ခ အဂျန်. . ."

သူက နဖူးမှာ လက်အုပ်ချီကပ်ရင်း ကျေးဇူးတင်ကြောင်းကို 136 ‌ကြိမ်မြောက်ထပ်ပြောသည်။ Bible ကလည်း နည်းနည်းရီဝေနေပြီမို့ သူ့လက်အုပ်ချီထားတာကို ဆုပ်ကိုင်ကာ. . .
"အဂျန်လို့မခေါ်ဘူးလို့ သဘောတူထားတယ်လေ"

"ခေါ်ထို့နော်. . . "

သူက Bible ကို အဂျန်လို့ခေါ်ရတာကို တကယ်သဘောတွေ့နေတာပါ။ စာသင်တဲ့အချိန်ကလွဲရင် တွေ့တိုင်း အဂျန်လို့ ခေါ်ချင်နေတာပဲ။

"ဒါနဲ့လေ Bible ကို Biu က Rating ပေးလို့ရလား"

"ဘာ Rating လဲ"

"အဂျန် Rating လေ။ စားသောက်ဆိုင်တွေတောင် သွားစားပြီးရင် Review ရေးပြီး ‌Rating ပေးရတယ်မလား။ Bible စာသင်တာကိုလဲ Review နဲ့ Rate  လုပ်မယ်လေ"

"အင်း. . . လုပ်ပါဦး"

Bible က သူတားလဲ Build ကဆက်ပြောမှာပဲဆိုတာ သိနေသည့်ပုံနှင့် လွှတ်ပေးလိုက်သည်။
သူက Bible ပါးနှစ်ဖက်ကို လက်နဲ့တောင် သေချာကိုင်လိုက်သေးသည်။ ရုပ်တည်ကြီးနှင့် အဂျန် Bible ၏ ပါးကြီးနှစ်ဖက်ကို ဟော့ဒီ ငမိုက်သား Biu ဟာ မူးမူးရူးရူးနဲ့ ပယ်ပယ်နယ်နယ်ကြီးကို ကိုင်ခဲ့တာပါ။ Bibleက ရုတ်တရက်ကြီးမို့ လန့်သွားပေမဲ့ သူမူးနေလို့ လုပ်မှန်းသိပြီး လွှတ်ပေးထားလိုက်သည်။ ဆိုးတာပါပဲ။

"အဂျန် Bible ကို star ပေးရမယ်ဆိုရင်တော့ 3 out of 5 star ပဲ"

Bible က မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်သည်။

Learning Bible 101Where stories live. Discover now