Build မျက်လုံးတွေက Bible လက်တွေက မခွာနိုင်။ ဒီလက်ချောင်း ရှည်ရှည်သွယ်တွေက၊ ရုပ်တည်ကြီးနဲ့မှမလိုက်အောင် အကြောတောင်မမြင်ရအောင် နူးညံ့သည့် ဒီလက်ချောင်းတွေက ဓားကိုင်သတဲ့လား။
ဒီနေ့ Apo နှင့် ဖုံးပြောပြီး သိလာရသည့် သတင်းက Build ကို ကြက်သီးထစေသည်။
"မင်းဆရာက သူဆိုရင်တော့ သတိထားပေတော့ Ai'Biu"
"သူက သဘောကောင်းပါတယ် ငါ့ကို ထမင်းတောင်ဝယ်ကျွေးသေးတယ်။ ရေခဲမုန့်ရောပဲ"
"အမ်. . "
ဖုန်းတစ်ဖက်ကနေတောင် Apo တစ်ယောက် ပါးစပ်ကြီးရွဲ့ပြီး အံ့ဩပြနေမှာကို မြင်ယောင်မိသည်။
"ဘဝကို အစားနဲ့ တန်ဖိုးဖြတ်တဲ့လူပဲ။"
Apo ဆီက ရွဲ့တဲ့တဲ့လေသံကြီးထွက်လာသည်။"ငါပြောချင်တာက သူက လူဆိုးလို့ပြောတာမဟုတ်ပါဘူး။ လူကောင်းပါ။ စိတ်ရင်းတကယ်ကောင်းတယ်။ ဒါပေမဲ့ စိတ်မတိုစေနဲ့။ သူစိတ်တိုရင်ကြောက်ဖို့ကောင်းတယ်။ သူတစ်နှစ်ကျောင်းနားထားတယ်ဆိုတာလေ တကယ်က သူတို့ မေဂျာက ကောင်မလေးကို ဆိုလား သူ့ကောင်မလေးကိုဆိုလား တခြားတစ်ယောက်က လိုက်လို့ဆိုလား လိုက်နှောက်ယှက်လို့ဆိုလား အဲ့ကောင်ကို ဓားနဲ့ ထောက်လိုက်လို့ ဆိုလား ထိုးလိုက်လို့ဆိုလားပဲတဲ့"
အရမ်းတိကျသည့် သတင်းတွေကို ပေးတတ်သည့်အတွက် Apo ကို အရမ်းကျေးဇူးတင်သွားသည်။ ဒါပေမဲ့ Apo ပေးသည့် သတင်းအချက်အလက်ကို အနှစ်ချုပ်လိုက်ရလျှင် Bible က ကောင်မလေးတစ်ယောက်အတွက် ပြိုင်ဘက်ကို ဓားနဲ့ထောက်ပြီး ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ ကျောင်းတစ်နှစ်နားလိုက်ရသည်။
"ဟေ့. . ရှင်းပြနေတာ နားထောင်ရဲ့လား"
"ဓား. . . "
"ဘာလဲ"
"ဘာမှမဟုတ်ဘူး။"
"ဓားလို့ပြောလိုက်တာလားလို့"
ဘာမှမဟုတ်ဘူးဆိုရင် ဘာမှမဟုတ်ဘူးလို့ လက်ခံလိုက်လေ။ ဘာလို့ဇွတ်လိုက်မေးနေရတာလဲ။
"အော ဟုတ်တယ်။ ဓားလေ. . ဓားကြိုက်လားသိချင်လို့"
"အင်း ကြိုက်တယ်။ ဘာလို့မေးတာလဲ"
YOU ARE READING
Learning Bible 101
FanfictionRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။