7. (Uni)

2K 238 28
                                    

"ဓားနဲ့ ထိုးတာတော့လဲ မဟုတ်ပါဘူး။ လည်ပင်းကို ဓားနဲ့ထောက်လိုက်တာ။ လန့်ပြီး ရုန်းလိုက်တော့ နည်းနည်းရှသွားတာ။"

ဟုတ်ပြီ။ ဒါကမတူဘူး သဘောပေါက်လား။ ဓားပါတာချင်း သွေးထွက်တာချင်း တူပေမဲ့ Bibleက တမင်လုပ်တာမဟုတ်ဘူးလေ။ ခြိမ်းခြောက်ရုံတင်။ ဒါနဲ့ . . နေပါဦး ဘာလို့ခြိမ်းခြောက်ရတာလဲ။ မိန်းကလေးတစ်ယောက် ပါဝင်ပတ်သတ်နေတယ်ဆိုတော့ ရည်းစားလုကြတာများလား။ Bible က ရည်းစားရှိတယ်လား။

"သူက ကျောင်းသူတစ်ယောက်ကို အနိုင်ကျင့်လို့။ ငါက မနေနိုင်ပဲ ဝင်ပြောရင်း ရန်ဖြစ်ကြတာ။ အမှန်က လက်သီးနဲ့ထိုးရင်လဲ လုံလောက်ပါတယ်။ ငါက အဲ့ဒီတုန်းက ဆိုင်ကယ်မှောက်ထားတော့ ဘယ်လက်ကကျိုးနေတာ။ ညာလက်နဲ့ ဓားကိုင်လို့ရသေးပေမဲ့ သူက ဘယ်လက်လောက် ထိန်းချုပ်ရတာအဆင်မပြေတော့ ရှသွားတာ"

ဟုတ်သားပဲ။ Bible က ဘယ်သန်ဟာ။ သူပြောတာ အဓိပ္ပာယ်ရှိတယ်လေ။ ဒါပေမဲ့ Build အဓိက သိချင်နေတာက တစ်ခုထဲ. . .

"ကောင်မလေးက Bible ရည်းစားလား"

"ဟင်. . . မဟုတ်ပါဘူး"

ချက်ချင်း ခေါင်းခါပြီး ငြင်းတော့ Build က ပိုသိချင်သွားသည်။
"ရည်းစားရော ရှိလား"

"မရှိဘူးပြောထားတယ်လေ"

အင်းလေ ထင်တော့ထင်ရပါတယ်။ တစ်နေကုန် စာသင်လိုက်၊ လက်ဝှေ့ထိုးလိုက်၊ အားကစားလုပ်လိုက်နဲ့ ရည်းစားရှိတဲ့သူသာဆို ဘယ်မှာဒီလိုနေမလဲ။

"ကြိုက်တဲ့သူရောရှိလား"

Bible က ခေါင်းငုံ့ပြီး Eno ကိုပဲ ကုတ်ပေးနေချင်ယောင်ဆောင်သွားပေမဲ့ နားရွက်ဖျားတွေ ရဲတက်လာသည်ကို မြင်လိုက်ရတော့ အံ့ဩသွားသည်။ သူက ရှက်သွားတာလား။

"ရှိတယ်။ ဒါပေမဲ့ သူက မသိဘူး"

"ဘယ်လိုဖြစ်လို့. . . ."

"ငါးမိနစ်ပြည့်ပြီ စာပြန်သင်မယ်"

Build တော်တော် စိတ်လေသွားသည်။ ဘာလို့လဲ။ ဒါစိတ်ဝင်စားစရာခေါင်းစဉ်ဖြစ်နေပြီလေ။ ဒါပေမဲ့ Bible က စာဆိုလျှင်စာပဲ တခြားကိစ္စဘာမှပြောမရတော့သောကြောင့် လက်လျော့လိုက်ရသည်။

Learning Bible 101Where stories live. Discover now