"ငါ လူတစ်ယောက်ကို စိတ်ဝင်စားမိနေပြီထင်တယ်"
"အွေ. . . အဲ့ဒါထူးဆန်းလား"
Build က Us ကို လက်ထဲရှိသည့် Tablet နှင့်ပါ ကောက်ပေါက်ချင်မိသွားသည်။ ဒါပေမဲ့ Us လက်ထဲမှာက ကတ်ကြေးရှိနေသောကြောင့် လက်လျော့လိုက်ရသည်။
"အခုဟာ ငါ့ကို စာသင်ပေးနေတဲ့ဆရာ"
"မင်း အင်္ဂလိပ်စာ ဆရာဆိုတာလား"
"အင်း"
Us က သူ့လက်ထဲက ကတ်ကြေးကို လွှင့်ပစ်လိုက်ပြီး ထိုင်နေတာကိုလဲ ခပ်မတ်မတ် ပြင်လိုက်သည်။ သူ့ကြည့်ရတာ ချက်ချင်းစိတ်ဝင်စားသွားပုံ. . .
"ငါ့စိတ်ထဲ သူကလဲ ငါ့ကို စိတ်ဝင်စားနေသလိုပဲ"
"နည်းနည်းအသေးစိတ်ပြောလေ"
"သူက ငါ့ကို အပြင်အတူတူထွက်စားဖို့ေခါ်တယ်။ပြီးတော့လျှောက်လည်တယ်"
Us မျက်လုံးတွေက အရောင်တောက်သွားသည်။
"ဘယ်ဆိုင်မှာ စားကြတာလဲ။ ဘယ်ကိုသွားလည်ကြတာလဲ။ ပြောလေ. . . ပြော. . ပြော. . ."စမိပြီဆိုမှမထူးတော့သဖြင့် မျက်စိစုံမှိတ်ပြီးပြောချလိုက်ရတော့သည်။
"အနုစာဝါရီက ကွေ့သယိုဆိုင်။ ပြီးတော့ သူ့ကျောင်းကို သွားလည်ကြတာ။ ပြီးတော့ ကျောင်းသားညဈေးရယ်"သူက ပြီးပြီဆိုသည့် ပုံစံနှင့် ကြည့်လိုက်တော့ Us က မျက်နှာလေးရှုံ့မဲ့လို့ ဘာမှတောင်ဆက်မပြောနိုင်. . .
"မင်း ဘယ်တုန်းက အဲ့လောက် ဈေးပေါသွားတာလဲ"
Build လဲသိပါသည်။ ဒါက ကြွားလို့ကောင်းသည့် ဆိုင်တွေ နေရာတွေမဟုတ်ဘူးဆိုသည်ကို။ အရင်က သူနှင့်ကြူဖူးသည့်လူတွေက အနည်းဆုံးတော့ Medici လို၊ The Verandah လို ရိုမန်းတစ် ဆန်ဆန်ဆိုင်တွေမှာ လိုက်ကျွေးဖူးတာပင်။ ဒါပေမဲ့ ဒါက တထိုင်တည်းနဲ့ ခေါက်ဆွဲ ပွဲ 40 လောက်အတူတူစားဖူးပြီး စားပိုးနင့်သလို အမှတ်တရဖြစ်မနေလေ။
"သူက အရင်က ရည်းစားမထားဖူးလို့ပါ"
"အယ်. . မင်းက သူ့ရဲ့ ပထမဆုံးပေါ့"
"အင်း . . . သူက ငါ့ကိုကြိုက်တယ်ဆိုရင်တော့ ငါကပထမဆုံးဖြစ်မှာပေါ့"
YOU ARE READING
Learning Bible 101
FanficRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။