မာနကြီးလှတဲ့ကြောင်လေးတစ်ကောင်ကတော့နတ်မင်းတို့ရဲ့လောကမှာ တစ်ကောင်တည်းသောကြောင်လေးအဖြစ်ကျော်ကြားပါတယ် ။
လူသားကောင်ငယ်လေးရဲ့တစ်ယောက်ရဲ့
သနားစရာဘဝဇာတ်လမ်းနဲ့အတူကြင်နာတတ်တဲ့စိတ်ထားလေးကြောင့် လနတ်သမီးငယ်ဟာ အသနားပိုခဲ့ပြီးနတ်ဘုရင်အရှင်သခင်ကိုတောင်းပန်ကာ ထိုလူသားငယ်လေးကို နတ်လောကထဲရှင်သန်ဖွားမြင်ခွင့်ပြုဖို့တောင်းဆိုခဲ့ပါသတဲ့ ။ ပါရမီအထုံမဲ့တဲ့ ပုထုစဥ်လူသားငယ်လေးကို
နတ်မင်းကြီးတွေကလက်ခံခဲ့ပေမဲ့ ကြောင်ငယ်လေးတစ်ကောင်အဖြစ်သာဖွားမြင်နိုင်ခဲ့တယ် ။ ဆာကူရာပင်ပျိုကနေဖွားမြင်လာတဲ့ကြောင်လေးကိုရှောင်းမောင်မောင်းလို့ခေါ်တွင်ခဲ့တယ် ။ ရွှေအိုရောင်အမွှေးပျော့လေးတွေနဲ့ ခပ်ရဲရဲမျက်ဝန်းဝိုင်းလေးတွေက မာနကြီးတဲ့ပုံစံ
အပြည့်အဝရှိတယ် ။ ရှောင်းမောင်မောင်းမှာယခင်ဘဝက မှတ်ဥာဏ်တွေမရှိတော့ပေမဲ့ နတ်မင်းကြီးတွေက လူ့လောကနဲ့မပက်သတ်ဖို့အမြဲတစေအဆိုးမြင်စကားတွေနဲ့ ရှောင်းမောင်မောင်းကိုခြောက်လေ့ရှိတယ် ။ရှောင်းမောင်မောင်းတရားကျင့်ကြံပြီး နေပူဆာလှုံဖို့ထွက်လာတော့ နတ်သဘင်အစည်းအဝေးကျင်းပနေတာကိုမြင်လိုက်ရတယ် ။ နတ်မင်းတွေအတွက် ချိုမြိန်တဲ့ခံစားချက် (အချစ်) ဆိုတာ ကြားဖူးနားဝအရာလိုဖြစ်နေသည့်တိုင် ရှောင်းမောင်မောင်းကိုတော့ အားလုံးက ပွတ်သယ်ကျီဆယ်ပြီး ချစ်ကြောင်းပြသလိုကြတယ် ။ ရှောင်းမောင်မောင်းက နတ်မင်းလေးတစ်ပါးဖြစ်လာဖို့ကျင့်ကြံနေတာလေ ။ သူ့မာနက သူ့ကိုပွတ်သပ်ခံရတဲ့အိမ်မွေးကြောင်လေးဖြစ်ခွင့်မပေးဘူး ။ သူအချစ်မခံချင်သလို ကျီဆယ်ချော့မြူတာလည်းမလိုချင်ခဲ့ပါ ။
ရှောင်းမောင်မောင်းက နတ်အိုကြီးတွေရဲ့အဝေးကိုရှောင်ထွက်လာလိုက်တယ် ။ လေနှင်ရာလွင့်မျောနေတဲ့ တိမ်တိုက်တစ်ခုပေါ်ခုန်တက်လိုက်ပြီးနောက် ရှောင်းမောင်မောင်းအမွှေးလေးတွေကိုအသာခါရင်း တိမ်စိုင်နုနုပေါ်ငိုက်မြည်းလိုက်တော့တယ် ။
နတ်လောကရဲ့စည်းမှတ်ကိုကျော်လာတဲ့ တိမ်တိုက်က လူ့လောကနဲ့နတ်လောကရဲ့စည်းအကြားရောက်လာတယ် ။ လေထုတစ်ခုလုံးဟာ
လွမ်းမောဖွယ်ရာ အရောင်အစပ်အဟပ်စုံသိုင်းခြုံထားပြီး စည်းနယ်နမိတ်ကိုပန်းချီတစ်ချပ်သဖွယ်အလှရည်ဖြန်းထားတယ် ။ ရှောင်းမောင်မောင်းနားရွက်လေးတွေထောင်သွားတယ် ။ လူ့လောကစည်းရဲ့ အစွန်ဧရိယာဟာ သိပ်ကြမ်းတမ်းလွန်းပြီးလူသားတွေကိုဝေးဝေးနေအောင် ခြိမ်းခြောက်ထားတဲ့နေရာပဲလေ ။ ထိုနေရာမှာလူသူကင်းမဲ့ခဲ့သလို ရှာဖွေတွေ့ရှိသူလည်းများများစားစားမရှိခဲ့ ။ ရှာတွေ့ခဲ့ရင်တောင်အပြန်လမ်းမရှိတဲ့သည်နေရာဟာခြောက်ခြားဖွယ်အတိမို့ လွန်ခဲ့တဲ့နှစ်အများစုကပါရမီထုံတဲ့ ဒေသလှည့်လည်သူဘုန်းတော်ကြီးအချို့သာဒီနေရာကိုလေ့လာနိုင်ခဲ့တယ် ။