မောင်မောင်းယူလာပေးတဲ့ဆေးပင်တွေကိုရောစပ်ပြီးဆေးဖော်နေတဲ့ ထိုယောကျာ်းက အချိန်တိုအတွင်းမှာပဲ အမြင်အာရုံကွယ်တဲ့အပေါ်ကျင့်ယူနိုင်ခဲ့ပုံရတယ် ။ လုပ်ဆောင်ချက်တွေဟာ ပေါ့ပေါ့ပါးပါးလေးပဲ ။ အနာရွတ်အလီလီ ၊
ဒါဏ်ရာအထပ်ထပ်နဲ့ မသန်စွမ်းတစ်ယောက်ကိုစိတ်ပျက်ရမည့်အစား ထိုပုံစံကမောင်မောင်းကိုပိုစွဲမက်လာစေတယ် ။ အနာတရတွေကို
မကြောက်ရွံ့တဲ့လူအဘယ်မှာများရှိပါ့မလဲ ။ ထိုယောကျာ်းကတော့မမှုတဲ့ပုံနဲ့ အပြုံးနုနုကိုတောင်ဆင်မြန်းထားသေးတယ် ။"ကိုယ်ပြောရင်မင်းစိတ်ဆိုးသွားမှာလည်း
ကိုယ်ပူမိပြန်တယ် ""မင်းက ကိုယ့်ရဲ့သန့်ရှင်းတဲ့ပုံစံကိုပိုသဘောကျတယ်မလား "
ထိုယောကျာ်းကတယဥ်တကျေးအသုံးနဲ့ဝေ့ဝိုက်ပြောနေပေမဲ့ ရေချိုးချိန်တိုင်းမျက်တောင်မခတ်ကြည့်တတ်တဲ့မောင်မောင်းအကျင့်ကိုရည်ရွယ်နေမှန်းသဘောပေါက်တော့မောင်မောင်းရှက်သွားတယ် ။
"ကိုယ့်မယ်လည်းမျက်ကန်းဖြစ်လာတော့ ဒီအပူတွေကြား ကျန်တာကိုမတွေးမိဘူး ၊ မင်းနည်းနည်းလောက်စောရောက်ခဲ့ရင် ရှေ့တန်းကကိုယ့်ရဲ့ခံ့ညားတဲ့ပုံစံကိုပြနိုင်ဦးမှာ "
"ဟင်း... ချစ်ရတဲ့သူဆိုတာလည်းအဆိုးဆုံးအချိန်မှာပဲတွေ့တတ်ကြတယ်ဆိုတာသိပ်မှန်တာပဲ "
(စုတ်ပျက်စွာနေချိန်မှာသာ ဘဝဟောင်းမှအသိတွေအထိပြန်လည်တွေ့ဆုံရတတ်ပြီး ၊
အတောက်ပဆုံးပြင်ဆင်ထားချိန်မှာတော့တစ်ကမ္ဘာလုံး STAY HOME / LOCKDOWN ကျနေအံ့ )မောင်မောင်းသိပ်နားမလည်ပေမဲ့ထိုအရာက
လူသားတွေကြားကပျက်လုံးတစ်ခုလို့တွေးတောလိုက်တယ် ။ ထိုယောကျာ်းက သူ့ရဲ့ကိုယ်ပိုင်ရုပ်ရည်အပေါ်သည်လိုမာန်တက်နေမယ်လို့
မောင်မောင်းမထင်ထားခဲ့မိပေ ။"စာကိုမြင်ခဲ့ပြီးလောက်ပြီပေါ့ ၊ ကိုယ့်ကိုမဖယ်ခွာသွားသေးဘူးဆိုတာအပေါ် ကိုယ်အတွေးလွန်ခွင့်လေးများရှိမလား "
တယုတယနဲ့အသနားခံသလိုလေးမေးလာတော့ မောင်မောင်းပါးနှစ်ဖက်ပူဆွေးသွားတယ် ။ သူလူသားတစ်ယောက်မဖြစ်နေတာကံကောင်းတယ်လို့ဒီလိုအချိန်တွေဆိုအမြဲတွေးမိတယ် ။ မဟုတ်ရင် ပါးနီတာသိပ်သိသာသွားမှာပဲ။