မောင်းမောင်းနန်းတော်ထဲကလူတွေကိုအိပ်မွေ့ချပြီးတာနဲ့ စွမ်းအင်မသက်ရောက်ဘဲ ရပ်ကျန်နေခဲ့တဲ့ထိုယောကျာ်းကိုပြုံးကြည့်လိုက်တယ် ။ ထူးဆန်းတဲ့အငွေ့အသက်ကို ထိုယောကျာ်းက
အံ့သြနေပုံရပြီး သူ့စစ်သည်တွေအသံပြုလို့
အကြောင်းပြန်မှာကိုစောင့်စားနေလေရဲ့ ။"မောင်မင်းတို့? "
မောင်မောင်းပထဦးဆုံးအကြိမ်ထိုလူအနားကိုယ်ထည်အစစ်အမှန်နဲ့ရှိနေရတာမို့စိတ်လှုပ်ရှားလာတယ် ။သူကမာန်ဖီသံတိုးတိုးလေးနဲ့
ထိုယောကျာ်းကိုမချွဲမိအောင်မနည်းထိန်းချုပ်နေရတယ် ။ အကြားအာရုံကိုတော့ထပ်မဆုံးရှုံးစေချင်ဘူးလေ ။ နောက်ဆုံးမှာတော့ မောင်မောင်းအာရုံကိုစုစည်းလိုက်ပြီး နန်းမြို့စည်းရိုးရှေ့ကာရံထားတဲ့ တံတိုင်းလေးအပေါ်ထပ်ကိုခုန်ချလိုက်တယ် ။လှုပ်ရှားမှုကြောင့်
နန်းမြို့ရိုးအပေါ်ကြည့်လာတဲ့တစ်ဖက်စစ်သည်တွေဟာအမြင်အာရုံတွေကွယ်ပျောက်သွားခဲ့ရပြီးသွေးမျက်ရည်တို့ကြောင့်မျက်လုံးပင်မဖွင့်နိုင်ကြတော့ပေ ။ စနစ်တကျခင်းကျင်းထားတဲ့စစ်တန်းဟာဖရိုဖရဲဖြစ်ကာကမ္ဘာတွေပျက်သွားခဲ့ကြတယ် ။ မောင်မောင်းဟာလူသိန်းချီကိုမိုက်ရူးရဲဆန်စွာ အမြင်အာရုံကွယ်စေခဲ့ပြီ ။ သို့သော်ငြားလည်း စိုးရိမ်သောကမရှိလာဘဲထိုယောကျာ်းရဲ့ မျက်ဝန်းတွေအတွက်လျော်ကြေးအဖြစ်သတ်မှတ်ကာပျော်မြူးနေခဲ့တယ် ။ သူပြုံးနေပုံလေးက နတ်ဆိုးလေးတစ်ကောင်လိုပဲ ။ စစ်မြင်းတွေကြားသူပြေးလွှားပြီးအချိန်အတော်ကြာအောင် ရန်သူတပ်ကိုစနောက်နေခဲ့တယ် ။အရိုးအသားတွေအက်ကွဲပြီးပြာမှုန်ဖြစ်ကုန်တဲ့မြင်းတွေကြောင့်မျက်ကန်းဖြစ်နေရတဲ့ မျက်ကန်းတစ်သိုက်က အချင်းချင်းတိုးကျိတ်နင်းမိပြီး
ဒါဏ်ရာအပြည့်နဲ့ခြောက်ခြားကုန်ကြတယ် ။ မောင်မောင်းအားလုံးကိုသတ်ပစ်ချင်ပေမဲ့
သေကုန်ရင် ဘဝအကူးအခြားမှာ
ထိုစစ်သည်ဝိဥာဥ်တွေက မောင်မောင်းကိုတိုင်ကြားနိုင်လိမ့်မယ် ။ ချိတ်စည်းကိုဖျောက်ဖျက်ပြီး လူသားတွေကိုအန္တရာယ်ပေးမိတဲ့အတွက် မောင်မောင်းအပြစ်ဒါဏ်ခံရမှာကိုရှောင်လွှဲလို့မရပါဘူး ။ မောင်မောင်းဒါကိုကြောက်လန့်မနေပေမဲ့အခုတော့မဖြစ်သေးဘူး ။ သူ ထိုယောကျာ်းအနားမှာအဖော်ပြုပြီး နေချင်သေးတယ် ။ ဒါ့ကြောင့်လူမသေစေဖို့သူဂရုစိုက်ပါတယ် ။