-3-

1.5K 258 3
                                    

ရှောင်းမောင်မောင်း ထိုယောကျာ်းနဲ့တွေ့ဆုံခဲ့တဲ့နေရာရောက်တော့အရာရာကငြိမ်သက်တိတ်ဆိတ်လို့နေတယ် ။ ထိုယောကျာ်းရဲ့အငွေ့အသက် တစွန်းတစ်စတောင် မောင်မောင်းမခံစားရဘူး ။ မောင်မောင်းနေရာတစ်ဝိုက်ပတ်ရှာနေရင်း ခရီးတွေပေါက်လာလိုက်တာ လူသားတွေကျက်စားရာနယ်နမိတ်ရောက်လာတဲ့အထိပဲ ။ လူ့အငွေ့အသက်အပြည့်ရှိနေတဲ့လေထုကြောင့် မောင်မောင်းက စိတ်ဓာတ်ကျသွားပြီး
လှည့်ပြန်ဖို့တွေးလိုက်တော့တယ် ။ လူတွေအများကြီးရှိတဲ့နေရာအထိတော့သူမသွားချင်ဘူး ။

သူခြေလှမ်းများများမရောက်ခင်ဘဲရင်းနှီးနေတဲ့အငွေ့အသက်လေးရလိုက်ပြီး ဒါကထိုယောကျာ်းဆိုတာသူသိလိုက်တယ် ။ မောင်မောင်းရဲ့အပျော်စိတ်လေးကြောင့်အမြီးလေးယိမ်းသွားပြီးမှ လူသားတစ်ယောက်ကိုတွေ့ရရုံမျှဖြင့်ပျော်မြူးတတ်တဲ့စိတ်ကိုအံ့သြတကြီး ဖြစ်သွားရတယ် ။ မောင်မောင်းခေါင်းခါပြီးထိုစိတ်ကိုချုပ်ငြိမ်းစေလိုက်တယ် ။ ထိုယောကျာ်းကမောင်မောင်းကိုကျော်သွားပြီးလမ်းကိုပုဲမှန်လျှောက်နေတယ် ။

"မင်းပြန်လာပြီလား "

မောင်မောင်းအပျင်းကြောဆန့်ပြီး အမွှေးလေးတွေခါလိုက်တယ် ။ ဒါမောင်မောင်းအိမ်မှမဟုတ်ဘဲ ။ "ပြန်လာပြီလား" ဆိုတဲ့အမေးစကားက ရယ်စရာတော့ကောင်းတယ် ။ လမ်းကကြမ်းသထက်ကြမ်းလာတုန်း မောင်မောင်းနားရွက်တွေဆတ်ခနဲခါသွားပြီး ဖန်ဂေါ်လီမျက်ဝန်းကြည်လေးတွေကလည်းတောင်ထိပ်ပေါ်ဆတ်ခနဲရောက်သွားတယ် ။

ခြင်္သေ့စွယ်ချွန် ။
ပုံမှန်ခြင်္သေ့တွေထက်ပိုမိုသန်မာပြီး အမဲလိုက်ရည်ကောင်းတဲ့ ဒီဒေသခံသားရဲတစ်မျိုး ။
မောင်မောင်းကလူသားကိုစိတ်ပူသွားပေမဲ့သူလုပ်နိုင်တာ အများကြီးတော့ရှိမနေလေဘူး ။

မောင်မောင်းပူပန်နေတုန်းမှာပဲ ပြေးဆင်းလာတဲ့ခြင်္သေ့စွယ်ချွန်ကိုထိုယောကျာ်းက ဆီးကြိုပွေ့ဖက်လိုက်တယ် ။ ​ခြင်္သေ့လည်ဆံမွှေးတွေကိုခပ်ကြမ်းကြမ်းပွတ်ရင်း ဆော့ပေးနေတဲ့ထိုယောကျာ်းကို မောင်မောင်းဆက်မကြည့်တော့ဘဲအကြည့်လွှဲလိုက်တယ် ။ ထိုခြင်္သေ့အမွှေးတွေက မောင်မောင်းနဲ့အရောင်ဆင်တူလေးရှိပေမဲ့မောင်မောင်းအမွှေးတွေရဲ့နည်းနည်းလောက်တောင်မနူးညံ့နေပါဘူး ။ ဘာတွေများစိတ်ဝင်စားစရာကောင်းနေလို့လဲ ။ ထိုယောကျာ်းက သူ့တောင်းထဲပါလာတဲ့အထုပ်တစ်ထုပ်ကိုဖြည်ပြီး ခြင်္သေ့ကိုကျွေးနေတယ် ။ ထို့နောက်မှာတော့ ခြင်္သေ့အမဲလိုက်ရာတစ်လျှောက် ထိုယောကျာ်းကပေါ့ပေါ့ပါးပါးပြေးလိုက်နေတာတောတွင်းအတားအဆီးတွေဆိုတာဘယ်တုန်းကမှမရှိခဲ့သည့်အလား ။

-CAT-Where stories live. Discover now