မောင်မောင်းတစ်နေ့တာလုံး ထိုယောကျာ်းအနားမှာသာကုန်ဆုံးစေခဲ့တယ် ။ အများပြီးဂရုစိုက်ပေးနေပေမဲ့လည်းထိုယောကျာ်းကတော့ပျော်ရွှင်ဟန်မရှိလှပါချေ ။
"တစ်ခုခုများဖြစ်ခဲ့လို့လား? "
"ဟင်း... ဒီလိုအချိန်တွေဆိုဖြင့် ကိုယ့်မှာလမ်းပျောက်သလိုခံစားရတယ် ၊ ကိုယ့်အဆိုးရွားဆုံးအချိန်တိုင်းမင်းရောက်လာပေမဲ့ မင်းစိတ်ညှိုးနေရင်တောင် ကိုယ့်မယ်အကြောင်းပြချက်ကို
မရှာဖွေနိုင်ဘူး "မောင်မောင်းထိုယောကျာ်းရဲ့ရင်ခွင်ထဲအသာတိုးဝင်ပွတ်ခွေ့လိုက်ပြီး တင်းကုပ်နေတဲ့မျက်ခုံးကြောတွေပြေစေရန်အလို့ငှာစွမ်းဆောင်လိုက်တယ် ။ ထိုယောကျာ်းကတော့ စိတ်လျှော့လိုဟန်မရဘဲ အတွေးတွေများနေဆဲပါလေ ။
နောက်တစ်ရက်မှာတော့ မောင်မောင်းကအပြစ်ကြီးကြီးတစ်ခုကိုထပ်ကျူးလွန်ဖို့အသင့်ဖြစ်နေတယ် ။ သူ့မှာအပြစ်တွေအများကြီးရှိနေပြီးပြီပဲ ။ အပြစ်လေးတစ်ခုလောက်ထပ်လုပ်လိုက်ဖို့တွေဝေနေစရာမရှိပါဘူး ။
ဝိဥာဥ်အင်အားနည်းတဲ့ကလေးလေးတစ်ယောက်က စွန်လေးကိုကြိုးမှာတွဲရင်းပြေးလွှားဆော့နေတယ် ။ သိပ်မကြာခင်မှာပဲအော်ဟစ်ခုန်ပေါက်နေတဲ့ကလေးငယ်ဟာ တည်တံ့သိမ်မွေ့တဲ့မျက်နှာဖြစ်သွားပြီး လူငယ်တွေကို အခြေခံသိုင်းပညာသင်ကြားပေးနေတဲ့ ထိုယောကျာ်းရှိရာ
အိန္ဒြေရရလျှောက်သွားခဲ့တယ် ။"စကားပြောရအောင် "
ကလေးခန္ဓာကိုယ်ထဲဝင်ခိုနေတဲ့မောင်မောင်းက ထိုယောကျာ်းရဲ့တုံ့ပြန်မှုကိုစိတ်လှုပ်ရှားစွာစောင့်နေလိုက်တယ် ။ လူသားခန္ဓာထဲဝင်ရောက်ခိုလှုံခြင်းက နိမ့်ကျပြီးသူ့ကိုပူလောင်စေမဲ့
မောင်မောင်း နာကျင်ဒုက္ခကိုလျစ်လျူရှုထားတယ် ။"မင်း?
ဆွံ့အနေတဲ့ ထိုယောကျာ်းဟာအသက်ရှုသံပါရပ်သွားတာမို့မောင်မောင်းအသာထိလိုက်တယ် ။
မောင်မောင်းဆွဲခေါ်ရာနောက် အသိစိတ်မဲ့စွာလိုက်ပါလာတဲ့ထိုယောကျာ်းက တဲအိုလေးထဲရောက်တဲ့အထိ ပုံမှန်ဖြစ်မနေပါချေလေ ။