လူသားက တဲအိုလေးထဲမီးစာထွန်းထားရင်း သူ့တောင်းထဲက ဆေးဖက်ဝင်ကုန်ကြမ်းတွေကိုထုတ်ယူပြီးအသေအချာစီစဥ်နေတယ် ။ ထို့နောက်မှာတော့ ခပ်ထင်းထင်းမျက်ခုံးတွေကိုကျုံ့ထားပြီး ရှောင်းမောင်မောင်းရှိနေတဲ့ဘက်ကိုဝေ့ဝဲကြည့်လာတယ် ။ ဘာကိုမှမမြင်ရတဲ့အလျောက်သက်ပြင်းချပြီး သူ့အလုပ်ဆက်လုပ်နေပါတယ် ။ ပစ္စည်းတွေကိုသေချာလေးထုပ်ပိုးပြီးတဲ့အခါ ထိုယောကျာ်းက အပေါ်ဝတ်တွေကိုချွတ်လိုက်တယ် ။ ကျောက်စိမ်းနဲ့ထုထားသလိုကြွရွလှပတဲ့ ခန္ဓာကိုယ်ဟာ တဲရဲ့မြင့်မားတဲ့အမိုးနှင့်ပင်ထိလုမတတ် ။ ရှောင်မောင်မောင်းဟာလူသား ခန္ဓာဗေဒနဲ့အကျွမ်းတဝင်မရှိလှပေမဲ့မသိစိတ်ရဲ့ ရှက်စနိုးဖြစ်မှုကြောင့်အကြည့်အသာလွှဲထားလိုက်တယ် ။ ဒါပေမဲ့သူကြာကြာမနေနိုင်ဘူး ။ ရှောင်မောင်မောင်းထွက်လိုက်လာတဲ့အချိန်
ထိုယောကျာ်းက အေးစက်နေတဲ့ရေတွေကိုခေါင်းကလောင်းချပြီး သန့်ရှင်းအမှုပြုနေပြီ ။ ဆံနွယ်ရှည်တွေက ညအမှောင်ထက်တောင်ပိုလို့နက်စွေးနေလေတယ် ။ ရှောင်းမောင်မောင်းလည်း
အကြည့်မလွှဲဘဲ အမွှေးလေးတွေကိုလျှာနဲ့လျက်လိုက်တယ် ။ ခါးစည်းအဝတ်ပါးပါးအောက်က အမျိုးသားမျိုးပွားအင်္ဂါရဲ့ပုံရိပ်ကြွမှုကိုမြင်ပြီးတဲ့နောက်နှစ်လောကရဲ့ ဖြစ်တည်ပုံမတူတာကိုသူသတိရသွားတယ် ။ ထိုယောကျာ်းက အချိန်အတော်ကြာရေချိုးပြီးတဲ့နောက်မှာ တဲပေါ်တက်သွားပြီးကိုယ်ကိုခြောက်သွေ့အောင် သန့်စင်နေတယ် ။ရေစို အဝတ်ပါးပါးကိုချွတ်ချလိုက်တာမို့ရှောင်းမောင်မောင်းအတွက် အရာရာကအသေးစိတ်ပြတ်သားနေတယ် ။ ထိုလူသားကအနက်ရောင်ဝတ်စုံကိုပြန်ဝတ်လိုက်ပြီးနောက် စိုနေသေးပုံရတဲ့ဆံနွယ်တွေကို ဖြန့်ထားရင်းလှဲလျောင်းအိပ်စက်လိုက်တယ် ။"မင်းဘယ်သူလည်းမသိပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေကြရအောင် "
ထိုစကားသံတိုးတိုးလေးပြောပြီးတာနဲ့ လူသားကအသက်ရှုသံပုံမှန်လေးနဲ့အိပ်စက်သွားတော့တယ် ။ ရှောင်းမောင်မောင်းထိုလူကို စေ့စေ့စပ်စပ်ပတ်ကြည့်ပြီး တဲကိုလည်းလိုက်စပ်စုခဲ့သေးတယ် ။ နောက်ဆုံးမှာတော့သူပြန်သင့်ချိန်ရောက်ပြီမို့ ထိုယောကျာ်းကိုခဏလောက်ထပ်ကြည့်ပြီးမှ ထွက်လာခဲ့တော့တယ် ။