တောမြေတောင်တန်းတွေအနီးဆောက်တည်ထားလေတဲ့ ကွန်းခိုရာတွေကတော့အသင့်ဖြစ်နေခဲ့ပြီ။
စိုက်ပျိုးမွေးမြူရေးနှင့်အခြေခံလိုအပ်ချက်တွေပြည့်ဝတဲ့အခါ ကလေးငယ်တွေအတွက်နန်းမဲ့အိမ်ရှေ့စံက ပညာရေးစတင်ထူမတ်ပေးတော့တယ် ။ထိုယောကျာ်းရဲ့ အလုပ်တာဝန်တွေပြီးတာနဲ့မောင်မောင်းတုတ်ကောက်လေးထဲဝင်ပူးလိုက်တယ် ။ ထိုယောကျာ်းက တုတ်ကောက်လေး
မောင်မောင်းကိုအသာကိုင်ပြီး ကွန်းခိုရာနှင့်အတော်လှမ်းတဲ့ သူ့အပိုင်တဲအိုပျက်လေးဆီ
ခရီးဆက်ခဲ့တယ် ။ မွန်းတည့်ချိန်မှာသူတို့ထွက်လာခဲ့လျှင်ညနေစောင်းပိုင်းမှာတော့ လူသူမဲ့နယ်မြေလေးဆီရောက်နိုင်ပါတယ် ။ ထိုယောကျာ်းက ရနံ့နှင့်ပင်ဆေးပင်တွေကိုခွဲခြမ်းစိတ်ဖြာပြီးဆေးလုံးအချို့ဖော်နေခဲ့တယ် ။
လူသားသက်တော်အရဆိုဖြင့်ထိုယောကျာ်းက သုံးဆယ်နီးပါးကပ်နေပြီ ။ ရိတ်သင်ထားတဲ့
မုတ်ဆိတ်အချို့က ခပ်ပါးပါးပြန်ထွက်လို့နေပြီ ။"ကိုယ် မင်းအတွက်ကဗျာလေးတစ်ပုဒ်ရေးထားတယ် "
"မင်း... ကဗျာတွေကိုမှသဘောကျရဲ့လား "
တုတ်ကောက်လေးမောင်မောင်းက တဲအိုတစ် ပတ်ကိုတဒေါက်ဒေါက်ခုန်ပေါက်နေရာကနေ
ရပ်လိုက်ပြီး ထိုယောကျာ်းရေးသီထားတဲ့ကဗျာကိုဖတ်နိုင်ဖို့ နွေးထွေးတဲ့ရင်ခွင်ထဲခိုလှုံလိုက်တယ် ။ယောကျာ်းပျိုရဲ့ လေယူလေသိမ်းမှန်မှန်နှင့်ချစ်ခြင်းအပြည့်ပျော်ဝင်လေသော ကဗျာရွတ်ဖတ်သံက တိတ်ဆိတ်တဲ့နယ်မြေလေးထဲ အေးအေးချမ်းချမ်းပျံ့လွင့်နေတယ် ။ မနီးမဝေးတောင်စပ်မှာတော့ ခြင်္သေ့စွယ်ချွန်ဟာ လှဲလျောင်းရင်းထိုအသံကိုနားစွင့်လျက် ။
မုန်တိုင်းမလာခင်လေပြည်သွေးတတ်တယ်ဆိုတဲ့အတိုင်း နေ့စဥ်အေးချမ်းနေခဲ့ရတဲ့ကာလလေးတွေဟာ သိပ်မခံရစ်လိုက်ပါပေ ။
တစ်ဖက်ကျိန်စာသင့်စစ်သည်တစ်အုပ်ဟာ ဒုက္ခိတစစ်သည်ဖြစ်သွားတဲ့အလျောက်အမှုထမ်းဆောင်ခွင့်မရတော့သလို ၊ နောက်ခံမိသားစုမရှိလေတဲ့စစ်သည်တွေက ဆင်းရဲဒုက္ခလုံးစုံခံခဲ့ရတယ် ။ အချို့ကအိမ်ခြေယာမဲ့အဖြစ်ဆက်လက်ကြိုးစားရုန်းကန်နေပေမဲ့ အဆုံးစီရင်သွားခဲ့သူတွေလည်းဒုနှင့်ဒေး ။ အချို့ကတော့ ဆင်းရဲဒုက္ခတွေရဲ့ဒါဏ်ကြောင့် ခပ်မြန်မြန်ပဲနေဝင်သွားရတော့တယ် ။
![](https://img.wattpad.com/cover/322477463-288-k779405.jpg)