မောင်မောင်းဟာမအိပ်စဖူးအိပ်စက်ခြင်းဆိုတာကိုပြုမူခဲ့ပြီးနောက် နိုးထလာခဲ့တယ် ။ လွန်ခဲ့တဲ့ညမှာထိုယောကျာ်းက သြရှတဲ့လေသံတိုးတိုးနဲ့ သူ့ကိုတေးသံသီဆိုပြခဲ့တယ် ။ ပထမဆုံးအကြိမ်ထိုယောကျာ်းသီချင်းသီဆိုသံကိုကြားဖူးတာမို့ပြန်တွေးလိုက်ရုံနဲ့တင်မောင်မောင်းပူနွေးလာတယ် ။ သူ့မျက်ဝန်းတွေဖွင့်လိုက်တာနဲ့ ဝတ်ရုံနက်ဟာလျော့ရဲရဲပွင့်ဟနေပြီး ထိုအကြားမှ အနာရွတ်ပါးပါးတွေပြည့်နေတဲ့ ထိုယောကျာ်းရဲ့ရင်အုပ်ကျယ်ကိုတွေ့လိုက်ရတယ် ။ မောင်မောင်းမျက်လွှာချလိုက်တယ် ။
မျက်နှာတွေပူလိုက်တာဖြင့် ။
မောင်မောင်းဝိဥာဥ်ပြန်မထွက်ဘဲ ထပြေးတော့အိပ်ယာထဲပြန်လည်ဆွဲဖိခံလိုက်ရတယ် ။
မောင်မောင်းဟာ ပထမဦးဆုံးအကြိမ်အိပ်ပြီးနောက်စိတ်တွေထွေပြားခဲ့သည်လား ၊ အချစ်ရူးလေးမို့ချွဲချင်မိသည်လားမသိစွာ ထိုလက်မောင်းတွေကြားမလွတ်မြောက်နိုင်သလိုရုန်းကန်နေခဲ့တယ် ။ ထိုယောကျာ်းကအချိုမြိန်ဆုံးရယ်ပြီး မျက်နှာကိုတိုးကပ်လာတယ် ။"ကိုယ် နမ်းခွင့်ရမလား"
မောင်မောင်းငြိမ်ကျသွားတယ် ။ ထိုယောကျာ်းကဆက်မတိုးလာတော့မောင်မောင်းပဲအရှေ့တိုးသွားပြီးအနမ်းခံဖို့စောင့်နေလိုက်တယ် ။
"မမြင်ရတဲ့ကြောင်ကလေးကိုချစ်မိပြီး ၊ ဝိဥာဥ်ပူးနေတဲ့ဖက်လုံးငယ်ကိုနမ်းနေပြန်တယ် ကိုယ်တော့ရာဇဝင်တွင်မဲ့အချစ်ရူးဖြစ်ပြီထင်ပါရဲ့ "
ကျီဆယ်နေဟန်လေးနဲ့ ကိုယ့်ကိုယ်ကိုယ်ဝေဖန်နေတဲ့ ထိုယောကျာ်းကိုမောင်မောင်းသဘော
တကျရယ်လိုက်တယ် ။ သူတို့တွေအိပ်ယာထဲကနေအချိန်တော်ကြာမထွက်နိုင်ဘဲထွေရာလေးပါးပြောဆိုနေခဲ့ကြတယ် ။ အင်း ထိုယောကျာ်းပဲဒိုင်ခံပြောနေရတာဆိုပေမဲ့လည်း ဒါကစကားဝိုင်းလေးပါပဲ ။ရာသီအလီလီကုန်ဆုံးပြီးနောက် တောနက်ထဲပြည်ပျက်မျိုးနွယ်စုလေးဟာ ရွာအသေးစားလေးထောင်ထားနိုင်ခဲ့တယ် ။ လူတိုင်းကအခြေခံလိုအပ်ချက်အတွက်အလုပ်လုပ်ကိုင်နေကြတယ် ။ ကံဆိုးစွာနဲ့လယ်သမားတွေနေထိုင်ရာရွာဖျားလေးတွေအကုန်လုံးက နန်းမြို့တော်ရဲ့အစွန်အဖျားမှာရှိတာမို့ စစ်ပွဲကာလဦးအတွင်း ရန်သူစစ်သည်တွေဝင်ရောက်လာချိန်မှာပဲအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံလိုက်ရတယ် ။ ကျန်ရစ်သူများထဲတောင်သူလယ်သမားမပါဝင်တာမို့ ထိုယောကျာ်းကသာစိုက်ပျိုးရေးအတွက်စီမံလေ့လာရတယ် ။ အကျအရှုံးများစွာရှိပေမဲ့ ထိုယောကျာ်းကအလျော့မပေးဘဲ ဆက်လက်ကြိုးစားတယ် ။