မောင်မောင်းရှက်နေတုန်းထိုယောကျာ်းကအထင်လွဲသွားပြီး သူ့ကိုလက်မခံဟုထင်ကာ
ရှက်ရယ်ရယ်နေတယ် ။"ကိုယ်တောင်းပန်ပါတယ် "
ထိုသန်မာတဲ့လက်တွေမရုတ်သိမ်းသွားခင်
မောင်မောင်း အမြန်ပစ်ဝင်လိုက်တယ် ။ ထိုယောကျာ်းက ခဏတာအသက်ရှုရပ်သွားပြီး
တုန်ရီတိုးရှတဲ့ လေသံနဲ့မေးလာခဲ့တယ် ။"မင်း ကိုယ့်ရင်ခွင်ထဲရှိနေသလား? "
"ရှိနေမယ်လို့ကိုယ်ခံစားရတယ် "
"ပွေ့ဖက်ချင်လိုက်တာမင်းရယ် "
မောင်မောင်းဝမ်းနည်းစွာနဲ့မော့ကြည့်တော့ ယောကျာ်းဆန်တဲ့မေးရိုးနဲ့သူ့နှာလုံးလေးဟာထိခတ်သွားတယ် ။ စစ်သည်တွေနိုးထလာချိန်မှာတော့အရာရာကိုအိပ်မက်အလားတွေဝေနေကြတယ် ။
"လက်နက်တွေမှာအိပ်ငွေ့ချတဲ့
ဆေးရည်ပါနေပုံပဲ ကြောက်စရာကောင်းလွန်းတယ် "စစ်သည်တစ်ယောက်ကထင်မြင်ချက်ပေးတယ်။
အိပ်ငွေ့ချခဲ့တဲ့ တရားခံအစစ်အမှန်လေးရှောင်းမောင်မောင်း -
ထိုယောကျာ်းကပြုံးပြီး လက်ရှိအခြေအနေကိုစစ်ဆေးခိုင်းလိုက်တယ် ။ စစ်သည်တွေကနန်းတော်ပြင်ပဘက်က မြင်ကွင်းကိုကြည့်ပြီးအိပ်မောကျနေဆဲလား ၊ သေလွန်ပြီးစိတ်ကူးယဥ်နေမိသလားမခွဲခြားတတ်ကြတော့ ။
သိန်းချီတဲ့စစ်သည်တန်းကြီးဟာ ဒယိမ်းဒယိုင်
ဖြင့် ခက်ခက်ခဲခဲဆုတ်ခွာနေကြတယ် ။ ဒါက
အိပ်မက်တောင်မမက်နိုင်တဲ့ ပုံရိပ်တစ်ခုပဲလေ ။
သူတို့အိပ်ပျော်သွားခဲ့တာနဲ့ သိန်းချီတဲ့စစ်တပ်ကြီးက အားလျော့ပြန်သွားခဲ့ကြတာလား? ။ စစ်တောင်မတိုက်ရသေးဘဲ ဒယီးဒယိုင်တွေလည်းဖြစ်နေကြတယ်? ။သူတို့အံအားသင့်နေရာကနေ နားမလည်နိုင်စွာဆွေးနွေးကြတော့တယ် ။ ထိုယောကျာ်းက ဆွေးနွေးနေကြတဲ့ မေးခွန်းတွေကိုနားထောင်ပြီးတဲ့နောက် မောင်မောင်းဘက်ရှိရာဝေ့ဝဲကြည့်လာတယ် ။ ထို့နောက်ချောင်းအသာဟန့်လို့ သူ့လူတွေကိုထိန်းချုပ်လိုက်တယ် ။
"လက်နက်တွေမှာအိပ်မွေ့ချတဲ့ဆေးရည်
ပါနေတယ်ဆိုတော့ ၊ သူတို့ဘက်မှာလည်းပစ်ခတ်ရင်း မတော်တဆဖြစ်သွားနိုင်တာပါပဲ ၊ ဒီည
ကင်းစောင့်မဲ့သူတွေဆက်စောင့်ပြီး အခြေအနေတစ်ခုခုမထူးခြားခင်နောက်အစီအစဥ်တစ်ခုကိုစတင်မယ် "