-16-

986 179 1
                                    

"ကိုယ့်ကိုအဖော်ပြုလမ်းပြပေးမလား? "

ထိုယောကျာ်းဆီမှတောင်းဆိုချက်ကိုမောင်မောင်းလက်ခံလိုက်တယ် ။ အန္တရာယ်များတဲ့အမှောင်ထုကိုမထိတ်လန့်စွာဘဲ အမှောင်ထုထဲမှာပဲစွန့်ပစ်နယ်မြေအထိသူတို့သွားခဲ့ကြတယ် ။

အိမ်ရှေ့စံက မိဘနှစ်ပါးရဲ့ ပြာမှုန့်အိုးတွေကို
တဲအိုအနီးက အပင်ကြီးတွေအောက်မြှုပ်နှံရင်း ကမ္မည်းပြားအသာစိုက်လို့ ကန်တော့လိုက်တယ် ။ မရောက်ဖြစ်တာအချိန်အတော်ကြာခဲ့ပြီဖြစ်တဲ့တဲအိုလေးက ဆွေးမြည့်တဲ့အနံ့အသက်လေးတွေဝေ့ဝဲနေတယ် ။ သူ့အနီးအနားမှာ ငြိမ်သက်နေတဲ့ဝိဥာဥ်လေးရှိနေသေးတာကိုသူထင်ထင်ရှားရှားခံစားမိနေတာကြောင့် အဝတ်စစည်းနှောင်ထားရတဲ့ မျက်ဝန်းတွေကိုအသာအယာပွတ်ပြီးပြုံးလိုက်တယ် ။

သူမျက်လုံးတွေထိခိုက်ရသည်အထိ အသိမဲ့ပေါ့လျော့မိခဲ့ရသည့်အကြောင်းအရင်းအမှန်ကိုတော့သူလေးကိုထာဝရပြောပြမှာမဟုတ်ဘူး ။
သူလေးစိတ်မသက်မသာမဖြစ်စေဖို့ရာ အဖြူစင်ဆုံးမုသာဝါဒတစ်ခုကို တစ်ကြိမ်သာသုံးခဲ့တယ် ။
ဒါကအတော်လေးထိုက်တန်နေပြီဆိုတာလည်းသူယုံကြည်တယ်လေ ။

မောင်မောင်းအရိုးပြာမြှုပ်နှံထားတဲ့နေရာကိုငေးနေရာကနေ တဲအိုထဲပြန်ဝင်လာခဲ့တယ် ။ ဘုရင်မရဲ့ဘုန်းကံကမြင့်လွန်းတာကြောင့်သူရှာဖွေလို့မရပေမဲ့ ၊ နောက်တစ်ယောက်ကတော့ ပြုခဲ့မိတဲ့အပြစ်တွေကြောင့် ဒုက္ခဆင်းရဲ
ဖြင့်ညှဥ်းပန်းခြင်းဝဋ်ကြွေးကိုအချိန်တော်တော်ကြာအောင်ဆပ်ရပေဦးမည် ။

ထိုဘုရင်ကစက်ဆုပ်ဖွယ်ရာကောင်းပေမဲ့ လောဘ၊ ဒေါသ၊ မာနဆိုတဲ့ စိတ်ဝမ်းမည်းတွေသာအပြစ်ရှိခဲ့တာ ။ ဒါတောင်သည်မျှပေးဆပ်ရပါလျင်လူအစုလိုက်အပြုံလိုက်ကို ပျော်ပျော်ပါးပါးသတ်ဖြတ်ဖို့အထိတွေးခဲ့မိတဲ့မောင်မောင်းဆိုရင်တော့ဖြင့်... ။ မောင်မောင်းထိုယောကျာ်းနားကိုဝေ့ပတ်နေရင်းထိုယောကျာ်း ရင်ခွင်ထဲတိုးဝင်လှဲလိုက်တယ် ။

"ကိုယ့်သေတ္တာလေးထဲကြည့်ပါဦး "

အဖုံးမပါဝင်တဲ့ သေတ္တာငယ်ထဲ များစွာသော သစ်ထွင်းရုပ်ထုလေးတွေကိုတွေ့လိုက်ရတယ် ။

"မင်းဒီတစ်ခေါက်ထွက်မသွားခင်ထဲက ​ပြန်လာတာက ကျဲပါးလာတယ်လေ ၊ အဲ့ကာလတွေမှာကိုယ်မင်းကိုဘယ်လိုအလေးထားရမယ်ဆိုတာတကယ်မသိဘူး ၊ ကိုယ်မှားယွင်းတာတစ်ခုခုလုပ်မိပြီး မင်းကိုဆုံးရှုံးရမှာလည်းကြောက်လာမိတယ် "

"အဲ့ဒါကြောင့် ကိုယ်တူးစရာဆေးပင်မရှိလည်းမင်းကိုပဲတိတ်တိတ်လေးစောင့်နေခဲ့တယ် ၊ တကယ်တော့ အဲ့ဒါကကြာပါပြီ မင်းကိုမသိမသာမျှော်လင့်နေမိတာ "

"ပထမဆုံးအကြိမ်အကြာကြီးထားခဲ့ခံရတဲ့နောက်ပိုင်းကိုယ်ပိုသိလာတယ် မင်းကိုဘယ်လောက်သံယောစဥ်တွယ်နေခဲ့သလဲဆိုတာပေါ့  ၊ ဘုန်းတော်ကြီးကိုအရဲစွန့်ပြီးကိုယ်
မေးကြည့်တော့ မင်းတို့လောကမှာနှစ်တစ်ထောင်ဆိုတာ လူ့ပြည်ရဲ့သင်ရိုးတစ်ညက်စာလောက်တောင်အရေးမပါတဲ့ကာလတဲ့ "

"အမှန်အတိုင်းပြောရရင်ကိုယ်ကြောက်တယ် ၊ မင်းရောက်မလာခင်က ကိုယ်ဒီမှာအများဆုံးနေလည်းဆယ်ရက်တာလောက်ပဲ ၊ နောက်ပိုင်းကျတော့ကိုယ်ဘုန်းတော်ကြီးဆီမှာလည်း တရားမလေ့လာသလို သမားတော်ကြီးဆီမှာလည်းဆေးပညာမဆည်းပူးနိုင်တော့ဘူး "

"ကိုယ်မင်းကိုပဲစောင့်ဆိုင်းနေချင်ခဲ့တယ် ၊
အဲ့ဒါက တစ်ခါတလေတော့နာကျင်ရပေမဲ့ ပတ်ဝန်းကျင်ကိုအာရုံစိုက်ထားပြီးမင်းအငွေ့အသက်လေးပေါ်လာမဲ့အချိန်ကိုမျှော်လင့်နေရတာကသိပ်ကြည်နူးဖို့ကောင်းတယ် "

"မင်းသဘောကျတဲ့ဆာကူရာပင်တွေထွက်းနေရတာ ကိုယ့်စိတ်ကိုနည်းနည်းတည်ငြိမ်စေတယ် ၊ ကိုယ့်အတွက်တော့မင်းမရှိတဲ့တစ်ရက်တာကသိပ်ကြာလွန်းတယ်လေ "

"ဘုန်းတော်ကြီးကကိုယ့်စွဲလန်းစိတ်ကိုပျက်စေချင်ပေမဲ့ နောက်ဆုံးမှာတော့ မှတ်တမ်းတွေပါလေ့လာခွင့်ပေးသွားခဲ့တယ်လေ "

ထိုယောကျာ်းက နှမျောတသဖြစ်စွာနဲ့စကားရပ်လိုက်တယ် ။ သူအခုတော့ဆက်မလေ့လာနိုင်တော့ပါဘူး ။ အခြားသူတွေကို အကူအညီတောင်းခွင့်လည်းသူ့မှာမရှိတာမို့ အချိန်တစ်ခုရောက်တဲ့အထိမရေရာတဲ့မျှော်လင့်ချက်နဲ့ အားတင်းထားရဦးမယ် ။

မောင်မောင်းကနားရွပ်လေးတဖျတ်ဖျတ်ခတ်နေရင်း ထိုယောကျာ်းတစ်ခုခုဖုံးကွယ်ထားတယ်လို့ထင်နေမိတယ် ။ ထိုယောကျာ်းက စိတ်လျှေယ့ချလိုက်ပုံနှင့်မောင်မောင်းရှိမဲ့နေရာကိုမှန်းဆလို့အသာအယာချော့ပုတ်ကာ မျက်ဝန်းတွေမှေးမှိတ်သွားတယ် ။မောင်မောင်းလည်းအပြစ်ကြီးကြီးလုပ်ထားတဲ့အတွက် နတ်နန်းကိုပြန်ရဦးမယ် ။
မောင်မောင်းထလိုက်တော့ထိုယောကျာ်းကမျက်ဝန်းတွေပြန်လည်ဖွင့်လာပြီးအသာအယာတိုးလျိုးတောင်းပန်ခဲ့တယ် ။

"ကိုယ်နဲ့ပိုနေပေးလို့မရနိုင်ဘူးလား မင်းရဲ့? "

-CAT-Where stories live. Discover now