-8-

1.3K 247 5
                                    

ရှောင်းမောင်မောင်းက တိတ်တဆိတ်နဲ့
ထိုယောကျာ်းအရိပ်အကဲကိုကြည့်နေတယ် ။
ရှောင်းမောင်မောင်းထင်ထားတာက ထိုယောကျာ်းကလည်းနတ်ဘုရင်ပြောပြလေ့ရှိတဲ့ မောင်မောင်းယခင်ဘဝကလိုအပယ်ခံမင်းသားငယ်လေးတစ်ပါးလို့ပေါ့ ။ ဒါပေမဲ့မောင်မောင်းထင်တာမှားသွားခဲ့တယ် ။ ထိုယောကျာ်းကရှောင်းမောင်မောင်းနဲ့ဆန့်ကျင်ဘက်နန်းတော်ရဲ့အရေးပါအရာရောက်သူဖြစ်တယ် ။ လူတိုင်းကသူ့အပေါ် စိတ်ဝင်စားပြီးအလေးထားကြရတယ်။

သည်တိုင်းပြည်ဟာဘုရင်မတစ်ပါးရဲ့သြဇာသက်ညောင်းခဲ့ပြီး တော်ဝင်မျိုးဆက်ရဲ့အရှိန်အဝါပိုမိုကြီးထွားလာစေဖို့ ချမ်းသာတဲ့ကုန်သည်မျိုးနွယ်စုရဲ့သားတော်တစ်ပါးနဲ့ထိမ်းမြားကာ အိမ်ရှေ့စံဝမ်ကိုဖွားမြင်ခဲ့တယ် ။ ဖခင်ဖြစ်သူက ယောကျာ်းသားဖြစ်သည့်အလျောက် သူ့ထက်အာဏာကြွယ်ဝထက်မြက်တဲ့ ဘုရင်မကို
မည်သည့်အခါကမျှမနှစ်မျို့ခဲ့ ။ ဘုရင်မနှင့် လက်ရှိဘုရင်ရဲ့အိမ်ထောင်ရေးက အရင်းရှင်သူကြွယ်မျိုးဆက်နဲ့အင်ပါယာမျိုးဆက်ရဲ့ အကျိုးတူပူးပေါင်းမှုအ​ပြင်မပိုခဲ့ပေ။
အိမ်ရှေ့စံငယ်ဖွားမြင်လာတော့ ဘုရင်မက
ကြံ့ခိုင်တဲ့နန်းသွေးဆက်ဖြစ်အောင်ပြုစုပျိုးထောင်ခဲ့တယ် ။ ထုံးတမ်းစဥ်လာအရ ဘုရင်မသေဆုံးခဲ့လျှင်ထီးနန်းအရိုက်အရာလွှဲပြောင်းရမည့်သူဟာ ခင်ပွန်းသည်သာလျင်ဖြစ်တယ် ။ အာဏာအပြည့်ရရှိထားပါလျက် ၊ မိန်းမဝါဝန်အောက်ခိုတွဲနေရုံ အပြင်လူအဖြစ်ဆက်ဆံခံလာရတဲ့နောက် လက်ရှိဘုရင်ဟာ ငယ်ရွယ်သေးတဲ့သားတော်အပေါ်ပါမနှစ်မျို့ဖြစ်လာခဲ့တယ် ။

ဘုရင်မရဲ့ ကုသမရနိုင်တဲ့ရောဂါကြောင့် ကံတော်ကုန်တော့ မင်းသားလေးကသိပ်ငယ်ရွယ်လွန်းတာမို့ လက်ရှိဘုရင်ကသာ ထီးနန်းလွှဲပြောင်းယူခဲ့ရတယ် ။ မင်းညီမင်းသားတွေအတွက်
သက်တော်ရှစ်နှစ်ပြည့်မှအတည်တကျ
ကမည်းတင်ရတဲ့ဓလေ့ကျင့်သုံးကြသည်နှင့်အညီ မင်းသားငယ်ကို ဘုရင်မကအမည်ပင်မပေးခဲ့​နိုင်ပေ ။ လက်ရှိဘုရင်ဖြစ်သူကတော့လျစ်လျုရှုကြောင်းပြသည့်အနေနှင့်အမည်ကင်ပွန်းပေးဖို့မကြိုးစားခဲ့ ။ အမတ်တွေဖိအားပေးမှသာ ကြုံရာကျပန်းအပျိုတော်ပေးတဲ့နံမည်ကိုရွေးချယ်လာတဲ့ဘုရင်ကြောင့် အမတ်တွေကစိတ်ပျက်ခဲ့ရတယ် ။ ဖခင်ဆီမှာကင်ပွန်းတပ်ဘွဲ့ပေးလာတာကြောင့် ပျော်ရွှင်နေခဲ့တဲ့မင်းသားငယ်လေးဟာ ထိုအကြောင်းအရာကိုသိသွားပြီးနောက် ထိုအမည်ကိုလက်မခံဘဲလျစ်လျူရှုခဲ့တယ် ။ သူ့အတွက်တော့ မယ်မယ်နဲ့သက်ဆိုင်တဲ့ ဝမ်မင်းဆက်မျိုးရိုးကိုသာ နာမ်စားဖြစ်စေခဲ့တယ် ။

-CAT-Where stories live. Discover now