တဲအိုလေးမှာ မီးစာရောင်ဟပ်နေတာမြင်တော့ပြေးလွှားလာတဲ့ရှောင်းမောင်မောင်းရပ်တန့်လိုက်တယ် ။ သူရှိနေခဲ့တာပဲ ။ အမျိုးအမည်မသိတဲ့ခပ်နွေးနွေးခံစားချက်လေးကသူ့ရင်ထဲဖတ်ပြေးသွားခဲ့တယ် ။ တဲအိုထဲ တဲနံရံကိုမှီရင်း သစ်သားထွင်းနေတဲ့ ထိုယောကျာ်းကဆံနွယ်တွေကိုလျော့တိလျော့ရဲစည်းနှောင်ထားတယ် ။ လွန်ခဲ့တဲ့နှစ်တွေကထက်ရင့်ကျက်လာပုံရတဲ့မျက်နှာထားဟာ မေးရိုး၊နှာတံခပ်ထင်းထင်းနဲ့ အမျိုးကောင်းသားကြန်အင်အပြည့်ရှိနေခဲ့ပြီ ။ အနက်ရောင်ဝတ်ရုံကြောင့်ဖွေးဆွတ်ပါတဲ့အသားအရည်ဟာပိုမိုတောက်ပလို့ ။
မောင်မောင်းတဲအိုထဲဝင်လာတော့
ထိုယောကျာ်းရဲ့ဓားတိုကိုရွှေ့နေတဲ့လက်တွေက ရပ်တန့်သွားတယ် ။"မင်းပြန်လာပြီလား "
ထိုယောကျာ်းက နူးနူးညံ့ညံ့ပြုံးရင်းမေးတယ် ။
ဒါပထမဦးဆုံးအကြိမ် ရှောင်းမောင်မောင်းရှေ့မှာ ထိုယောကျာ်းပြုံးဖူးတာဖြစ်တယ် ။"ဒီသုံးနှစ်လုံး မင်းဘယ်ရောက်နေခဲ့တာလဲ "
ရှောင်းမောင်မောင်းထိုယောကျာ်းဘေးနားမှာအသာခွေအိပ်လိုက်ရင်း မီးစာရောင်ဟပ်နေတဲ့မျက်နှာချောချောကိုမော့ကြည့်လိုက်တယ် ။
"ဘာပဲဖြစ်ဖြစ်ပြန်လာတာဝမ်းသာပါတယ် "
ထိုယောကျာ်းက သစ်သားကိုဆက်ထွင်းနေရင်းခပ်တိုးတိုးဆိုတယ် ။
"တစ်ယောက်ထဲနေရတာ ကျင့်သားရနေပေမဲ့ အနားမှာမင်းရှိနေတော့လည်း တစ်မျိုးတမည်ခံစားလို့ကောင်းတယ် "
ထိုစကားဆုံးတော့အချိန်အတော်ကြာသည်အထိ စကားထပ်မဆိုတော့ဘဲသစ်သားရုပ်လေးပုံပေါ်လာတဲ့အထိထိုအမျိုးသားက ဆက်ထွင်းနေခဲ့တယ် ။
"မင်း ဆာကူရာပင်တွေကိုသဘောကျတယ်မလား "
ဆာကူရာပင်စည်အထက် ကိုင်းခွဲကွေးကွေးကုပ်ကုပ်လေးတွေနဲ့ ဆာကူရာပင်အိုပုံက သိပ်အသက်ဝင်လွန်းတယ် ။
"ကိုယ့်မျိုးရိုးကဝမ် ၊ နံမည်ပေးမဲ့သူကခပ်စောစောခွဲခွာသွားလို့နံမည်တော့မရှိဘူး "