လူသားယောကျာ်းပျိုက သူထုပ်ပိုးလာတဲ့ဆေးဖက်ဝင်ရှားပါးပစ္စည်းတွေကိုဆေးဆိုင်တကာမှာလှည့်လည်သွင်းပြီးနောက်ခမ်းနားတဲ့ နေရာတစ်ခုဆီဦးတည်သွားခဲ့တယ် ။ ဆေးပညာအကြောင်းအရာတွေဆွေးနွေးနေတဲ့ပုံစံက လေးလေးနက်နက်ရှိလွန်းပြီးမောင်မောင်းကြည့်ရတာသဘောကျတယ် ။ ကြာကန်ထဲက ရွှေငါးကြင်းတွေကိုအစာအချို့ကျွေးပြီးနောက် ကြာကန်ထိပ်ကနားနေဆောင်မှာလေညှင်းအသာခံလို့
ထိုယောကျာ်းက ဖျော့တော့စွာပြုံးပါတယ် ။"ဒါ ကိုယ်နေတဲ့နေရာ "
ရှောင်းမောင်မောင်းက ပတ်ဝန်းကျင်ကိုအသာ
လှည့်ကြည့်လိုက်တယ် ။"အိမ်လို့ခေါ်ကြသလား ကိုယ်မသိပေမဲ့ ကိုယ့်အတွက်တော့ခဏတာ တာဝန်အရပြန်လာသင့်တဲ့နေရာပါပဲ "
"ကိုယ့်မယ်မယ်ဆုံးပါးသွားပြီးထဲက ဒီနေရာကအိမ်တစ်ခုမဖြစ်တော့တာကြာပြီ "
ရှောင်းမောင်မောင်းကထိုယောကျာ်းကိုကြည့်ရင်း
လူသားတွေရဲ့ခံစားချက်အဖြာဖြာကိုတွေးနေမိတယ် ။ သူမမှားရင်တော့ဒါကအထီးကျန်ခြင်းဆိုတာများလား ။ ရှောင်းမောင်မောင်းက ထိုယောကျာ်းအနားပိုတိုးကပ်ပြီးထိုင်လိုက်တယ် ။ရှောင်းမောင်မောင်းမသိတော့ဘူး ။ သူကဒီယောကျာ်းကိုဘာလို့တွယ်ကပ်ချင်နေပါမှန်း ။
ခဏကြာတော့ထိုယောကျာ်းက အဆောင်တစ်ခုဆီလျှောက်သွားပြီး လူအိုကြီးတစ်ယောက်ကို
ဂါဝရပြုတယ် ။ ဒါကလူသားတွေကိုးကွယ်တဲ့ဘုန်းတော်ကြီးဆိုတာမျိုးဖြစ်မယ် ။ တရားထိုင်နေတဲ့ ဘုန်းတော်ကြီးက မျက်ဝန်းအသာဖွင့်လာပြီး မျက်ခုံးအသာကုပ်တယ် ။"အနောက်မှာတစ်ယောက်ယောက်ရှိနေတာလား"
ထိုယောကျာ်းကခေါင်းကိုအသာစောင်းငဲ့လာပြီး ခေါင်းညိတ်ပြတယ် ။
"သိကျွမ်းတာကြာပါပြီ "
"ဘေးကင်းရဲ့လား မင်းသားလေး"
"သူကလိမ္မာပါတယ်... ဒါပေမဲ့
ကျွန်တော်သိချင်တာရှိလို့ ၊ ဒီပန်းခက်လေးကိုများသိပါသလား ""ဒါဘယ်ကရခဲ့တာလဲ "
"သူ့လက်ဆောင်ပါ "
ဆာကူရာပန်းခက်လေးကိုပြလိုက်တော့ ဘုန်းတော်ကြီးကခေါင်းတဆတ်ဆတ်ညိတ်တယ် ။