ရှောင်မောင်မောင်းရဲ့ ဖွားမြင်ရာတစ်သက်တာမှာ မခံစားဖူးတဲ့ ခံစားချက်များစွာရှိတယ် ။ ထိုအထဲမှာစိုးရိမ်သောကဟာ အဝေးဆုံးတစ်ခုပါပဲ ။ ဆာကူရာပင်ထဲသူ့ဝိဥာဥ်ကိန်းဝပ်ပြီး ခန္ဓာတစ်ခုရလာထဲက သူဟာလိုတရပြည့်စုံတဲ့ကြောင်ပေါက်စလေးဖြစ်လာခဲ့တယ် ။ နတ်လောကမှာ နတ်သက်ကြွေခြင်းဟာဝမ်းနည်းစရာမဟုတ်သလို ၊ နာမကျန်းခြင်းဆိုတာလည်းမရှိလေတဲ့အရာ ။
ယခုတော့ဖြင့်မောင်မောင်းဟာ စိတ်သောကဖြင့်အစိုးမရစွာ မေ့မျောနေတဲ့ယောကျာ်းအနားလှည့်ပတ်သွားနေမိတယ် ။ သူကူညီချင်ရင် နတ်ရောင်ဝါကင်းမဲ့တဲ့ လူသားတစ်ယောက်အသွင်ပြောင်းမှပဲရမယ် ။ လူသားအသွင်ပြောင်းလိုက်လျင်လည်း လက်ရှိကျင့်ကြံထားသမျှပျက်စီးပြီး နတ်မင်းတစ်ပါးဖြစ်လာဖို့အခြေတည်အစကနေပြန်လည်ကျင့်ကြံရမယ် ။ သူ့ရဲ့ခေါင်းကိုင်ဖခင်နတ်ဘုရင်လည်းအတော့်ကိုစိတ်ပျက်သွားလိမ့်မယ် ။
အဆိုးဆုံးအကြောင်းပြချက်က သူသာအသွင်ပြောင်းလိုက်တာနဲ့ သူ့ရဲ့လူသားဘဝမှတ်ဥာဏ်အလုံးစုံကိုပြန်လည်ရရှိလာလိမ့်မယ် ။ ဒါကသူ့ကိုကယ်တင်ခဲ့တဲ့ လနတ်သမီးမကြာခဏတားမြစ်ရတဲ့အကြောင်းပြချက်ပဲ ။ သူသာ ယခင်ဘဝက
မှတ်ဥာဏ်တွေပြန်ရခဲ့လျင်နာကျင်မှုကြောင့်ဘေးသင့်စေနိုင်တယ်တဲ့ ။ မောင်မောင်းလည်း ငယ်စဥ်ထဲက ဒါတွေကိုကြားလာရတော့ ပြင်းထန်တဲ့စိုးရိမ်စိတ်ရှိတယ် ။မောင်မောင်းထိုယောကျာ်းကိုငုံ့ကြည့်ပြီး နှလုံးရင်းခြေကနေပူလောင်လာတယ် ။ ဒီနေရာမှာဘယ်လူသားမှမရှိဘူး ။ ထိုယောကျာ်းရဲ့
အဖျားဒါဏ်ဆိုးလာရင်အသက်အန္တရာယ်စိုးရိမ်ရတယ် ။ ဖြူလျော့လျော့နှုတ်ခမ်းပါးတွေက အရင်းဖျားမှာ အဖျားရှိန်ကြောင့်ရဲနေတယ် ။မောင်မောင်းဖန်တီးထားတဲ့အပူချိန်ကြောင့် ချွေးစတို့ထွက်လာပြီဆိုပေမဲ့ ခြေဖျားလက်ဖျားတွေကအေးနေတုန်းပဲဆိုတာမောင်မောင်းပြောနိုင်တယ် ။ အသာအယာလက်ဖဝါးလေးတင်ကြည့်ပေမဲ့ ထိုယောကျာ်းအတွက်တော့လေတိုက်ခတ်သလိုတောင်ခံစားရမည်မဟုတ်ပါချေ ။"ပြန် လာ ပြီ လား "
ခပ်တိုးတိုးထွက်လာတဲ့အသံက ခြောက်ကပ်ကာအက်ကွဲလို့နေတယ် ။ မောင်မောင်းမျက်ရည်တစ်စက်ဟာပေါက်ခနဲ ။ ယောကျာ်းဆန်တဲ့သြရှရှအသံကနွေးထွေးလို့ ။