"ဆောင်ကြာမြိုင်"
ရှောင်းမောင်မောင်း အနီးအနားကိုကြည့်လိုက်ပြီး အဆောက်အဦးထဲဝင်လာခဲ့တယ် ။ သူလမ်းတစ်ဝက်မှာထိုယောကျာ်းနောက်ဆက်မလိုက်ချင်တော့တာကြောင့် လူ့လောကအကြောင်းအနည်းငယ်တီးခေါက်ကြည့်ဖို့ထွက်လာခဲ့တာပါ။
လူ့ကံကြမ္မာနှင့်ဘဝတွေအကြောင်းမှတ်တမ်းမှတ်ရာသိုလှောင်တဲ့ နတ်လောကရဲ့စာကြည့်ဗိမာန်ကြီးရှိပေမဲ့လူသားတွေအကြောင်းစိတ်မဝင်စားတဲ့ရှောင်းမောင်မောင်းက မစပ်စုဖူးဘူး ။
"အို အရှင် "
"ပြောပါဦး ဒီသခင်လေးကိုသဘောကျသလား"
"အရှင့်အသံနဲ့တင် သန္ဓေတည်နိုင်တဲ့အထိပါပဲ မေးဖို့လိုသေးရဲ့လားလို့ "
ရှောင်းမောင်မောင်းအမွှေးလေးတွေထောင်တက်သွားပြီး ခါးကအလိုလိုကုန်းသွားတယ် ။ နောက်မှအသိချပ်ပြီး အိန္ဒြေပြန်ချပ်လိုက်ရတယ် ။ ဒီအသံတွေနဲ့တင် သူနောက်တစ်ကြိမ်ထပ်အန်သေဖို့လုံလောက်ပြီ ။ ရှောင်မောင်မောင်းဟာ လျှောက်မသွားတော့ဘဲ ထိုယောကျာ်းရှိရာသာပြန်သွားဖို့တွေးလိုက်တော့တယ် ။ ထိုယောကျာ်းကြောင့်ပဲလူ့လောကကိုလေ့လာချင်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ထိုယောကျာ်းကိုပဲစူးစမ်းချင်ခဲ့ပုံရတယ် ။ ဘယ်အရာကမျှထိုယောကျာ်းနဲ့မတူညီခဲ့ ။
နန်းတော်ထဲ မြင်ကြားခဲ့ရတာတွေကြောင့်ထိုယောကျာ်းကိုစိတ်ခုပြီးရှောင်လာသည့်တိုင်
မနှောင်းသောအချိန်မှာပဲ အရာရာကနေ
ရှောင်ကျဥ်ဖို့ထိုယောကျာ်းရှိရာအရပ်ဆီပဲဦးတည်မိခဲ့ပြန်တယ် ။ မောင်မောင်းဘယ်လိုလုပ်ရပါ့မလဲ ။. . .
ထိုယောကျာ်းက ဆံနွယ်တွေဖြည်ချပြီး ရေနွေးအိုးတည်နေတယ် ။ မောင်မောင်းရောက်သွားတဲ့အခါ ထိုလူကခပ်တိုးတိုးလေးမေးပါတယ် ။
"ဘာတွေများအလိုမကျပါသလဲမင်းရယ် "
-အရှင့်အသံနဲ့တင် ဗိုက်ကြီးနိုင်ပါတယ်လို့ -
ရှောင်းမောင်းမောင်းခေါင်းကိုအဆက်မပြတ်ခါရမ်းရင်းထိုယောကျာ်းကိုကျောပေးလိုက်တယ် ။ မစင်ကြယ်လိုက်တဲ့လူ့လောက ၊ ရူးသွားစေလောက်တယ် ။