မောင်မောင်းကထိုယောကျာ်းရပ်နေရာဆီသွားလိုက်ပြီး ခြေတံရှည်တွေကိုအသာတိုးဝှေ့ပြီး သူရောက်လာတာအမှန်ဖြစ်ကြောင်းအသိပေးလိုက်တယ် ။ ထိုယောကျာ်းဘက်က အထိအတွေ့ကိုခံစားရမှာမဟုတ်ပေမဲ့မောင်မောင်းကတော့သည်လိုလေးခယချင်မိပါတယ် ။ နတ်မင်းတွေကိုတောင် သူဒီလိုချွဲနွဲ့ဖြစ်မှာမဟုတ်ကြောင်း
ထိုယောကျာ်းသိလျင်လည်းကောင်းမယ် ။"ကိုယ်မင်းကိုသိပ်လွမ်းတယ် "
တည့်တိုးမြန်မြန်ပြောဆိုလာရတဲ့အကြောင်းအရင်းကိုမောင်မောင်းနားလည်နေတော့ ခြောက်သွေ့ကာစမျက်ဝန်းတွေက ငွေ့ရည်ထပ်ဖွဲ့လာပြန်တယ် ။ ထိုယောကျာ်းကမရှိလာတော့မဲ့မနက်ဖြန်တွေကိုရေတွက်ပြီးရုန်းကန်နေခဲ့ရပုံပဲ ။သူကအချိန်ရတုန်းမောင်မောင်းကိုအကုန်ဖွင့်ဟချင်နေခဲ့ပုံရတယ် ။ ဘာကြောင့်များ မနိုင်နိုင်တဲ့စစ်ပွဲကို ခေါင်းမာပြီးရှေ့တိုးချင်နေရပါသလဲ မောင်မောင်းနားမလည်တော့ ။
တိုက်ဆိုင်သည်လား ၊ မောင်မောင်းကိုခံစားနိုင်သည်လားမသေချာတဲ့ ထိုယောကျာ်းကမောင်မောင်းတွေးနေတာကို တန်းပြောပြလာမည်လို့တော့မထင်မှတ်ခဲ့ပေ ။
"ကိုယ့်ခမည်းတော်က စီးပွားကူးသန်းရောင်းဝယ်ရေးဘက်အာရုံစိုက်လုပ်နေခဲ့တာကြာပြီ ၊ အဲ့အချိန်ကိုယ်ကလည်းပြည်သူတွေကြားအာဏာကြီးလာတယ် ၊ ကိုယ့်ကိုနှစ်လိုတဲ့သူတွေများသထက်များလာတော့ သူ့ထီးသူ့နန်းအတွက်ပူပန်လာပုံပါပဲ"
"ကိုယ့်ကိုယှဥ်ပြိုင်နိုင်ဖို့ မသင့်တော်တဲ့အကျိုးအမြတ်တွေအတွက်ပါချဲ့ကားလာတော့ ကိုယ်ရိပ်မိသွားတယ် ၊ သူ့ထီးနန်းအတွက်မပူပင်ရအောင်ကိုယ့်မင်းသားတာဝန်တွေလျစ်လျူရှုပြီး
ဆေးပညာပဲဇောက်ချလေ့လာလိုက်တော့တာ၊ ကိုယ် တစ်ချိန်လုံး မထင်မရှားနေခဲ့တယ် ၊
ကိုယ့်မယ်မယ်ကိုမကုသပေးနိုင်ခဲ့တာအတွက် နှမျောတသဖြစ်တာလည်းပါတာပေါ့ ""ဒါပေမဲ့မောင်းမဆောင်ထဲလူများလာတော့ စကားချိုချိုတွေကြား သူ့စိတ်ကလည်းအရောင်စုံသွားပုံရတယ် ၊ ကိုယ်ထွက်လာခဲ့တာတောင်
သူကမလုပ်သင့်တာတွေကိုမရပ်တန့်ခဲ့ဘူး ကိုယ့်ကိုတောင် စီးပွားရေးဆန်ဆန်တွက်ချက်ပြီး စစ်တပ်အာဏာကြွယ်တဲ့ စစ်သူကြီးသမီးကညာတွေနဲ့ ထိမ်းမြားပေးဖို့အားထုတ်ခဲ့တာ ၊ တိုင်းပြည်ကိုင်တွယ်တာကိုသူကစီးပွားရေးအမြင်နဲ့ပဲတွက်ချက်နေခဲ့တာ "