မောင်မောင်းဟာမအိပ်စဖူးအိပ်စက်ခြင်းဆိုတာကိုပြုမူခဲ့ပြီးနောက် နိုးထလာခဲ့တယ် ။ လွန်ခဲ့တဲ့ညမှာထိုယောကျာ်းက သြရှတဲ့လေသံတိုးတိုးနဲ့ သူ့ကိုတေးသံသီဆိုပြခဲ့တယ် ။ ပထမဆုံးအကြိမ်ထိုယောကျာ်းသီချင်းသီဆိုသံကိုကြားဖူးတာမို့ပြန်တွေးလိုက်ရုံနဲ့တင်မောင်မောင်းပူနွေးလာတယ် ။ သူ့မျက်ဝန်းတွေဖွင့်လိုက်တာနဲ့ ဝတ်ရုံနက်ဟာလျော့ရဲရဲပွင့်ဟနေပြီး ထိုအကြားမှ အနာရွတ်ပါးပါးတွေပြည့်နေတဲ့ ထိုယောကျာ်းရဲ့ရင်အုပ်ကျယ်ကိုတွေ့လိုက်ရတယ် ။ မောင်မောင်းမျက်လွှာချလိုက်တယ် ။
မျက်နှာတွေနွေးလိုက်တာ ။
မောင်မောင်းဝိဥာဉ်ပြန်မထွက်ဘဲ ထပြေးတော့အိပ်ယာထဲပြန်လည်ဆွဲဖိခံလိုက်ရတယ် ။
မောင်မောင်းဟာ ပထမဦးဆုံးအကြိမ်အိပ်ပြီးနောက်စိတ်တွေထွေပြားခဲ့သည်လား ၊ အချစ်ရူးလေးမို့ချွဲချင်မိသည်လားမသိစွာ ထိုလက်မောင်းတွေကြားမလွတ်မြောက်နိုင်သလိုရုန်းကန်နေခဲ့တယ် ။ ထိုယောကျာ်းကအချိုမြိန်ဆုံးရယ်ပြီး မျက်နှာကိုတိုးကပ်လာတယ် ။"ကိုယ် နမ်းခွင့်ရမလား"
မောင်မောင်ငြိမ်ကျသွားတယ် ။ ထိုယောကျာ်းကဆက်မတိုးလာတော့မောင်မောင်းပဲအရှေ့တိုးသွားပြီးအနမ်းခံဖို့စောင့်နေလိုက်တယ် ။
"မမြင်ရတဲ့ကြောင်ကလေးကိုချစ်မိပြီး ၊ ဝိဥာဉ်ပူးနေတဲ့ဖက်လုံးငယ်ကိုနမ်းနေပြန်တယ် ကိုယ်တော့ရာဇဝင်တွင်တဲ့နှာဘူးဖြစ်ပြီထင်ပါရဲ့ "
ကျီဆယ်နေဟန်လေးနဲ့ ကိုယ့်ကိုယ်ကိုယ်ဝေဖန်နေတဲ့ ထိုယောကျာ်းကိုမောင်မောင်းသဘော
တကျရယ်လိုက်တယ် ။ သူတို့တွေအိပ်ယာထဲကနေအချိန်တော်ကြာမထွက်နိုင်ဘဲထွေရာလေးပါးပြောဆိုနေခဲ့ကြတယ် ။ အင်း ထိုယောကျာ်းပဲဒိုင်ခံပြောနေရတာဆိုပေမဲ့လည်း ဒါကစကားဝိုင်းလေးပါပဲ ။ရာသီအလီလီကုန်ဆုံးပြီးနောက် တောနက်ထဲပြည်ပျက်မျိုးနွယ်စုလေးဟာ ရွာအသေးစားလေးထောင်ထားနိုင်ခဲ့တယ် ။ လူတိုင်းကအခြေခံလိုအပ်ချက်အတွက်အလုပ်လုပ်ကိုင်နေကြတယ် ။ ကံဆိုးစွာနဲ့လယ်သမားတွေနေထိုင်ရာရွာဖျားလေးတွေအကုန်လုံးက နန်းမြို့တော်ရဲ့အစွန်အဖျားမှာရှိတာမို့ ရန်သူစစ်သည်တွေဝင်ရောက်လာချိန်မှာပဲအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံလိုက်ရတယ် ။ ကျန်ရစ်သူများထဲတောင်သူလယ်သမားမပါဝင်တာမို့ ထိုယောကျာ်းကသာစိုက်ပျိုးရေးအတွက်စီမံလေ့လာရတယ် ။ အကျအရှုံးများစွာရှိပေမဲ့ ထိုယောကျာ်းကအလျော့မပေးဘဲ ဆက်လက်ကြိုးစားတယ် ။
မောင်မောင်းသစ်ပင်လေးပေါ်အိပ်နေရင်း ဘောင်းဘီတစ်ထည်သာဝတ်လို့ လယ်ယာမြေထွန်ယက်နေတဲ့ထိုယောကျာ်းကိုငေးနေမိတယ် ။
ကြွက်သားအရစ်အမြောင်းတွေဟာ မြေစအချို့ကပ်လို့ ရေလောင်းထားသည့်နှယ်ရွှဲရွှဲစိုနေတဲ့ချွေးစက်တို့ဟာနေရောက်အောက်တောက်ပကြည်လင်နေတယ် ။ ထိုယောကျာ်းကအသားမဲလာတယ် ။ မောင်မောင်းမထင်ထားဘူး ။ အသားမဲတဲ့ယောကျာ်းတွေကပိုလို့တောင် ဆွဲဆောင်မှုရှိတယ်ဆိုတာကိုပေါ့ ။ ရှည်လျားတဲ့အရပ်ကြောင့် ခန္ဓာပေါ်ရှိတင့်တယ်ခြင်းတိုင်းကပိုလို့ထင်ရှားနေတော့တာပဲ ။လယ်ယာထွန်ယက်လို့ပြီးတော့ ထိုယောကျာ်းကအမောဖြေကာ ထမင်းစားတယ် ။ ဆန်ပြုတ်ရည်နှင့်အတူ ကြက်သွန်မြိတ်အချို့သာရှိပေမဲ့ ထိုယောကျာ်းကမျက်နှာမပျက်ဘဲ အိန္ဒရြေရသုံးဆောင်တယ် ။ မောင်မောင်းက
ကြက်သွန်မြိတ်လေးထဲဝင်ပူးလိုက်ပြီး ထိုယောကျာ်းသူ့ကိုဆွဲခေါ်သွားမဲ့အချိန်ကိုစောင့်နေပါတယ် ။ ဆန်ပြုတ်သုံးလေးဇွန်းမျှကုန်ပြီးတဲ့အချိန်ထိုယောကျာ်းက လက်ကိုစမ်းတဝါးဝါးပြုရင်း မောင်မောင်းဝင်ပူးနေတဲ့ကြက်သွန်မြိတ်ကိုရှာတွေ့သွားတယ် ။ မောင်မောင်းငြိမ်ငြိမ်းလေးနေပြီး ထိုယောကျာ်းခံတွင်းထဲဝင်သွားချိန်ထိ ငြိမ်နေဆဲ ။ ကိုက်ဝါးခံရတော့မည့်အချိန်ရောက်မှ ခြေထောက်လေးတွေတွန်းထိုးရုန်းရင်းစနောက်လိုက်တော့တယ် ။ကြက်သွန်မြိတ်တို့လျှာပေါ်လှုပ်ရှားသွားတာကိုခံစားလိုက်ရတဲ့ ဝမ်က ချက်ချင်းပင် ကြက်သွန်မြိတ်ကိုထုတ်လိုက်တယ် ။
"နာသွားသေးလား "
"အစသန်လာလိုက်တာမင်းရယ် ၊ ဘယ်လိုနောက်ပိုးလေးများလဲ "
ထိုယောကျာ်းကခပ်ပြုံးပြုံးနဲ့ခေါင်းအသာခါရင်း ဆန်ပြုတ်ကိုသာဆက်လက်သုံးဆောင်တော့တယ် ။ ကြက်သွန်မြိတ်လေးမောင်မောင်းဟာလည်းဆန်ပြုတ်ပန်းကန်လုံးပေါ်ထိုင်နေရင်း လတ်တလောဖြစ်သွားတာတွေကို ပြန်လည်တွေးတောနေတယ် ။ထိုယောကျာ်းရဲ့ ခံတွင်းကနွေးထွေးစိုစွတ်နေတာပဲ ။ မောင်မောင်းရင်တွေအရမ်းခုန်ခဲ့ရပါတယ်။
မောင်မောင်းရဲ့ကြက်သွန်မြိတ်ခြေထောက်လေးတွေကိုဆန်ပြုတ်ထဲနှစ်ဆော့လိုက်တယ် ။ မောင်မောင်းအစားခံရတော့မလိုဖြစ်နေတာတောင် ရင်ခုန်နိုင်လိုက်သေးတယ် ။ မျက်နှာချောချောကိုမော့ကြည့်ပြီး မောင်မောင်းစိတ်ကောက်စွာဖြင့်ဆန်ပြုတ်အချို့ကိုကန်ထုတ်လိုက်တယ် ။ မျက်နှာပေါ်စင်သွားတဲ့ဆန်ပြုတ်အနှစ်တွေကိုထိုယောကျာ်းကအသာဖယ်လို့သန့်ရှင်းရင်းပြုံးပြုံးလေးသာတုံ့ပြန်ပါတယ် ။ တိုးလျပေမဲ့ယောကျာ်းပီသတဲ့အသံဟာ သူ့နားထဲချိုမြစွာစီးဝင်လာတယ် ။"ဘာလို့စိတ်ဆိုးနေတာလဲ မင်းရဲ့?"