မောင်မောင်းထွက်သွားဖို့ကိုချိတုံချတုံဖြစ်နေပြီးမှ ညှိုးငယ်စွာထွက်လာခဲ့ရတယ် ။ မဟုတ်ရင်
မနက်အချိန်မှီ ထိုယောကျာ်းကိုနန်းဆောင်ပို့ပေးဖို့နှောင့်နှေးသွားလိမ့်မယ် ။"ကောင်းပါပြီ ကိုယ်လောဘကြီးသွားတယ် "
သူကပြောပြီးတာနဲ့မျက်ဝန်းတွေပြန်မှေးမှိတ်လိုက်တာကြောင့်မောင်မောင်းလည်း ထိုယောကျာ်းလက်မောင်းတွေကြားပြန်ပြေးမဝင်မိခင်အမြန်ပြေးထွက်လာခဲ့တယ် ။
နတ်ဘုရင်ကစိတ်ရှုပ်နေဟန်နဲ့မောင်မောင်းကို
ကြည့်လာခဲ့တယ် ။ မောင်မောင်းစိတ်ကိုပြင်ဆင်ထားပြီးပြီမို့ထွေထူးပြီးကြောက်မနေတော့ဘူး ။
သူကလုပ်ချင်ရာလုပ်ဆိုတဲ့မျက်နှာပေးလေးနဲ့မော်ချီထားတယ် ။"အခုချက်ချင်းပြစ်ဒါဏ်သွားခံယူချေ! "
"ဒီမောင်မောင်းမသွားနိုင်သေးဘူး "
"ဘာ!?"
"သူသိပ်အားနည်းနေတယ် မောင်မောင်းသူ့ကိုပစ်မထားနိုင်ဘူး "
"မင်းတို့နှယ် ဒီလောက်ဘဝတွေကြာခဲ့တာတောင်... "
နတ်ဘုရင်ရဲ့ တိမ်ကျသွားတဲ့စကားကြောင့်မောင်မောင်းနားမလည်စွာနဲ့အကဲခတ်ကြည့်လိုက်တယ် ။
"ဆုံးဖြတ်ထားပြီးရင်လည်း ဒီအရှင်ကမတားတော့ပါဘူး ၊ ပြစ်ဒါဏ်ခံယူချိန်မှနောင်တတော့မရနဲ့ပေါ့ ၊ ကူညီပေးနိုင်တဲ့သူရှိမှာမဟုတ်ဘူး "
မောင်မောင်းအနေနဲ့နတ်နန်းမှာအပိတ်လှောင်ခံထားရဦးမယ်ထင်တာကြောင့်ထွက်ပြေးလွတ်မြောက်နိုင်ဖို့အကြံအစည်သေးသေးလေးတွေပါရေးဆွဲလာခဲ့တယ် ။ နတ်ဘုရင်က လွယ်လင့်တကူအရှုံးပေးသလိုခွင့်ပြုလိုက်တာကမောင်မောင်းကိုသံသယကြီးစေတယ် ။ သို့ပေမဲ့မောင်မောင်းဂရုမစိုက်ဘဲ ခြေတကြွကြွဖြစ်နေတဲ့အတိုင်း ပြန်လိုရာအရပ်ဆီပြန်လည်ပြေးထွက်လာခဲ့တယ် ။
ထိုနေ့မှစ၍မောင်မောင်းလူ့လောကမှာပဲ
ထိုယောကျာ်းဘေးနားအဖော်ပြုခဲ့တယ် ။
နတ်နန်းကသူ့အပေါ်ထုတ်ထားတဲ့စည်းကမ်းလေးတွေချိုးတယ် ။မောင်မောင်းအနေနဲ့ စုန်းအတတ်၊မှော်နက်အတတ်တွေကျင့်ကြံပိုင်ဆိုင်ခွင့်မရှိပေမဲ့ကဝေလေးဆီမှာ ဝိဥာဥ်ပူးတဲ့အတတ်ပညာသင်ယူခဲ့တယ် ။ ထိုယောကျာ်းပိုင်ဆိုင်ရာပစ္စည်းမှန်သမျှထဲဝင်ပူးကပ်ပြီး စနောက်ခြောက်လှန့်ရတာက ရရှိလာမဲ့ပြစ်ဒါဏ်လေးတွေထက်ပျော်စရာကောင်းတယ်လေ ။
ထိုယောကျာ်းကအစပိုင်းမှာတော့စိတ်ဝင်စားစရာကောင်းတဲ့တုံ့ပြန်မှုတွေပေးခဲ့ပေမဲ့မောင်မောင်းဖြစ်နေမှန်းရိပ်မိသွားတဲ့အခါကြင်နာယုယရုံအပြင်မတုံ့ပြန်တော့ပေ ။
တစ်နေ့မှာတော့ မောင်မောင်းကထိုယောကျာ်းရဲ့ဓားမြှောင်လေးထဲဝင်ပူးနေပြီး ပိုးသားလိုနက်မှောင်ကျော့ရှင်းနေတဲ့ဆံနံယ်တစ်မျှင်ကိုဖြတ်တောက်ကာစနောက်လိုက်တယ် ။ ထိုယောကျာ်းကစိတ်မဆိုးဘဲ ပြုံးရွှင်ကာဖြင့်ပြေးလွှားဖို့ချောင်းနေတဲ့ဓားမြှောင်ကလေးကိုဖမ်းယူပြီး အသာနမ်းတယ် ။ ထက်ရှတဲ့ဓားသွားဟာ ထိုယောကျာ်းရဲ့သွေးစက်ကိုသောက်သုံးလိုက်တာမြင်တော့မောင်မောင်းအန္တရာယ်ရှိတဲ့အရာတွေနဲ့ထပ်မစနောက်ရဲတော့ဘူး ။
သည်ယောကျာ်းကသွက်သွက်ခါအောင်ရူးနေတာပဲ ။ မောင်မောင်းဝိဥာဥ်ပူးကပ်ထားချိန်တိုင်းထိုယောကျာ်းရဲ့အထိအတွေ့ကိုခံစားနိုင်တာမို့ မျက်ကန်းသခင်လေးဆိုပြီးအထင်မသေးသင့်ကြောင်းနားလည်လာတယ် ။ ဒါကတော်တော်လေးသန်မာတဲ့အင်အားပဲ ။ မောင်မောင်းရဲ့မာယာများတဲ့ ကဝေလှည့်ကွက်လေးတွေကတောင်ထိုယောကျာ်းအင်အားကိုမလူးလွန့်သာဘူး ။
တစ်ရက်မှာတော့ ထိုယောကျာ်းက အမျိုးသမီးအချို့နဲ့အလုပ်ရှုပ်နေတာမို့မောင်မောင်းပေစူးစူးကြည့်နေလိုက်တယ် ။ ဒါကခဏတာပါပဲ ။ ညရောက်တဲ့အခါထိုယောကျာ်းက မှို့သွပ်ကာ နူးညံ့တဲ့မွေးပွကာရံထားတဲ့အချောင်းရှည်ရှည်တစ်ခုကိုပေးလာတယ် ။ ဒါကပွေ့ပိုက်လို့ကောင်းမဲ့အရာမျိုးပဲ ။
"ဒါနဲ့ဆိုကိုယ်မင်းကိုပွေ့ဖက်ပြီးအိပ်စက်ခွင့်ရပြီ"
ထိုယောကျာ်းကပြောပြီးခပ်တိုးတိုးရယ်တယ် ။
"မင်းသဘောကျမှပါ "
"ပြောပါဦး
မင်းဒီထဲဝင်ဆော့ချင်ရဲ့လား? "