ခမ်းနားခဲ့တဲ့နန်းဆောင်ဟာယခုတော့ခံစစ်တစ်ခုလိုအပြိုအပျက်တွေနဲ့ စိတ်မချမ်းမြေ့စဖွယ်အကျည်းတန်နေတယ် ။ လာရာလမ်းတစ်လျှောက်မှာ မရေတွက်နိုင်တဲ့အလောင်းပုံတွေရှိသလို နန်းတပ်ကိုဖြိုဖျက်ထိုးဖောက်နိုင်ဖို့အသင့်စောင့်နေတဲ့ ရန်သူစစ်တပ်ကိုလည်းသူတွေ့ခဲ့တယ် ။ စစ်သည်တစ်ယောက်ရဲ့အာရုံထဲဝင်ဖတ်လိုက်တော့ စစ်ပွဲအင်အားဟာမမျှတ
သည့်တိုင် တစ်ဖက်အိမ်ရှေ့စံ(ထိုယောကျာ်း) ရဲ့ စွမ်းလှတဲ့ဓားရေးအကာအဆီးနဲ့ဗျူဟာတွေ
ကြောင့် နန်းတော်ထဲထိတိုးမပေါက်နိုင်ခဲ့သေး ။ စစ်ပွဲဟာသုံးလတာကြာမြင့်ပြီဖြစ်ပြီး နှစ်ဖက်လုံးကရိက္ခာရေးရာမှာချိနဲ့လာတာမို့ စစ်အေးတိုက်ပွဲအသွင်ပြောင်းနေပြီး နန်းတော်ထဲရှိခိုလှုံပုန်းအောင်းနေတဲ့သူတွေအတွက်လည်း ကျီးလန့်စာစားမာန်တင်းနေရသေးတဲ့ပုံသာရှိတယ် ။မောင်မောင်းက သွေးသံရဲရဲမြင်ကွင်းတွေကိုခေါင်းထဲကခါထုတ်လိုက်ပြီး ထိုယောကျာ်းကို
နားမလည်နိုင်ဖြစ်သွားတယ် ။ အမဲပင်မလိုက်ခဲ့တဲ့သူက အင်အားအဆများစွာကွာတဲ့ ရန်သူစစ်တပ်မှစစ်သည်သောင်းချီကို သူ့လက်နဲ့ခေါင်းဖြုတ်ခဲ့တယ် ။ ဤစစ်ပွဲတွင်အထိနာခဲ့ရတဲ့ တစ်ဖက်တပ်မှအိမ်ရှေ့စံခေါင်းဖြုတ်ချင်ရုံအပြင်အတွေးမရှိနိုင်တော့ ။ ပျက်စီးသွားတဲ့တိုင်းပြည်မှာသူတို့အကျိုးအမြတ်ရနိုင်စရာလည်းမရှိတော့ဘဲ ။ စစ်ပွဲက အင်အားကြီးထွားလာဖို့ထက်အမုန်းတရားချေဖျက်ဖို့သာဖြစ်လာတာမို့
အိမ်ရှေ့စံအတွက်အန္တရာယ်ပိုကြီးလှသည် ။ မောင်မောင်းအိမ်ရှေ့စံကိုပတ်ရှာနေခဲ့တယ် ။ နောက်ပိုင်းမြင်ကွင်းတွေမှာ ခံစစ်ကိုအိမ်ရှေ့စံဦးဆောင်နေသေးတာ်ဆိုတာကလွဲလို့ ၊ ထိုလူဘာဖြစ်နေသလဲဆိုတာ သူမမြင်တွေ့ခဲ့ရပေ ။ နောက်ဆုံးမှာတော့လျှို့ဝှက်တဲ့စစ်ရေးကျင့်ကွင်းထဲ သူ့ကျင့်ကြံရေးကိုအာရုံမစိုက်နိုင်အောင်
နေ့စဥ်နှောက်ယှက်နေတဲ့ထိုယောကျာ်းကိုသူတွေ့လိုက်ရတော့သည် ။ရှည်လျားတဲ့အရပ်နဲ့ အမြင့်တစ်နေရာမှာရပ်နေတဲ့ထိုယောကျာ်းက မျက်ဝန်းတွေကိုရွှေရောင်နုနုပိုးပိတ်စနဲ့စည်းနှောင်ထားပြီး ဒါဏ်ရာဒါဏ်ချက်တွေနဲ့သွေးစွန်းနေတဲ့ စစ်ဝတ်စုံကလေထဲလွင့်ဝဲလို့ ။ အဆက်မပြတ်မီးလောင်တိုက်သွင်းခံထားရတဲ့တိုင်းပြည်ရဲ့ကောင်းကင်က နီရဲလို့မီးခိုးမှိုင်းတွေနဲ့ နေ့အလင်းမမြင်နိုင်အောင်ပိန်းပိတ်နေခဲ့တယ် ။ ထိုယောကျာ်းက ကျောက်ရုပ်ထုလိုအရယ်အပြုံးမရှိဘဲ နှုတ်ခမ်းလွှာတွေကိုခပ်တင်းတင်းစေ့ပိတ်ထားတယ် ။ စတင်တွေ့ဆုံစဥ်ကလိုအထီးကျန်ဆန်တဲ့အေးစက်မှုမျိုးကသာ
ထိုယောကျာ်းကိုယ်မှာခြံရံထားတယ် ။
မောင်မောင်းမျက်ဝန်းတွေက ကျဥ်စပ်ပြီးပူနွေးလာခဲ့တယ် ။ မောင်မောင်းတကယ်ငိုမိနေပြီဆိုတာသိပေမဲ့ဒါကိုမထိန်းထားချင်တော့ဘူး ။ မောင်မောင်းထိုယောကျာ်းတောင့်တရာအတိုင်းပုံစံအမှန်ပြချင်ခဲ့ပေမဲ့ ထိုမျက်ဝန်းတောက်တောက်တွေကိုသဘောကျတာကြောင့် မိမိရှေ့မှာအခြားသက်ရှိတွေရဲ့ပုံစံကိုချီးကျူးပြောဆိုသမျှတိတ်တိတ်လေးမနာလိုသာဖြစ်နေခဲ့ရတယ် ။ ထိုလူပွတ်သပ်ထိတွေ့ပေးတာမျိုး
တောင့်တခဲ့မိသည့်တိုင် ထိုလူပျက်စီးရာကိုမလိုလားတာမို့ အမြဲတစေချုပ်တီးထားခဲ့ရတယ် ။ မာနကြီးကြီးကြောင်လေးအနေနဲ့ခြားနားနေတဲ့ဘဝစည်းတွေကိုငဲ့ပြီးဝန်မခံချင်သည့်တိုင်အရာအားလုံးကသူ့နှလုံးအောက်ခြေထဲတိမ်မြုပ်နေတဲ့ လိမ်ညာမရလေသော အမှန်တရားတွေပါပဲ ။ရှောင်းမောင်မောင်းရဲ့မျက်ဝန်းတွေကရဲစွေးနေပြီးအန္တရာယ်ရှိတဲ့သားရဲကောင်လေးနဲ့တောင်ဆင်တူလာတယ် ။ ဘယ်သူကများသူမြတ်နိုးရတဲ့ဒီမျက်ဝန်းတွေကိုဖျက်ဆီးခဲ့သလဲ? ။ ဘယ်သူကများ သူသဘောကျရတဲ့ဒီအမျိုးသားကိုပွန်းပဲ့စေရဲသလဲ? ။
တောက်လောင်လာတဲ့
သူ့အမုန်းတရားတွေက အတန်ကြာစေ့ပိတ်ထားပုံရတဲ့ ထိုယောကျာ်းနှုတ်ခမ်းလွှာတွေ ဖွင့်ပိတ်ချည်ပြုသွားမှသာဟုတ်ခနဲငြိမ်းကျသွားတော့တယ် ။ ထိုယောကျာ်းအာရုံတွေကိုဝင်မစွက်ဖက်နိုင်သည့်တိုင်ထိုလှုပ်ရှားမှုလေးကိုတော့သူကောင်းကောင်းနားလည်နိုင်သေးတာပေါ့ ။ကျိုးပဲ့မတတ်စိတ်ထောင်းကိုယ်ကျေခံစားရတဲ့ပုံနဲ့ထိုအမျိုးသားက စိတ်လှုပ်ရှားစွာနဲ့ မေးတယ် ။
"မင်း... ပြန်လာပြီလား? "