(2)

4.4K 298 8
                                    

"ကူးစမိုင်း"

"ဘာလဲ"

"မင်းရဲ့သခင်ဖြစ်လာမယ့် လူနာမည်"

ယုံကြည်မှုအပြည့်နဲ့ ပြောချလာသော စကားလုံးတို့က အထက်စီးဆန်လွန်းသည်။
ပီနိုင်းမှာ ဒေါသထွက်လာပြီး ရုတ်တရက်
ခုံပေါ်ထိုင်နေရာက ထလိုက်သည်။ထို့နောက်
တစ်ဖက်လူရဲ့ ကော်လာကို လည်ပင်းအစ်မတတ်
ဆုပ်ကိုင်လျက် အထက်စီးက ပြန်စိုက်ကြည့်လိုက်သော်လည်း အဲ့ဒီလူကတော့
ကြောက်လန့်ပုံမရ။ဖင်ဆီခံသာ ကျန်တော့သည့်
ဆေးလိပ်ကို ခုံပေါ်ထိုးချေလျက် မီးငြိမ်းကာ
ပီနိုင်းကို မော့ကြည့်လာသည်။ပါးစပ်ထဲမှ
အငွေ့တစ်ဆုပ်ကိုလည်း ပီနိုင်းမျက်နှာတည့်တည့်ဆီ မှုတ်ထုတ်လိုက်သေးသည်။ထို့နောက် တည်တည်ငြိမ်ငြိမ်ပင် ပြောလာ၏။

"တစ်ဆိတ် လည်ပင်းညှစ်ပြီး မသတ်ရဲရင်လဲ
လွှတ်ပေးတော့လို့ ရမလား"

"ဘာရည်ရွယ်ချက်နဲ့ ကျုပ်ရှေ့ရောက်လာတာလဲ။
အမှန်အတိုင်းမပြောရင်တော့ ခင်ဗျားကို ဒီနေရာမှာတင် အသေလုပ်ပြီး သတ်ပစ်မယ်"

"ဟုတ်လား။လုပ်လိုက်လေ။ငါကလဲ အဲ့ဒါမျိုးမှကြိုက်တာ"

"...."

မျက်နှာတည်ကြီးနှင့် အပီအပြင်ဖြဲခြောက်သော်လည်း ဘဲနာကြီးကတော့ နည်းနည်းလေးမှ မှုဟန်မပြ။
ဝေသာပီနိုင်းစိတ်ထဲတွင် ပြောစရာစကားတို့
လုံးဝပျောက်ရှသွားတော့၏။ဒီလို မျက်နှာပြောင်လွန်းသည့်လူမျိုး ပီနိုင်းတစ်ခါမှ
မတွေ့ဖူး။တခြားလူသာဆိုရင် နေရာမှာတင်
သတ်ပစ်မိမှာဖြစ်သော်လည်း ဒီလူကိုတော့
ပီနိုင်းက လွယ်လွယ်သတ်ချင်စိတ်မရှိ။
ကော်လာကို လွှတ်ပေးလိုက်ပြီး ကိုယ့်ခုံပေါ်
ပြန်ထိုင်လိုက်သည်။တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကို
ပီနိုင်းမှာ သိချင်စိတ်ဖြစ်လာခဲ့သည်မို့။ပီနိုင်းရဲ့
အေးဆေးတဲ့အမူအရာကို မြင်ရချိန်ခါမှ တစ်ဖက်လူက စကားစလာသည်။

"ဝေသာပီနိုင်း...ငါ့မှာမင်းကို မေးစရာ မေးခွန်းတစ်ခုပဲရှိတယ်။မင်း ထောင်ထဲက ထွက်ချင်လား"

"ခင်ဗျားဘိုးအေတွေက ကျုပ်ကို တစ်သက်တစ်ကျွန်းချထားတာလေ။
ထောင်ထဲက ကျုပ် ဘယ်လိုထွက်ရမှာလဲ"

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now