(28)

2.5K 164 37
                                    

အညိုရောင်မြို့ကလေးမှာ လမ်းမီးတွေ ထိန်လင်းနေခဲ့ပြီ။
အချိန်မှာ ည၆နာရီ၃၀မိနစ်။
တောင်ပိုင်းလူဆိုးဂိုဏ်းတို့တွင်
အင်အားအကြီးဆုံးဖြစ်သော
နာဘီနိုင်းဂိုဏ်း၏ စံအိမ်ထဲသို့ အဖြူရောင်ဇိမ်ခံကားတစ်စီး ငြိမ့်ခနဲ
ဝင်ရောက်လာသည်။ထိုကားမှာ
ဆင်ဝင်အောက်တွင် ရပ်လိုက်ပြီးသည်နှင့် ကားနောက်ခန်းထဲမှ လူတစ်ဦး ထွက်လာ၏။အမျိုးသားတစ်ဦးဖြစ်သည်။အရပ်မှာ ထောင်ထောင်မားမား။
ခန္ဓာကိုယ်က သေးသေးသွယ်သွယ်။
လူပုံစံမှာ ခန့်ညားသည်။ရူပကာက
လှလွန်းသည်။အဖြူရောင်ရှပ်အင်္ကျီကို ဖဲသားဘောင်းဘီရှည်အနက်နှင့်
လိုက်ဖက်စွာ ဝတ်ဆင်ထား၏။
ခြေတံရှည်ရှည်တို့မှာ ခြေတစ်လှမ်းလှမ်းပါက ထိုင်ငေးရမည့် အမျိုး။ကားပေါ်မှ
ခြေချလာသော အဖြူရောင်ရှူးဖိနပ်မှာ တောက်တောက်ပြောင်ပြောင်။
ဖုန်တစ်စက်မျှပင် မကပ်ဟန်။
ခြေစုံရပ်လိုက်သည်နှင့် ခပ်သဲ့သဲ့
ခြူသံကလေးမှာ အသံသာသာလေး
ထွက်လာ၏။အကြောင်းမှာကား
အမျိုးသား၏ ခြေချင်းဝတ်တွင်
ဆင်မြန်းထားသော ခြေချင်းဆီက
ခြူသံကလေးဖြစ်သည်။သို့ဆိုပါက
အနှီလူမှာ မည်သူဖြစ်မှန်း ခန့်မှန်းလို့
ရလောက်ရောပေါ့။မှန်ပါ၏။အနှီလူကား အီဂိုဂိုဏ်းချုပ်အလှလေး ကူးစမိုင်းမှလွှဲ၍ မည်သူရှိပါဦးမည်နည်း။
အပြင်သို့ သူခြေချပြီးသည်နှင့် ကားထဲမှ နောက်ထပ် လူတစ်ဦး
ထွက်လာသေးသည်။မလိမ္မာသော
အိမ်မွေးသာလျှင်ဖြစ်ကြောင်း မိတ်ဆက်ရန်လိုမည်မထင်။အနှီကောင်နှင့် ဘေးချင်းယှဉ်ရပ်လိုက်သောအခါ
ကူးစမိုင်း၏ ထောင်မားသောအရပ်မှာ
အနည်းငယ်ပင် ပုသွားခဲ့သည်။မြောက်ပိုင်းသားမှာ
အရပ်ရှည်လွန်းသူဖြစ်၏။သခင်ဖြစ်သူမျက်နှာက တည်ငြိမ်ရင့်ကျက်သော
လူကြီးလူကောင်းအသွင် ရှိပါသော်လည်း အိမ်မွေးကောင်ကမူ
မျက်နှာပေးက မိုက်ကြေးခွဲချင်နေဟန်
ဂျစ်ကန်ကန်။လူမိုက်ဖြစ်မည်မှန်း
တစ်ချက်ကြည့်ရုံနှင့် များစွာသိသာနေသည်။အနှီကောင်သည် နဖူးပေါ်ဝဲနေသော ဆံပင်ကို ဖူးခနဲ တစ်ချက်မှုတ်တင်လိုက်သေးသည်။ထို့နောက် သခင်နောက်မှ ကပ်လိုက်ကာ
တစ်အိမ်လုံးကို အကဲခတ်လျက်
ရှိနေ၏။စံအိမ်ကြီးမှာ တိတ်ဆိတ်လျက် ရှိလေသည်။အီဂိုစံအိမ်မှာကဲ့သို့
အစောင့်သိပ်မရှိ။သို့သော် အနှီအိမ်ကြီးမှာ ခြံတံခါးဖွင့်ထားလျှင်ပင် အလိုမရှိဘဲ
မည်သူမျှခြေလှမ်းရဲမည်မဟုတ်သော
အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထား၏။
အစွမ်းထက်သော မကောင်းဆိုးဝါးတစ်ကောင် နေနေသော အိမ်ကြီးသဖွယ်။
ကြီးလွန်းသော စံအိမ်ကြီးမှာ တိတ်ဆိတ်နေသည်မို့ အထဲဝင်ချိန်
အသည်းငယ်သူဆိုပါက စိတ်ချောက်ချားသွားနိုင်ပါ၏။
သို့သော် အရှေ့မှ ဦးဆောင်ကာ ကူးစမိုင်းကတော့ တစ်နေရာဆီသို့သာ
ဦးတည်သွားနေခဲ့သည်။အနှီအိမ်ကြီးမှာ သူနှင့် များစွာရင်းနှီးမှု ရှိသကဲ့သို့။
ကူးစမိုင်း ဘယ်သွားနေမှန်း မသိသော်လည်း ပီနိုင်းကတော့
နောက်မှတကောက်ကောက် ကပ်လိုက်လျက်ရှိသည်။
တစ်နေရာအရောက်တွင် လေ့ကျင့်ရေးကိုယ်စီ ဆင်းနေကြသော
လူများစွာကို တွေ့ရ၏။ထိုသူတို့မှာ
အခန်းရှေ့မှ ပီနိုင်းတို့ဖြတ်လျှောက်စဉ်
စိတ်ဝင်တစား လိုက်ကြည့်နေကြလေသည်။ပီနိုင်းမှာ
နာဘီနိုင်းဂိုဏ်းသားတို့အား မိုက်တိမိုက်ကန်းပင်
ပြန်ကြည့်လျက် ရှိလေသည်။
ကူးစမိုင်းကမူ ဘေးပတ်ဝန်းကျင်အား တစ်စက်ကလေးမျှပင် လှည့်မကြည့်ခဲ့ပါချေ။သွားနေသော
ခြေလှမ်းတို့က ဟန်မပျက်။အဖွဲ့သားတွေရှိသော အခန်းတို့ကို ဖြတ်ပြီးသောအခါ
တံခါးတစ်ခုကို ကူးစမိုင်းဖွင့်လိုက်သည်နှင့်
ဝတ်စုံပြည့်ဝတ်ထားသော
လူငယ်နှစ်ဦးက ကူးစမိုင်းကို
ဦးညွှတ်ကာ ဆီးကြိုသည်။ယခုအခါ
သူတို့သည် ခမ်းနားလွန်းသော ဧည့်ခန်းကျယ်ကြီးထဲ ရောက်နေခဲ့ပြီ။
အစောင့်နှစ်ယောက်အား ကူးစမိုင်းသည် ထုံးစံအတိုင်း လှည့်ပင်မကြည့်ခဲ့။သူ့ပုံစံမှာ ယဉ်ယဉ်ကျေးကျေးကလေးနှင့် မိုက်လွန်း၏။ဘေးတွင်ရှိနေသော
မလိမ္မာသည့်ကောင်ကလေးမှာ
အသည်းယားလျက် ရှိနေခဲ့ပြီ။
အကြမ်းပတမ်းဆွဲနမ်းပစ်ချင်စိတ်အား
အတင်းချိုးနှိမ်ထားရပုံပင်။သူသည်
ကူးစမိုင်းအား ပခုံးချင်း အသာတိုက်လိုက်၏။ထိုအခါ ကူးစမိုင်းက ဘေးသို့လှည့်ကြည့်ပြီး
မျက်နှာတည်နှင့် သတိပေးဟန်ကြည့်ကာ ပြောသည်။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now