တစ်ပတ်ကျော်ခဲ့လေပြီ။ဝေသာပီနိုင်း
တောင်ပိုင်းသို့ ရောက်နေသည့် အချိန်ကာလကို ဆိုလိုခြင်းသာ။
တောင်ပိုင်းဘာသာစကားသည် ပီနိုင်းထင်ထားသလို သိပ်မခက်လှ။
တစ်ပတ်အတွင်းမှာပင် သူ အတော်
နားလည်နေခဲ့ပြီ။ထိုသည်က သူ၏
စိတ်အားထက်သန်မှုကြောင့်လည်း ဖြစ်နိုင်ပါ၏။စိုင်းလုခ၏ ဆရာလုပ်မှုကို
ပီနိုင်းမှာ ကြာကြာမခံလိုပေ။ထို့ကြောင့်
စားချိန်နှင့်အိပ်ချိန်မှလွဲ၍ ကျန်သည့်အချိန်တိုင်းကို စကားပြောလေ့ကျင့်ခြင်းဖြင့် အချိန်ကုန်စေသည်။သူ၏ အဓိက စကားပြောလေ့ကျင့်ဖော်များမှာ စံအိမ်ရှိ
အစောင့်များဖြစ်ကြသည်။အနှီအစောင့်တို့မှာ
မြောက်ပိုင်းသားနှင့် စကားမပြောလိုသော်လည်း ငနဲလေးက
သူတို့အား အလွတ်မပေး။အနားသို့လာပြီး
တစ်နေကုန် ပေါက်ပေါက်ဖောက်ရှာသည်။
စံအိမ်သခင်ကလည်း ကူညီပေးဖို့ မိန့်ထားသည်မို့ အစောင့်တွေခမျာ
ငြင်းလို့ မရရှာတော့။ထို့ကြောင့် သူတို့မှာ
အိမ်မွေးကောင်၏ စကားပြောလေ့ကျင့်ဖော်
ဖြစ်လာလေတော့သည်။ယခုလည်း ပီနိုင်းသည် နေ့လယ်စာ စားပြီးသည်နှင့်
ခြံထဲဆင်းကာ အစောင့်များနှင့် အာလူးဖုတ်လျက် ရှိနေသည်။ထိုစဉ်
ခြံထဲသို့ လိမ္မော်ရောင် ကားတစ်စီး
ထိုးဆိုက်လာလေသည်။ အစောင့်တို့မှာ စကားထိုင်ပြောနေရာမှ
ထလိုက်ကြပြီး ကားထဲမှ ထွက်လာသူအား
ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။
သို့သော် ထိုလူကတော့ မျက်စောင်းပင်
ထိုးမကြည့်ခဲ့ပါ။နွဲ့နှောင်းသော ခြေလှမ်းများနှင့်အတူ စံအိမ်ထဲသို့
ဝင်သွားခဲ့လေသည်။အနှီလူမှာ မိန်းကလေး
တစ်ဦးဖြစ်၏။ပီနိုင်းသည် ထိုမိန်းမအား
သူ စရောက်သည့်နေ့မှာ မြင်ဖူးခဲ့သည်။
ကူးစမိုင်းနှင့် သာမန်မဟုတ်သော ဆက်ဆံရေးရှိသည့် မိန်းမပျိုလေးပင်။ပီနိုင်းသည် တတ်သလောက်၊မှတ်သလောက်ဖြင့်
တစ်ဖက်လူတို့အား ထိုမိန်းကလေးက
ဘယ်သူဖြစ်ကြောင်း မေးလိုက်သည်။
ထိုအခါ တစ်ဖက်က ပြောတော့ပြောပြရှာ၏။
သို့ရာတွင် စကားပြောသင်တာ တစ်ပတ်ပဲ
ရှိသေးသော မြောက်ပိုင်းသားခမျာ
အဘယ်မှာ အလုံးစုံ နားလည်ရှာပါလိမ့်မလဲ။
သူသည် ခေါင်းကုတ်ဖင်ကုတ်၊ မျက်မှောင်တကြုတ်ကြုတ်။

YOU ARE READING
𝙲𝚕𝚘𝚞𝚍𝚢
Romance"ခင်ဗျားက ဘယ်သူလဲ" "နောင်တစ်ချိန် မင်းစွဲလမ်းလာမယ့် မကောင်းမှုလေး" ~~~~~~~~~~~~~~~~~💙 ⚠ စကားအသုံးအနှုန်း ကြမ်းတမ်းသော၊ သွေးထွက်သံယိုဖြစ်သော၊ညစ်ညမ်းသော ဇာတ်လမ်းဇာတ်ကွက်များစွာ ပါဝင်ပါသည်။အသက်ပြည့်ပြီးမှသာ ဖတ်ဖို့ အကြံပြုပါသည်။ Fiction Coverပုံမှာ မိ...