'မိန်းမသားပေမို့ ဖွင့်မပြောရဲပါကွယ်'
ဆိုသော အရှေ့တိုင်း သီချင်းမှာ
သန္တာနွေးအတွက်တော့ မဟုတ်လှ။
သူမက များစွာကွဲပြားသည် မဟုတ်လော။ပွင့်လင်းသွက်လက်သော အနှီမိန်းကလေးသည် ကူးစမိုင်းအိမ်တွင် တစ်ပတ်ခန့်မျှ
နေထိုင်သွား၏။ယခုအခါတွင်တော့
ပြန်သွားခဲ့လေပြီ။စိုင်းလုခ၏ အချစ်ကိုတော့ ရမသွား။သို့သော်
သန္တာနွေးသည် ပြန်သာပြန်သွားရသော်လည်း လက်လျှော့ဟန်တော့မရှိ။အလုပ်ကိစ္စရှိလို့သာ ပြန်သွားရခြင်းဖြစ်သည်။
သို့မဟုတ်ပါက သူမသည် ကူးစမိုင်းအိမ်တွင် အားမနာတမ်း နေမည်သာ။ယခုလည်း အချိန်ရလျှင်
ပြန်လာခဲ့ဦးမည်ဟု ပြောကြားသွားသေးသည်။မိန်းကလေးများ အရူးအမူးဖြစ်ပြီဆိုလျှင် ယောက်ျားတွေထက် ဆိုးပါ၏။
စိုင်းလုခမှာ တခြားသောမိန်းကလေးများကိုဆိုလျှင် လွယ်လွယ်ခါချလို့ ရပါသော်လည်း
လူဆိုးမကလေး သန္တာနွေးကိုမူ လွယ်လွယ်ခါချလို့ မရနိုင်ဖြစ်ရရှာသည်။စိုင်းလုခသည်
ကူးစမိုင်းနဲ့မှ
ဖူးစာမဆုံလျှင် တစ်သက်လုံး လူပျိုကြီးလုပ်တော့မည့်ပုံစံဖြင့် ဖြစ်သော်လည်း လောလောဆယ်တွင်
သူ့ကံကြမ္မာမှာ နောင်အနာဂတ်၌
ဇနီးတစ်ယောက် ရမည့်ပုံပင်။
ဤသည်ကား ရေခဲတုံးကြီး စိုင်းလုခ၏အကြောင်း တစေ့တစောင်း။_ __ __ _ __
လောင်းကစားဆိုသောအရာမှာ
မကောင်းဟု သိကြပါသော်လည်း
လူတို့ဆိုသည်မှာကား မကောင်းမှုနှင့်
ကင်းအောင်နေနိုင်သူများ မဟုတ်ကြ။
အားလုံးကို မဆိုလို။သို့သော် လူတစ်ရာလျှင် ၈၀လောက်က လောင်းကစားနှင့် ကင်းကြသည်မဟုတ်။"မင်းက ထူးဆန်းလိုက်တာ။
ကြံကြံဖန်ဖန် လူမွေးရတယ်လို့""ဘာများထူးဆန်းလို့လဲ။
ခင်ဗျားတောင်
ခွေးမွေးထားသေးတာပဲ"ရောက်ရှိနေသောနေရာမှာ မြို့တော်၏ စီးပွားရေးအချက်အချာကျသော နေရာတွင်ရှိသည့် လောင်းကစားရုံကြီးတွင်ဖြစ်၏။
ဘောလုံးကွင်းတစ်ကွင်းစာရှိသော ဤနေရာတွင် ကွင်းပြင်ထဲ၌
ပြိုင်မြင်းများ အမြန်နှုန်းဖြင့်
ပြေးနေကြသည်။နံပါတ်၃မြင်းမှာ
မြင်းဖြူကလေးဖြစ်၏။မြင်းဖြူမှာ
တစ်ခါမျှဗိုလ်စွဲဖူးသည်မဟုတ်။သို့သော် သူ့ဘက်က အမြဲလောင်းသော
လူချမ်းသာတစ်ဦးရှိသည်။ထိုသည်ကား မည်သူနည်းမေးစရာမလိုပါ။ခန့်ညားကျော့ရှင်းသည့် ကူးစမိုင်းဟူသော အမျိုးသားဖြစ်သည်။တောင်ပိုင်း
လူဆိုးဂိုဏ်းတို့၏ အင်အားကြီးအဖွဲ့
ထဲမှတစ်ဖွဲ့ဖြစ်သော အီဂိုဂိုဏ်း၏ ခေါင်းဆောင်ကြီး။တခြားသော
လူဆိုးဂိုဏ်းခေါင်းဆောင်များနှင့်
နှိုင်းယှဉ်ပါက ကူးစမိုင်းမှာ အသက်အငယ်ဆုံး ဖြစ်နေလေသည်။
ဂုဏ်သတင်းမှာလည်း မသေးလှသလို
အရှိန်အဝါကလည်း ကြီးသေးသည်။
ယနေ့တွင် သူသည် တခြားအဖွဲ့တစ်ဖွဲ့ ခေါင်းဆောင်ကြီး၏ ဖိတ်ခေါ်မှုကြောင့်
မြင်းပြိုင်ပွဲသို့ ရောက်နေခြင်းဖြစ်သည်။သူသည်
အထူးဧည့်သည်တော်များအတွက်
ပြင်ဆင်ထားသော နေရာတွင်
ခပ်မိန့်မိန့်ထိုင်ပြီး မြင်းပွဲကို ကြည့်နေလေသည်။နောက်ဘက်တွင်
လူငယ်တစ်ဦးရပ်နေပြီး ဘေးတွင်
ထိုင်နေသော အသက်ကြီးကြီးပုဂ္ဂိုလ်မှာ ကူးစမိုင်းကို ဖိတ်ထားသူဖြစ်သည်။
ထိုအဘိုးကြီးမှာ ဟန်းဂိုဏ်း၏ ခေါင်းဆောင်ကြီးဖြစ်ပေသည်။
အနှီအဘိုးကြီးသည် လောင်းကစားကို
ဝါသနာထုံသူဖြစ်သည်။သူ၏ အဓိက
စီးပွားရေးမှာလည်း လောင်းကစားသာ ဖြစ်၏။အဘိုးကြီးမှာ ကူးစမိုင်းနှင့်အတူပါလာသော လူငယ်ကလေးကို ကြည့်မရသည့်ပုံ။
ထို့ကြောင့် ကူးစမိုင်းကို လေပေါနေခြင်းဖြစ်သည်။
သို့ပါသော်ငြား ကူးစမိုင်းက သူ့စကားတို့ကို လေးလေးနက်နက်
မရှိလှ။အာရုံမှာ မြင်းဖြူဆီတွင်သာ
ရှိနေ၏။ထိုအခါ သူ့ဆီမှ နောက်ထပ်
တုန့်ပြန်စကား ထွက်လာပြန်သေးသည်။

YOU ARE READING
𝙲𝚕𝚘𝚞𝚍𝚢
عاطفية"ခင်ဗျားက ဘယ်သူလဲ" "နောင်တစ်ချိန် မင်းစွဲလမ်းလာမယ့် မကောင်းမှုလေး" ~~~~~~~~~~~~~~~~~💙 ⚠ စကားအသုံးအနှုန်း ကြမ်းတမ်းသော၊ သွေးထွက်သံယိုဖြစ်သော၊ညစ်ညမ်းသော ဇာတ်လမ်းဇာတ်ကွက်များစွာ ပါဝင်ပါသည်။အသက်ပြည့်ပြီးမှသာ ဖတ်ဖို့ အကြံပြုပါသည်။ Fiction Coverပုံမှာ မိ...