(10)

2.3K 151 12
                                    

တလီလီနှင့် မြည်နေသောအသံမှာ
နာရီနှိုးစက်သံမဟုတ်။တယ်လီဖုန်းအသံသာ
ဖြစ်၏။သို့ရာတွင် ထိုအသံကြောင့် ပီနိုင်းမှာ
ဆတ်ခနဲပင် ခေါင်းထောင်သွားရသည်။
သူသည် အိပ်ရာပေါ်မှ ကပျာကယာထလိုက်လျက် မတ်တပ်ရပ်လိုက်သည်။ထောင်စောင့်၏
နံပါတ်ခေါ်သံကို ကြားရဖို့ နားစွင့်လိုက်သော်လည်း ဘာသံမှ ထွက်မလာ။နောက်တော့မှ သူသိလိုက်ရသည်က သူသည် ထောင်ထဲမှာ မဟုတ်တော့ဆိုသည့် အကြောင်းကိုပင်။
ရှစ်နှစ်လောက် ရင်းနှီးခဲ့သော အလေ့အကျင့်ကြောင့် ထင်ယောင်ထင်မှား
ဖြစ်သွားခြင်းပင်။အခြေအနေကို ပြန်သုံးသပ်မိသောအခါမှ ပီနိုင်းမှာ ခေါင်းကို
အသာကုတ်လျက် ရှက်ကိုးရှက်ကန်း
ပြုံးမိသွား၏။ငါက ထောင်ထဲမှာ မဟုတ်တော့ဘူးဆိုသော အသိကို အထပ်ထပ်အခါခါ နှလုံးသွင်းပြီး
အခန်းထဲရှိ မြည်နေသော ဖုန်းကို
ကောက်ကိုင်လိုက်ရသည်။

"နိုးရင် မျက်နှာသစ်ပြီး ထွက်လာခဲ့တော့။
သခင်ကြီးက မင်းနဲ့အပြင်သွားစရာရှိတယ်"

တိုတိုတုတ်တုတ်ပင် ပြောကာ တစ်ဖက်က
ဖုန်းချသွားတော့သည်။အသံပိုင်ရှင်မှာ
သူ့သခင် မဟုတ်။နာမည်မသိရသော
တောင်ပိုင်းသားကြီးဖြစ်သည်။
အခန်းတွင်း နံရံပေါ်က နာရီကို တစ်ချက်လှမ်းကြည့်လိုက်တော့ ၆နာရီသာ
ရှိသေး၏။အိပ်ရာထခိုင်းတာ စောလွန်းနေသည်။ထောင်ထဲမှာပင် ယခုအချိန်နှင့် မထရ။တောင်ပိုင်းရောက်ခါမှဖြင့် ထောင်ထက်ပင် ဆိုးနေသလားလို့။
စိတ်ထဲ မကျေနပ်ချင်သော်လည်း
ပီနိုင်းမှာ ဘာမှမတတ်နိုင်သောကြောင့်
ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ခြင်း
တစ်ခုတည်းမဟုတ်ဘဲ တစ်ကိုယ်လုံး
ရေပါသွန်ပစ်လိုက်သည်။ထိုအခါမှ
လက်ကျန်အိပ်ချင်စိတ်ကလေးတို့လည်း
ပျောက်သွားကာ တက်ကြွသည့် ကြက်ဖကြီး
တစ်ကောင်လို လန်းလန်းဆန်းဆန်း ဖြစ်သွားလေသည်။ဝတ်စုံသစ်တစ်စုံ ယူဝတ်လိုု်က်ပြီး အခန်းထဲက ထွက်လာတော့
ဝင်ပေါက်အပြင်တွင် ကျောခိုင်းရပ်လျက်
ရှိသည့် တောင်ပိုင်းသားကြီးကို တွေ့ရ၏။
ထိုလူသည် ပီနိုင်းကို လှည့်မကြည့်။
တံခါးဖွင့်သံကြားပြီးချင်း ရှေ့က ဦးစွာ
သွားလေတော့သည်။ကူးစမိုင်း၏ အိမ်မွေးလေးဖြစ်သော ပီနိုင်းမှာ တောင်ပိုင်းသားကြီးနောက်က အသာလိုက်လာခဲ့ရသည်။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now