(11)

2K 157 14
                                    


အရှေ့ကောင်းကင်ဆီက ဖြာကျလာနေတဲ့
နေရောင်ခြည်မှာ အနွေးဓာတ်ကလေးတွေ
ပါဝင်နေခဲ့ပြီ။သူတို့ လမ်းလျှောက်လာတာ
ဆယ်မိနှစ်လောက် ရှိတော့မယ်။လမ်းဘေးက
အညိုရောင်ကော်ဖီဆိုင်တွေမှာ လူတွေ
တော်တော်ကျနေခဲ့ပြီ။ဒီမြို့ဟာ
ကောင်းကင်ပြာပြာအောက်က အညိုရောင်သန်းနေတဲ့ မြို့ကလေးပဲ။
စိတ်ကူးယဉ်ပုံပြင်တွေထဲက ချစ်စရာမြို့လေးတွေလိုပေါ့။လမ်းတွေဆိုရင်
ဘေးတစ်ဖက်စီမှာ မြက်ခင်းစိမ်းတွေနဲ့။
လူနေအိမ် အဆောက်အဦးတွေဟာ အညိုရောင်တွေချည်းပဲ။တောင်ပိုင်းသားတွေဟာ စိတ်ကူးယဉ်နယ်ပယ်ထဲမှာ သာယာနေကြတဲ့ လူပျော့တွေဆိုပြီး
မြောက်ပိုင်းလူတွေပြောတာ
ပီနိုင်း ခဏခဏ ကြားဖူးတယ်။တစ်ခါမှတော့ စိတ်ဝင်စားမှု မရှိခဲ့ဖူးဘူး။ချစ်စရာမြို့တွေဟာ
ပီနိုင်းနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူး။
အေးချမ်းတဲ့မြို့တွေမှာ သွားနေချင်စိတ်မျိုးလည်း ပီနိုင်းမှာ
တစ်ခါမှ မရှိခဲ့ဖူးဘူး။ဆူညံမှုတွေ၊ကြမ်းတမ်းမှုတွေ၊
ရာဇဝတ်မှုမျိုးစုံနဲ့ ရှုပ်ထွေးနေတဲ့ မြောက်ပိုင်းကသာ ပီနိုင်းနဲ့ အလိုက်ဖက်ဆုံးပဲ။
ဒါကြောင့် တောင်ပိုင်းက လူတွေရဲ့
လူနေမှုပုံစံဟာ ပီနိုင်းအတွက် လုံးဝ ပျင်းစရာကောင်းနေတယ်။လောလောဆယ်
မြင်တွေ့ရတာတော့ အဲ့ဒီအတိုင်းပဲ။
အေးချမ်းလွန်းတယ်။တိတ်ဆိတ်လွန်းတယ်။
ကော်ဖီဆိုင်ထိုင်ပြီး ဘာစကားမှလည်း မပြောကြဘဲ လူတိုင်းက သတင်းစာကိုယ်စီနဲ့။ တိတ်တိတ်ဆိတ်ဆိတ်ပဲ။ဆူညံမှုကို ကြားရဖို့ ပီနိုင်းမှာ ဆာလောင်လာတဲ့အထိ။ပီနိုင်းဟာ
ကူးစမိုင်းကို စကားပြောချင်ပေမဲ့ ဆိတ်ဆိတ်နေဖို့ အမိန့်ပေးထားလို့ အခုအခါမှာ ဘာသံမှ မထွက်ရတော့ဘူး။
သူဟာ ထူပူနေတဲ့ နားရွက်တစ်ဖက်ကိုသာ
အသာပွတ်နေမိတော့တယ်။သူ့နားရွက်က
နီရဲနေတယ်။အစောပိုုင်းက သခင်ကို
ကူးကူး၊ကူးကူးနဲ့ စနောက်ပြီး ခေါ်ခဲ့လို့
ကူးစမိုင်းက သူ့ကို နားရွက်လိမ်ဆွဲထားတာ။
အသာကလေး လိမ်ဆွဲတာမျိုးတောင် မဟုတ်ဘူး။အားကြီးနဲ့ လိမ်ဆွဲခံထားရတာပဲ။
ဒါဟာ သခင်ကို အခွက်ပြောင်တဲ့ အကျိုးပေါ့။

အညိုရောင်ဆိုင်သေးလေး တစ်ဆိုင်ရှေ့ရောက်လာချိန်မှာတော့
ကူးစမိုင်းရဲ့ ခြေလှမ်းတွေက ရပ်သွားခဲ့ပြီ။
အရှေ့ဝင်ပေါက်တံခါးကိုဖွင့်ပြီး ကူးစမိုင်းက
ရှေ့မှ ဝင်သွား၏။ပီနိုင်းမှာလည်း ကူးစမိုင်းနှင့်အတူ အထဲသို့ ဝင်လိုက်သည်။
ဆိုင်ထဲရောက်မှ ဆံပင်ညှပ်ဆိုင်ဖြစ်မှန်း
ပီနိုင်းမှာ သိရလေသည်။ဆိုင်ထဲတွင်
လူနှစ်ယောက် ဆံပင်ညှပ်နေကြသည်ကို
မြင်လိုက်ရတဲ့အခါ ပီနိုင်း မျက်ခုံးပင့်သွားသည်။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now