(19)

1.2K 106 3
                                    

"တောက်..ဒီလိုစော်ကားမှုမျိုးကို
အဖေက ဘာမှပြန်မလုပ်တော့ဘူးလား။
ကျုပ်ကတော့ အဲ့ဒီကောင်ကိုရော
သူတို့တစ်ဂိုဏ်းလုံးကို မျိုးပြုတ်သွားအောင်
သတ်ရမှ ကျေနပ်မယ်"

"စိတ်ကိုလျှော့စမ်းလို့ ငါပြောနေတယ်"

"မလျှော့နိုင်ဘူး။အဖေက သွေးကြောင်ပေမယ့် ကျုပ်က အဖေ့လို မဟုတ်ဘူး။လူမိုက်လုပ်ပြီး အဲ့လောက်ကြောက်နေရင်လဲ
အဖေ ခေါင်းဆောင်လုပ်မနေနဲ့တော့"

'ဖြန်း'

ပြောမရသည့်အဆုံး လက်ဝါးစောင်းနှင့်
ရိုက်ချလိုက်တော့ သားဖြစ်သူမှာ
ချာခနဲ တစ်ချက်လည်သွားသည်။
လက်အောက်ငယ်သားတို့မှာလည်း
အဘိုးကြီး၏ နီရဲနေသော မျက်လုံးတို့နှင့်
မျက်နှာချင်းဆိုင်လိုက်ရချိန်မှ အနည်းငယ်
ကုပ်သွားကြ၏။လွမ်ဟီဂိုဏ်း၏ လက်ရှိအခြေအနေမှာ ယခုမြင်ရသည့်အတိုင်း။မွေးစားသားတစ်ယောက် အသတ်ခံလိုက်ရသည်ကို ဘာမှပြန်မလုပ်ဘဲ နေနေသည့် အဘိုးကြီးအား
ငယ်သားတို့မှာ အားမရ။အဘိုးကြီး၏ သားကြီးမှာ ခရီးထွက်နေရာမှ ယခုမှ အိမ်ပြန်ရောက်သည်မို့ လူသတ်ခံရသော
ကိစ္စကို သိသွားပြီး သောင်းကျန်းနေခြင်း
ဖြစ်သည်။သူသည် နောက်လိုက်တို့ကို
အိမ်၌ စုဝေးလိုက်ပြီး အီဂိုဂိုဏ်းမှလူတို့နှင့်
သူသေကိုယ်သေ ချဖို့ရန် ကြံနေလေ၏။
အဘိုးကြီးမှာ ဒေါသထွက်နေသော သားဖြစ်သူအား တားနေခြင်းဖြစ်သည်။
နောက်ဆုံး ပြောမရသည့်အခါ မျက်နှာကို
လက်ဝါးစောင်းစာ ကျွေးလိုက်လေသည်။
သူ့မျက်နှာမှာ တင်းမာလျက်ရှိ၏။

"မိုက်တယ်ဆိုတာ ဉာဏ်နဲ့ယှဉ်ပြီး မိုက်ရတယ်ကွ။ကိုယ့်ဂိုဏ်းရဲ့ လက်ရှိအင်အားကိုလည်း ထည့်တွက်ဦး။
ငါတို့က ခုအချိန်မှာ အားအနည်းဆုံးဖြစ်နေပြီ။ကူးစမိုင်းက
ငါတို့ သွားထိလို့မရတဲ့ အခြေအနေတစ်ခုကို
ရောက်သွားပြီ။အခုနေများ ငါတို့က သူ့အဖွဲ့နဲ့
သွားချရင် အရင်ဆုံးသွေးချောင်းစီးသွားမှာ
ငါတို့ပဲ။နားလည်ရဲ့လား စောက်ရူး"

"ဟ ဒါဆို အဖေက ဒီကိစ္စကို ဒီတိုင်းပဲ
ပြီးလိုက်တော့မယ်ပေါ့ ဟုတ်လား"

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now