(30)

554 25 3
                                    

မိုလုရှိန်သည် သူ့ထိန်းချုပ်မှုအောက်တွင်
ရှိနေသော အလှလေးတစ်ယောက်ကို
မည်သို့မဆို သူ့စိတ်ကြိုက် လုပ်ပစ်နိုင်စွမ်းရှိသည်။
သူ့လက်တစ်ဖက်သည်
ကူးစမိုင်းလည်တိုင်ကို အနောက်မှ သိုင်းဖက်ထား၏။
မျက်နှာကို အလှလေးပခုံးပေါ်တွင် အသာ တင်ထားသည်။ထို့နောက် အနှီလူ၏ မျက်နှာမှာ သူ့ပါးပြင်နား ဦးတည်လာသောအခါ ကူးစမိုင်းမှာ လည်တိုင်ကို
ဘေးသို့စောင်းကာ ရှောင်လိုက်၏။ထို့နောက် သူက
စိတ်ရှုပ်သော အသံဖြင့် မေးလိုက်သည်။

"ခင်ဗျားမူးလာတာလား"

"ကိုယ်က ဘယ်တော့မှ မူးအောင်
မသောက်တတ်ဘူး။အထူးသဖြင့်
မင်းနဲ့ နှစ်ယောက်တည်း ရှိနေရချိန်မျိုးဆိုရင် ပိုလို့တောင်
ဝေးသေး။"

"ဘာလို့လဲ။ခင်ဗျား ဖင်ချခံရမှာ
ကြောက်လို့လား"

ကူးစမိုင်းမှာ အမှန်တကယ်တော့
အနှီစကားမျိုးကို ယခုအနေအထား ရောက်နေချိန်မျိုးတွင် ပြောလိုက်ခြင်းက သူ့အတွက်
အန္တရာယ်ရှိနိုင်၏။သူကိုယ်တိုင်လည်း ပြောပြီးချက်ချင်း နောင်တ ရသွားပုံပင်။ထိုင်နေရင်းက သူ့ကိုယ်မှာ အိပ်ရာပေါ် လှဲချခံလိုက်ရသည်။မိုလုရှိန်က
အပေါ်မှနေကာ
သူ့လည်တိုင်သွယ်အား ခပ်တင်းတင်း ဖိထားခြင်းကို
ခံလိုက်ရ၏။သူသည် အသက်ရှူကျပ်မှုကြောင့် တစ်ဖက်လူ၏ သန်မာသော
လက်ကို ဖယ်ထုတ်ပါသော်လည်း
မရပါ။မိုလုရှိန်ဘက်က လွှတ်ပေးချိန်မှ ပြန်ပြီး အသက်ရှူခွင့် ရခဲ့လေသည်။

"စကားဆိုတာ ပြောတိုင်းကောင်းတာ မဟုတ်ဘူး။နောက်တစ်ခါ ဒါမျိုး
ထပ်မပြောနဲ့။ကိုယ်က ဂေးမဟုတ်လို့
မင်းကံကောင်းသွားတယ် မှတ်"

မိုလုရှိန်သည် ကူးစမိုင်းအား သတိပေးစကားပြောခဲ့ပြီးနောက်
ခုတင်ပေါ်မှ ဆင်းသွားသည်။
သူ တံခါးအပြင် မရောက်ခင်
တစ်ချက်လှည့်ကြည့်၏။

"ဟိုလူ့ဆီသွားတဲ့အခါ
မရှုမလှခံထားရတဲ့ မင်းကိုယ်ပေါ်က အရာတွေကို
ဖျောက်သွား။စကားအများကြီး
ပြောရအောင် သိပ်မလုပ်နဲ့"

အမိန့်ပေးသောအသံက ပြတ်သည်။

"ချီးပဲ"

တစ်ဖက်လူ ထွက်သွားပြီးသည်နှင့် ကူးစမိုင်းသည် သူ့လည်တိုင်ကို
ပြန်စမ်းကာ စိတ်ပျက်စွာ ဆဲလိုက်၏။သူသည် မှန်ရှေ့တွင်
သွားရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်သည်။သူ့ကိုယ်ပေါ်တွင် အကွင်းလိုက် သွားရာပေါင်း
များစွာ ရှိနေ၏။ထိုအရာများမှာ
မနေ့ကမှ သူ့အိမ်မွေးသားတော် ကိုက်ထားသော သွားရာများပင်
မဟုတ်ပါလား။ဖုံးသွားဟု
မိုလုရှိန်ပြောခဲ့သော အရာမှာ
ဤသွားရာများကို ဆိုလိုခြင်းသာ။အစတွင်
ကူးစမိုင်းသည် လည်ဟိုက်ဝတ်စုံကို ရွေးထားခဲ့သော်လည်း နောက်တွင် လုံလုံခြုံခြုံရှိသော
တခြားဝတ်စုံ ရွေးဝတ်လိုက်ရသည်။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now