(7)

2.5K 196 2
                                    

မျက်နှာကို ငုံ့ကာ အောက်နှုတ်ခမ်းကို အသာကိုက်လိုက်မိသည်။နှုတ်ခမ်းစွန်းတို့မှာ
လှစ်ခနဲ အပေါ်သို့ ကော့တက်သွား၏။
ပီနိုင်းသည် ကူးစမိုင်းရှေ့တွင် သူ့နှုတ်ခမ်းတို့ကို မည်သို့မျှ တင်းတင်းစေ့ထားလို့ မရပါ။
မလိမ်မာသော အိမ်မွေးလေးကို စည်းကမ်းတင်းကြပ်ရတော့မည်ဟု ပြောလာသော်လည်း ပီနိုင်းကတော့ ရယ်ကျဲကျဲ။

"လာခဲ့ မင်း"

ကူးစမိုင်းသည် ပီနိုင်းရှေ့မှ လှည့်ထွက်ကာ
အခန်းတွင်း အပြင်ဘက်သို့ သွားခြင်းဖြစ်သည်။ထိုသည်မှာ ဝရန်တာခန်းဖြစ်၏။ပီနိုင်းမှာ သူ့သခင်နောက်က ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။

ဝရန်တာခန်းတွင် ဒန်းသေးသေးလေး
တစ်ခုရှိ၏။ကူစမိုင်းသည် ပီနိုင်းအား
ထိုဒန်းပေါ်တွင် ထိုင်ဖို့အချက်ပြသည်။
ထို့နောက် သူက ပီနိုင်းနဲ့ မျက်နှာချင်းဆိုင်
ထိုင်လိုက်သည်။

"အင်္ကျီကြယ်သီးဖြုတ်လိုက်"

"အားလုံးဖြုတ်ရမှာလား"

"ရင်ဘတ်ပေါ်ရင် ရပြီ"

ကူးစမိုင်းသည် လက်ထဲမှကိုင်ထားသော
သေတ္တာသေးသေးလေးကို အနားရှိ ခုံပေါ်တွင်
တင်လိုက်ပြီး အဖုံးဖွင့်လိုက်သည်။ထို့နောက်
ပီနိုင်းကို သူက အင်္ကျီကြယ်သီးဖြုတ်ခိုင်းခြင်းပင်။
ကူစမိုင်း ဘာလုပ်ချင်နေသည်ကို ပီနိုင်းမှာ
အမှန်တကယ်ပင် မသိပေ။သို့ရာတွင် သူသည်
ကူးစမိုင်းလုပ်ခိုင်းသည့်အတိုင်း ကြယ်သီးတချို့ဖြုတ်လိုက်သည်။မဟုတ်သေး။ကြယ်သီးအားလုံးကို ဖြုတ်ချခဲ့သည်။ထိုအခါ
ကူးစမိုင်းက အင်္ကျီကို ပခုံးပေါ်ဆွဲချလျက်
ပီနိုင်းရင်ဘတ်ပေါ်က အမှတ်ကို စူးစိုက်ကြည့်လာသည်။
ပြီးနောက် သူသည် သေတ္တာထဲမှ ခပ်သေးသေး စူးတံတစ်ခုကို ယူလိုက်ကာ
ပီနိုင်းရင်ဘတ်ပေါ်က နှုတ်ခမ်းရာကို
စူးတံဖြင့် ခပ်ဆဆထိုးသည်။ပီနိုင်းမှာ
ရုတ်တရက် မျက်နှာတစ်ချက်မဲ့မိသွားသည်။
အပူချောင်းနဲ့ထိုးခံထားရသော ထိုနေရာမှာ
နာကျင်မှုက ယခုတိုင် လတ်လတ်ဆတ်ဆတ်
ရှိဆဲပင်။ယခု ထိုနေရာသို့ စူးဖြင့်ပေါက်နေပြန်သောအခါ ဘာမှပြန်မပြောမိသော်လည်း အံကိုတော့
ခဲထားမိ၏။သို့သော် နာကျင်မှုမှာ အချင်းပျောက်မသွားခဲ့။နောက်တော့ ပီနိုင်း
အကြံရသွားသည်။ထိုသည်က သူ့ရှေ့နီးနီးကပ်ကပ်ရှိနေသော ကူးစမိုင်း၏
မျက်နှာလှလေးအား တငေးတမော ကြည့်ခြင်းပင်။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now