(27)

1.7K 110 18
                                    

Mature Content

"ဝေသာပီနိုင်း"

ကူးစမိုင်းက သတိပေးဟန်ကြည့်၏။
ပီနိုင်းသည် ကူးစမိုင်း၏ သတိပေးမှုကို မသိချင်ဟန်ဆောင်ကာ ထပ်ပြောသည်။

"တစ်ချီတည်းပဲ"

ပြောမရဆိုမရသော လူဆိုးကောင်အား ကူးစမိုင်းသည်
ဘေးသို့မျက်နှာလှည့်ကာ စိုက်ကြည့်လိုက်၏။ထို့နောက် သူက
ခပ်အေးအေးပင်ပြောသည်။

"ငါစိတ်မပါဘူး"

"စိတ်ပါအောင်လုပ်နိုင်ရင် ရပြီမလား"

"စမ်းကြည့်လိုက်လေ"

"ကောင်းပြီ"

ခွင့်ပြုချက်ရသောအခါ ပီနိုင်းသည်
နံပါတ်တစ်ခုကိုနှိပ်လိုက်ပြီး
ကားမောင်းနေသော လူကြီးကို ဆက်သွယ်လိုက်၏။

"ဦးလေး...ကားကိုမြို့ပတ်မောင်းပေး"

တစ်ဖက်ကိုအကြောင်းကြားပြီးသောအခါ ပီနိုင်းသည် ဘေးတွင်ထိုင်နေသော
ကူးစမိုင်းကို ခါးမှဆွဲယူလျက် သူ့ပေါင်ပေါ်သို့ တင်လိုက်၏။ထိုအခါ
ကူးစမိုင်းမှာ ပီနိုင်းပေါင်ပေါ် ခွလျက်နှင့်။သူသည် ပီနိုင်းပခုံးကို
အလိုက်သင့် လက်တင်ထားပြီး စိုက်ကြည့်ကာ နေလေသည်။
ပီနိုင်းက သူ့ပခုံးပေါ်တင်ထားသော
လက်တို့ကို ကူးစမိုင်း၏ နောက်ဘက်သို့ ပြန်ပို့ပြီး
ဆုပ်ကိုင်လိုက်သည်။
ထို့နောက် လည်စည်းကိုဖြုတ်ကာ
လက်တို့ကို ပူးချည်ထားလိုက်၏။
သူ့လက်တို့ကို ဤကဲ့သို့ နောက်ပြန်ပူးချည်ထားခြင်းခံလိုက်ရသောအခါ ကူးစမိုင်းမှာ မျက်ခုံးက
အနည်းငယ်ပင့်သွားသည်။ထိုအခါ ပီနိုင်းက ပြုံးပြ၏။သူသည် ကူးစမိုင်း၏ ခါးကျဉ်ကျဉ်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားပြီးနောက် မျက်နှာကို
အပေါ်သို့မော့ကာ တစ်ဖက်လူ၏
လည်စည်းကို သွားဖြင့်ကိုက်ဖြည်နေသည်။
ရသွားသောအခါ ကူးစမိုင်းကို မျက်လုံးပိတ်ခိုင်းထားပြီး နောက်ထပ်လည်စည်းဖြင့် မျက်လုံးတို့ကို စည်းနှောင်လိုက်၏။
ကူးစမိုင်းသည် မခန့်ဟန်ဖြင့် လှစ်ခနဲ
တစ်ချက်ရယ်လိုက်သည်။ထိုအခါ
သူ့လည်တိုင်က ဆစ်ခနဲ နာကျင်မှုတစ်ခုကြောင့် မျက်နှာမှာ ပြန်တည်သွား၏။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now