(31)

973 24 2
                                    

"ကျုပ်တို့ အခု ဘယ်သွားနေတာလဲ
မေးလို့ရမလား"

ဝေသာပီနိုင်းသည် ငြိမ်လျက်
ထိုင်လိုက်လာရာမှ ဘေးကိုလှည့်ကာ မေးခြင်းပင်။
ကူးစမိုင်းမှာ ပီနိုင်းကို မကြည့်။
သူသည် တောင်ကြားလမ်းထဲတွင်
ကားကို လှလှပပ ကွေ့ပတ်မောင်းနေခဲ့သည်။
ဂရုတစိုက် ကားမောင်းနေရင်းမှ
သူသည် တစ်ဖက်က အမေးစကားကို ပြန်တုန့်ပြန်၏။

"ရောက်တဲ့အခါ သိလိမ့်မယ်လေကွာ။မလောနဲ့"

ပီနိုင်းသည် ဘာစကားမှ ထပ်မပြောဖြစ်တော့။ရှေ့မှ
မြင်ကွင်းတို့ကိုသာ စိုက်ကြည့်ရင်း ပါလာခဲ့တော့သည်။ကူးစမိုင်းမောင်းလာသော ကားဖြူကလေးမှာ
သူနေထိုင်ရာမြို့နှင့် ၄မိုင်အလွန်ကို ကျော်နေခဲ့ပြီ။
ခဏကြာသော် ကားဖြူကလေးမှာ တောင်အောင်လမ်းသို့ တအိအိ
ဆင်းသွားလေ၏။လမ်းအဆုံးတွင် သူတို့သည် တစ်လုံးတည်းရှိသော စံအိမ်ကြီး
တစ်အိမ်ကို တွေ့ရသည်။စံအိမ်ဘေးပတ်ဝန်းကျင်တွင် ချယ်ရီပင်တို့ တအုပ်အုပ်။

ကူးစမိုင်းသည် ကားပေါ်မှ ဆင်းလိုက်ပြီး သော့ခတ်ထားသော ခြံတံခါးကို
ဖွင့်လိုက်၏။စံအိမ်ကြီးမှာ ခြံဝန်းက ကျယ်လွန်းသည်။
အထဲတွင် စကားဝါပင် များစွာနှင့်။အပင်ကြီးများနှင့်
သာယာသော ခြံဝန်းကလေးဖြစ်သည်။လူမနေသော်လည်း ခြောက်ကပ်မနေ။
စိမ်းစိမ်းစိုစို ရှိလှသည်။ဤနေရာသို့ ကူးစမိုင်းမှာ မကြာမကြာ ရောက်တတ်သော်လည်း သူ၏ မွေးစားသားတော်မောင်မှာတော့
ယခုမှ ပထမဆုံး ရောက်ဖူးခြင်း။
ဆိတ်ငြိမ်သော နေရာဖြစ်သည်မို့
အေးချမ်းတိတ်ဆိတ်စွာ နေလိုသူတိုင်းအတွက် လုံးဝ
အဆင်ပြေသော နေရာတစ်ခုပင်။

"ဝေသာပီနိုင်း"

"ဗျ"

"ဟိုမှာနေရတာ ပျင်းရင်
မင်း ဒီမှာလာနေလို့ ရတယ်"

"ကျုပ်အတွက် ဝယ်ထားတာလား။
ကြိုက်တယ်ရယ်"

အမှန်က ကူးစမိုင်းမှာ ဤအိမ်ကြီးအား ပီနိုင်းအတွက်
ဝယ်ထားခြင်း မဟုတ်။သူ့ဖာသာသူ တစ်ယောက်တည်း အေးအေးဆေးဆေး နေလို၍
ဝယ်ထားခြင်းသာ။သို့သော်ငြား
သူ့ကလေးက အကြိုက်တွေ့ကာ
သဘောကျနေသည်မို့ "မင်းအတွက် ဝယ်ထားတာ မဟုတ်"ဟူသော စကားမျိုးကို
မပြောဖြစ်လိုက်တော့ပေ။သူသည်
စိတ်ရင်းနှင့် မြူးရွှင်နေသော
မည်သူတစ်ဦးတစ်ယောက်ကိုမှှ စိတ်ကွက်သွားစေလိုသော ဆန္ဒ မရှိပေ။တစ်အိမ်လုံးကို
လျှောက်ပတ် ကြည့်ရှုနေသော
ဝေသာပီနိုင်းအား ကူးစမိုင်းသည် လက်ပိတ်ရပ်ကာ
တည်ငြိမ်စွာ ကြည့်နေခဲ့သည်။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now