(3)

3.5K 262 5
                                    

သုံးလကြာပြီးနောက်။

6268 နံပါတ်ရိုက်ထားတဲ့ အကျဉ်းသားဝတ်စုံကို
ကိုယ်ပေါ်က ချွတ်လိုက်ပြီး အစောင့်ပေးသော
အနက်ရောင်ဝတ်စုံပြည့်ကို လဲဝတ်လိုက်သည်။
ခပ်ရှည်ရှည်ဖြစ်နေသော ဆံပင်တို့ကို လက်နှစ်ဖက်နှင့် ဘေးသို့သပ်တင်လိုက်သည့်
သူ့ပုံစံက ဟိတ်ဟန်အပြည့်။သစ်လွင်တဲ့ ဖိနပ်ကို
ထိုးစီးပြီးနောက်မှာ ဖွင့်ပေးထားသော ထောင်တံခါးအပြင်ဘက်သို့ စတင်ခြေချလိုက်သည်။ဝေသာပီနိုင်း ထောင်က
လွတ်ပြီ။အိပ်မက်မက်နေခြင်း မဟုတ်ဘူး။
၁၆နှစ်သားကတည်းက ထိန်းသိမ်းခြင်းခံထားခဲ့ရတဲ့
ချာတိတ်ကလေးတစ်ယောက် အပြင်ပြန်ထွက်လာချိန်မှာ ၂၄နှစ်ရှိနေပြီ။

ဝေသာပီနိုင်း။၈နှစ်ကြာခဲ့ပြီဖြစ်ပေမဲ့
ပီနိုင်းရဲ့နာမည်ဟာ အပြင်လောကမှာ
ခုထိလွှမ်းမိုးထားတုန်းပဲ။ငါးလောင်းပြိုင်
လူသတ်မှုရဲ့တရားခံလူမိုက်ကလေး။
၁၆နှစ်ပဲရှိသေးတဲ့ ကောင်ကလေးဟာ
လူမျိုးခြားတက္ကသိုလ်ကျောင်းသားငါးယောက်ကို
အနီးကပ်ပစ်သတ်ခဲ့တာ။ပြီးတော့ ရဲစခန်းကို
ခပ်တည်တည်လျှောက်သွားပြီး အဖမ်းခံခဲ့တဲ့
ချာတိတ်ကလေး။ထွက်ပြေးတာမျိုးမလုပ်ဘဲ
သေနတ်တစ်လက်နဲ့ အေးအေးဆေးဆေးအဖမ်းခံဖို့လာတဲ့ ချာတိတ်ကလေးကြောင့် ရဲသားကြီးတွေမှာ
ပါးစပ်အဟောင်းသားနဲ့ ဖြစ်ခဲ့ရတာ သတင်းစာတိုင်းမှာ ဖော်ပြလို့ မဆုံးဘူး။
လူသတ်ရတဲ့အကြောင်းရင်းကိုတော့ ဘယ်လိုမေးမေး စစ်မေးလို့မရခဲ့။ဒီချာတိတ်ကလေးရဲ့အကြောင်းကို နည်းနည်းပါးပါးပြောပြရမယ်ဆိုရင်
ချာတိတ်က မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့
မွေးစားသားလေးပဲ။ဝေသာပီနိုင်း အထိန်းသိမ်း
မခံရသေးခင် အချိန်တုန်းက မြောက်ပိုင်းနယ်မြေဟာ လူမိုက်ဂိုဏ်းတွေ
စိုးမိုးနေတဲ့အချိန်။ဗာစီနိုးဂိုဏ်းဟာ အင်အားကြီး
လူမိုက်ဂိုဏ်းတွေထဲက တစ်ခုပဲ။ပီနိုင်းရဲ့မွေးစား
ဖခင်ဟာ ဗာစီနိုးဂိုဏ်းရဲ့ခေါင်းဆောင်ကြီးပေါ့။
သူ့မှာ ဝေဘီဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။
ပီနိုင်းထက် လေးနှစ်ကြီးတဲ့ ဝေဘီဟာ ပီနိုင်းနဲ့မောင်နှမ အရင်းတွေလိုပဲ။တစ်ခုရှိတာက ဝေသာပီနိုင်းဆိုတဲ့ ငတိက
အစ်ကိုကြီးအထာ တအားဖမ်းတာ။ဝေဘီကို
ညီမလေးလိုဆက်ဆံပြီး သူကျတော့ ဝေဘီရဲ့
အစ်ကိုကြီးပေါ့လေ။မွေးစားဖခင်ကြီးက ပီနိုင်းကို
ကျောင်းထားပေးပေမဲ့ ပီနိုင်းက အလယ်တန်းလောက်နဲ့ ကျောင်းထွက်ပြီး
ဆက်မတက်တော့ဘူး။သူက စာကိုစိတ်ဝင်စားတဲ့
လူစားမျိုးမဟုတ်ဘူး။သူတို့ဂိုဏ်းကို လာကြောတဲ့လူတွေကို ဘယ်လိုသတ်ရမလဲဆိုတာကိုဘဲ စိတ်ဝင်စားတဲ့
လူမျိုး။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now