ဆင်ဝင်အောက်တွင် တိခနဲထိုးရပ်သွားသော
ကားမှာ အနက်ရောင်ကလေး။
ကားပေါ်မှလူသည် ချက်ချင်းဆင်းမလာ။
တစ်စုံတစ်ဦးက ကားတံခါးကို လာဖွင့်ပေးဖို့
စောင့်နေသည့်နှယ် ဟိတ်ဟန်ကြီးလွန်းလှသည်။
စိုင်းလုခမှာ အလိုက်သိစွာ တံခါးကို သွားဖွင့်ပေး၏။
ကားတံခါးပွင့်သွားချိန်တွင် အထဲမှ လူတစ်ဦး
ထွက်လာသည်။ထိုလူမှာ စိုင်းလုခနှင့် အရပ်အတူတူဖြစ်သည်။သို့ရာတွင် မျက်နှာမှာ စိုင်းလုခထက် ပိုရင့်၏။
စိုင်းလုခသည် တာဝန်အရသာ ကားတံခါးဖွင့်ပေးခဲ့ရပါသော်လည်း မျက်နှာကမူ တစ်ဖက်လူအား ထထိုးပစ်ချင်သည့် ပုံစံနှင့်ရှိ၏။သူသည် တစ်ဖက်လူအား နည်းနည်းလေးမျှပင် နှစ်မြို့ဟန်မရှိ။ခပ်ရင့်ရင့်ကြည့်နေသော သူ့အား တစ်ဖက်လူက တစ်ချက်စိုက်ကြည့်သည်။"မင်းရဲ့သခင်ရော"
"အိမ်ထဲမှာရှိတယ်"
စိုင်းလုခက မှင်သေသေနှင့်ကြည့်ကာ ဖြေသည်။ထိုစဉ် အိမ်ပေါက်ဝတွင် ကူးစမိုင်းပေါ်လာ၏။သူသည် စိုင်းလုခဘေးမှ
လူအား မျက်နှာတည်နှင့်ကြည့်ကာ လက်ပိုက်ရပ်နေသည်။သူ့ကိုမြင်သောအခါ
တစ်ဖက်လူမှာ စိုင်းလုခဘေးမှခွာလျက် ကူးစမိုင်းဆီ တည့်တည့်လျှောက်သွားလေသည်။
မျက်နှာမှာမူ ပြုံးလျက်။ကူးစမိုင်းအနားသို့
ရောက်သည်နှင့် ထိုလူသည် လှမ်းဖက်ကာ
နှုတ်ဆက်ရန် ဟန်ပြင်သည်။သို့သော် ကူးစမိုင်းက ကိုယ်ကို ဘေးသို့ ခြေတစ်လှမ်း အသာရွှေ့ကာ ဆုတ်လိုက်သည်မို့
တစ်ဖက်လူမှာ လေဟာနယ်ကိုသာ ဖက်မိ၏။"ဟား..မင်းက အရင်လိုပဲ ချေနေတုန်းပါလား။မတွေ့ရတဲ့
တစ်နှစ်အတွင်း တအားလှလာတယ်နော် မိုင်းလေး"ကူးစမိုင်းမှာ မည်သည့်အမူအရာမျှမရှိ။
အေးဆေးစွာ လက်ပိုက်လျက်
မျက်နှာသေဖြင့်သာ စိုက်ကြည့်နေပါ၏။"ကိုယ့်ကို အခုလို နွေးနွေးထွေးထွေး ကြိုဆိုပေးလို့ ကျေးဇူးတင်တယ်။သိလား"
တစ်ဖက်လူက ရယ်လျက် ရွှတ်နောက်နောက်ပြောသည်။သို့ထိ
ကူးစမိုင်းမှာ ဘာတုန့်ပြန်မှုမှမရှိ။သူသည်
နေရာမှ လှည့်ထွက်ကာ အိမ်ထဲကို ပြန်ဝင်သွားလေသည်။ထိုအခါ တစ်ဖက်လူမှာ နောက်ကကပ်လိုက်လာ၏။သူသည် ကူးစမိုင်း၏ တစ်ကိုယ်လုံးကို ပေါက်ထွက်မတတ် စိုက်ကြည့်ရင်း
လိုက်လာခြင်းဖြစ်သည်။ကူးစမိုင်းမှာ အထက်အောက်
အဖြူရောင်ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားခြင်းဖြစ်သည်။
မည်သည့်အဝတ်အစားမျိုးမဆို ကူးစမိုင်းကိုယ်ပေါ် ရောက်ရှိသွားပါက
ကျော့ရှင်းလှပကာ ပိုလို့ဆွဲဆောင်မှု
ရှိသွားတတ်ကြသည်။တစ်ဖက်လူသည် ကူးစမိုင်း၏ သွယ်လျသော ခါးနှင့် ကောက်ကြောင်းတို့ကိုကြည့်ကာ ပြုံးလျက် လိုက်ပါလာခဲ့သည်။ကူးစမိုင်းမှာ
နောက်ဘက်သို့ လှည့်၍ပင်မကြည့်။
သူသည် တစ်ဖက်လူအား
ထမင်းစားဆောင်ဆီ ခေါ်သွားနေခြင်းဖြစ်သည်။အချိန်မှာ ညဘက်၇နာရီရှိနေပြီ။စောစောပိုင်းက
အယ်မိုင်းရောက်လာပြီး ယခုရောက်လာသူမှာကား ဆလုဆိုသူဖြစ်သည်။ဆလုမှာ နာဘီနိုင်းဂိုဏ်းခေါင်းဆောင်၏
တစ်ဦးတည်းသော ညီဖြစ်သည်။
ကူးစမိုင်းနှင့်
နာဘီနိုင်းဂိုဏ်းခေါင်းဆောင်တို့မှာ ဆက်ဆံရေးက အနည်းငယ် ရှုပ်ထွေးပါ၏။

YOU ARE READING
𝙲𝚕𝚘𝚞𝚍𝚢
Любовные романы"ခင်ဗျားက ဘယ်သူလဲ" "နောင်တစ်ချိန် မင်းစွဲလမ်းလာမယ့် မကောင်းမှုလေး" ~~~~~~~~~~~~~~~~~💙 ⚠ စကားအသုံးအနှုန်း ကြမ်းတမ်းသော၊ သွေးထွက်သံယိုဖြစ်သော၊ညစ်ညမ်းသော ဇာတ်လမ်းဇာတ်ကွက်များစွာ ပါဝင်ပါသည်။အသက်ပြည့်ပြီးမှသာ ဖတ်ဖို့ အကြံပြုပါသည်။ Fiction Coverပုံမှာ မိ...