(23)

1.6K 116 13
                                    

ရင်ထဲ တစ်ခုခုလစ်ဟာသွားသလို
ခံစားမှုမျိုး။ဆွေးခနဲပဲ။ခပ်ထေ့ထေ့
လှောင်ရယ်ပြီးတော့ ငိုချပစ်လိုက်ချင်တာ။အသည်းနုလို့တော့ မဟုတ်ဘူး။လှလှပပကို လှည့်စားခံလိုက်ရလို့။ရုတ်တရက်
မျက်ဝန်းဟာ အရည်လဲ့သွားတော့
သူ့ရှေ့ မျက်နှာလှလေးက မှုန်ဝါးဝါး။အိုး..သူ ဘယ်ကတည်းက
ဒီလောက်ထိ စောက်သည်းပျော့သွားရတာလဲလို့
ကိုယ့်ကိုယ်ကိုယ် မယုံနိုင်ဖြစ်ရတဲ့အထိပဲ။သူက လူမိုက်ပါ။မြောက်ပိုင်းမှာမွေးတဲ့
မြောက်ပိုင်းသား လူမိုက်။သေနတ်ကိုင်ခဲ့ဖူးတယ်၊လူသတ်ခဲ့ဖူးတယ်၊ထောင်ကျခဲ့ဖူးတယ်။
ဒီလိုလူတစ်ယောက်က ဘာမဟုတ်တာလေးအတွက် ခံစားသွားရတယ်တဲ့လား။ဟာသပဲ။

မျက်နှာကို အပေါ်မော့ပြီး ဟက်ခနဲ
တစ်ချက် ရယ်လိုက်တယ်။ရင်ထဲကတော့
နာနေတယ်။ရှေ့မှာရှိတဲ့
အလှလေးဟာ သူ့ကိုကြည့်နေတာ ခပ်အေးအေး။သူ ဘာအမှားမှ မလုပ်ထားတဲ့ဟန်နဲ့။ကူးစမိုင်းဟာ
သောက်မြင်ကပ်စရာကောင်းလွန်းတဲ့ အလှလေးပဲ။သူ့ကိုကြည့်ပြီး ပီနိုင်းခေါင်းက ထိုးကိုက်ချင်လာသလို
ဖြစ်နေတယ်။

"တစ်ဆိတ်..ခင်ဗျားမှာ ယောက်ျားရှိတယ်လို့ ပြောလိုက်တာလား"

မေးသော လေသံမှာ မာ၏။
မျက်နှာမှာလည်း တည်နေသည်။
မြောက်ပိုင်းသားက ဒေါသထွက်ချင်နေခဲ့ပြီပဲ မဟုတ်လား။

"အင်း။ဒါပေမဲ့ သူက လောကကြီးမှာ
မရှိတော့ဘူး"

"ဘယ်သူလဲ ခင်ဗျားလင်က"

ပီနိုင်း၏ ရန်လိုနေသော မျက်နှာထားနှင့် လေသံကြောင့်
ကူးစမိုင်းက ရယ်ချင်သွားပုံရသည်။
သို့သော် မရယ်ခဲ့။သူ့မျက်နှာမှာ
စိုးရိမ်သောကလည်း မရှိ။ပီနိုင်းကသာ
ဒေါပွမတတ်ဖြစ်နေသော်လည်း သူကတော့ အေးဆေးလွန်းသည်။

"ငါ့အိပ်ခန်းထဲမှာ ချိတ်ဆွဲထားတဲ့
ဓာတ်ပုံထဲကလူကို မင်းက ဘယ်သူလို့
ထင်နေတာလဲ"

"ခင်ဗျားလင်က အဲ့အဘိုးကြီးလား"

"ပီနိုင်းရယ်...သူက မင်းပြောသလောက်လဲ မကြီးသေးပါဘူးကွာ"

"ခင်ဗျားက အခု ကျုပ်ကို စ,နေနိုင်သေးတာလား။
ဘယ်လိုစိတ်နဲ့များ ခင်ဗျားဟာကြီးရဲ့
ဓာတ်ပုံရှေ့မှာ ကျုပ်နဲ့လုပ်ရဲရတာလဲ"

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now