ရင်ခုန်နေသည်မှာ တော်ရုံနှင့်မပျောက်။
ငေးနေမိသော မိမိ၏ မျက်လုံးတွေကိုလည်း အကြည့်တို့ မလွှဲမိ။ပီနိုင်းနဲ့စတွေ့စဉ်က ထိုလူမှာ ဝတ်စုံပြည့်ကိုဝတ်ထားပြီး
ဆံပင်တို့ကို နဖူးပေါ်သပ်တင်ထားသည်မို့
ခန့်ညားသောပုံစံ။သူ့ထက် မဆိုစလောက်
အသက်ကြီးမည်ထင်ရသော ပုံစံဖြစ်၏။
ယခုတွင်မူ ထိုလူမှာ ရေချိုးပြီးခါစ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခြင်း
ဖြစ်သည်။အင်္ကျီမှာ လျော့တိလျော့ရဲနှင့်။
ရင်ဘတ်ဖွေးဖွေးတို့ကို အထင်းသား လှမ်းမြင်နေရသည်။အလုံးစုံ မခြောက်သေးသော ဆံပင်တို့မှာ နဖူးပေါ်
ကျဆင်းနေကြသည်။သို့ကြောင့် ထိုလူ့ပုံစံမှာ
ပီနိုင်းမျက်လုံးထဲ အသက်၂၀အရွယ်လေးလို
မြင်နေရပါ၏။ထိုလူ၏ နုထွတ်ပျိုမြစ်သော
မျက်နှာက ကြည်စင်နေလေသည်။
သူ့အားကြည့်နေသော အကြည့်တို့က မူးယစ်ချင်စရာအတိ။"ဘယ်လိုလဲ မင်းရဲ့သခင်ကို သဘောကျနေပြီလား"
မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်ခြင်း
ခံနေရသော်လည်း တစ်ဖက်လူသည် မျက်နှာပင် နီမြန်းသွားခြင်း မရှိပါ။ပီနိုင်း၏
စိတ်ဝိညာဉ်မှာ တစ်ဖက်လူဆီက စကားသံ
ကြားသောအခါမှ ခန္ဓာကိုယ်ထဲ ပြန်ဝင်လာခဲ့ရသည်။ရေချိုးပြီးခါစပုံစံနှင့်
ထိုလူမှာ အပေါ်ထပ်မှ ဆင်းလာနေခြင်းဖြစ်သည်။ လျော့တိလျော့ရဲနှင့် ဒူးအတိဝတ်စုံကြောင့်
လှေကားထစ်တစ်ထစ်စီကို ထိုလူနင်းလိုက်တိုင်း
ဝတ်စုံအနားစွန်းတို့ လှစ်ခနဲဖြစ်သွားချိန်
ပေါ်လာသော ပေါင်သားဖွေးဖွေးက
အာခေါင်တွေခြောက်လာအောင် လုပ်နိုင်စွမ်းရှိသည်။ထိုလူ့ ခြေတံရှည်တို့က သေးသေးသွယ်သွယ်။အသားအရေမှာ စိုပြေနေ၏။အနားရောက်လာချိန်တွင် ထိုလူ့ကို တည့်တည့်စိုက်ကြည့်ကာ
ပီနိုင်းပြောလိုက်မိသည်။"ခင်ဗျားက အတော်လှတယ်"
"ငါသိပါတယ်။ဒါကြောင့် ငါ့ဘက်က မင်းကို
ကျေးဇူးပဲလို့တော့ မပြောနိုင်ဘူး။ဖြစ်တယ်မလား"ထိုလူရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလွန်းပုံက
အဲ့သလို။သူလှမှန်းသူသိသည်မို့ တစ်ယောက်ယောက်က သူ့ကိုကြည့်ပြီး
လှသည်ဟု ပြောလာလျှင်ပင် ကျေးဇူးတင်စကားပြန်ပြောမည်မဟုတ်ဟု
ဆိုလိုခြင်းပင်။စိတ်ဝင်စားစရာ ကောင်းလွန်းသည့်လူ။ပီနိုင်းသည် ခေါင်းကိုညိတ်ပြလျက် သဘောကျစွာ တစ်ချက်ရယ်လိုက်မိသည်။ပီနိုင်း
ရယ်သောအခါ ထိုလူ၏ နီထွေးသော နှုတ်ခမ်းစွန်းတို့မှာ ပိုကွေးညွတ်သွားလျက် မျက်ဝန်းတို့ကလည်းနူးညံ့စွာ လိုက်ပြုံးနေခဲ့သည်။
နှစ်လိုဖွယ်ကောင်းသည့်အပြုံး။

YOU ARE READING
𝙲𝚕𝚘𝚞𝚍𝚢
Roman d'amour"ခင်ဗျားက ဘယ်သူလဲ" "နောင်တစ်ချိန် မင်းစွဲလမ်းလာမယ့် မကောင်းမှုလေး" ~~~~~~~~~~~~~~~~~💙 ⚠ စကားအသုံးအနှုန်း ကြမ်းတမ်းသော၊ သွေးထွက်သံယိုဖြစ်သော၊ညစ်ညမ်းသော ဇာတ်လမ်းဇာတ်ကွက်များစွာ ပါဝင်ပါသည်။အသက်ပြည့်ပြီးမှသာ ဖတ်ဖို့ အကြံပြုပါသည်။ Fiction Coverပုံမှာ မိ...