(4)

3.3K 249 2
                                    

ကြံစည်ထားတာကတော့ ထောင်တံခါးဝက
ထွက်ရင် တစ်နေရာကို ပြေးမယ်လို့ စီစဉ်ထားခြင်းသာ။သို့ရာတွင်  ထောင်ဝင်တံခါးဝအပြင်ကို ရောက်ရောက်ချင်းမှာ ပီနိုင်းရှေ့ကို
လူတစ်ယောက်ပေါ်လာသည်။ထိုလူက
ပီနိုင်းကို ထောင်ထဲမှာလာတွေ့ဖူးတဲ့
ကူးစမိုင်းဆိုသူမဟုတ်။ဘယ်သူဆိုတာကိုလည်း ပီနိုင်းမသိ။သို့သော် ထိုလူက ပီနိုင်းကို
သူနှင့်အတူလိုက်ခဲ့ရန်ခေါ်သည်။ဝေသာပီနိုင်းဆိုတဲ့လူက ဘာမှန်းမသိရတဲ့လူခေါ်တိုင်း
လိုက်ရအောင် ငနုံလေးမှ မဟုတ်ပဲ။
ထို့ကြောင့် ပီနိုင်းသည် တစ်ဖက်လူ
ရှိန်သွားလောက်စေမည့် အကြည့်မျိုးနှင့်
တစ်ချက်စိုက်ကြည့်လိုက်သည်။ထို့နောက်
ဘာမှထပ်မပြောတော့ဘဲ ထိုလူ့ရှေ့က ခပ်တည်တည်ဖြင့်ပင် ထွက်လာခဲ့သည်။
သို့သော် ခွေးဆွဲခံရလိမ့်မည်ဟု ဘယ်ထင်ခဲ့ပါလိမ့်မလဲ။ဆိုလိုသည်မှာ
တစ်ဖက်လူနှင့်အတူပါလာခဲ့သည့် လူသန်ကြီး
နှစ်ယောက်က ပီနိုင်းကို လက်မောင်းတစ်ဖက်စီက ဆွဲမပြီး ရပ်ထားသောကားဆီ ဖမ်းခေါ်သွားခြင်း ခံလိုက်ရသောကြောင့်ပင်။
ဝေသာပီနိုင်းတစ်ယောက် အတင်းရုန်းသော်လည်း တစ်ဖက်လူကြီးတွေက သူ့ထက်ပိုသန်လို့
ရုန်းလို့မရခဲ့။ထို့ကြောင့် ပီနိုင်းသည် ရုန်းကန်တာမျိုးမလုပ်တော့ဘဲ ကိုယ်ရှိန်သတ်ပြီး အေးအေးဆေးဆေးပင်
ကားထဲဝင်ထိုင်လိုက်သည်။သူ့ကိုခေါ်လာသော ကားမှာ ဘယ်နေရာကို ဦးတည်နေမှန်းမသိလို့ ပီနိုင်းသည် ကားထဲ
မှေးပြီးလိုက်ပါလာလိုက်သည်။သူ့ကို
လာနှိုးလို့ ပီနိုင်း မျက်လုံးပွင့်လာချိန်မှာ
လေယာဉ်ကွင်းတစ်ခုကို ရောက်နေမှန်း
သိလိုက်ရသည်။

"ကျုပ်ကို ဘယ်ထိခေါ်သွားဖို့ စိတ်ကူးနေတာလဲ"

ဝေသာပီနိုင်းသည် လေယာဉ်စီးရဦးမည့်
သူ့အဖြစ်ကို တွေးမိပြီး စိတ်မကြည်တော့ဟန်နှင့်ပင် တစ်ဖက်လူကို
မေးလိုက်သည်။

"တောင်ပိုင်း"

ပီနိုင်းရှေ့မှလူက တစ်ခွန်းသာဖြေပြီး
ပီနိုင်းကို လေယာဉ်ပေါ်တက်ဖို့ အချက်ပြသည်။

"တောင်ပိုင်းကို ကျုပ်က ယီးလိုက်လုပ်ရမှာလား"

ပီနိုင်းမှာ မကျေမနပ်နှင့် ဆဲလိုက်ပေမယ့်
တစ်ဖက်လူကတော့ ပီနိုင်းရဲ့အဆဲကို ဂရုစိုက်ဟန်မရှိ။ပါးစပ်ပိတ်ပြီး လေယာဉ်ပေါ်တက်ဟူသော အကြည့်ဖြင့်သာ
စိုက်ကြည့်နေလေသည်။ဝေသာပီနိုင်းသည်
မျက်လုံးပေါ်ဝဲကျနေသော သူ့ဆံပင်တို့ကို
ဖူးခနဲမှုတ်တင်လိုက်ပြီး ပေတေတေမျက်နှာထားနှင့်ပင် လေယာဉ်ပေါ်ကို တက်သွားခဲ့သည်။
ပြေးလမ်းပေါ် လေယာဉ်စပြေးသည်နှင့်
ပီနိုင်းသည် မျက်လုံးကိုမှိတ်ကာ နောက်တစ်ကြိမ်အိပ်ဖို့ ကြိုးစားလိုက်သည်။
မွေးရပ်မြေကို နှုတ်ဆက်သောအကြည့်ဖြင့်
ကြည့်ခဲ့ဖို့ကိုပင် ထိုကောင်လေး စိတ်မဝင်စား။
မြောက်ပိုင်းတွင် သူ့မှာတွယ်တာစရာ ဘာမှမရှိတော့။ဗာစီနိုးဂိုဏ်း ပြိုကွဲသွားခဲ့တာကြာလေပြီ။မွေးစားဖခင်ကြီးမှာလည်း ပီနိုင်းထောင်ထဲဝင်ပြီး တစ်နှစ်အကြာတွင် ဆုံးပါးသွားရှာသည်။
ညီမလိုချစ်ရသော အစ်မကြီးဝေဘီမှာလည်း
မိမိကိုယ်ကိုယ် အဆုံးစီရင်ပြီး ဖခင်ကြီးနောက်
လိုက်သွားပြီမို့ ပီနိုင်းတွင် အားကိုးစရာ၊စောင့်ရှောက်စရာ ဘာတစ်ခုမှ
ကျန်မနေတော့ပေ။ယခု သူ့မှာသွားစရာနေရာဆိုလို့
တောင်ပိုင်းသာရှိတော့သည်။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now