(25)

1.2K 92 6
                                    

"ဘာကိစ္စနဲ့ ရောက်လာတာလဲ ကလေးမ။တောင်ပိုင်းမှာ စိတ်ဝင်စားစရာတွေ့ထားလို့လား"

မေးသောမေးခွန်းမှာ ရယ်စရာပါလှသည်မဟုတ်။သို့သော်
သူမ၏ နှုတ်ခမ်းတစ်စုံကတော့ အပေါ်သို့ ကော့ညွတ်သွား၏။သဘောကျပြီး
ပြုံးမိခြင်း။အတွေးထဲ၌ လူတစ်ယောက်၏ပုံရိပ်က ဖျတ်ခနဲ။
ရှေ့ခုံပေါ်မှ ကော်ဖီခွက်ကိုလှမ်းယူပြီး
တစ်ငုံသောက်ကာ ပြန်ချထားလိုက်သည်။ထို့နောက်
သူမသည် အရှေ့တွင် ဟန်ကျကျထိုင်နေသော ခန့်ခန့်ညားညားအမျိုးသားကို တည့်တည့်ကြည့်ကာ ဖြေလိုက်သည်။

"ဟုတ်တယ်။စိတ်ဝင်စားစရာလေး
တွေ့ထားပြီ။တော်တော်ဖြစ်နေလို့။
ပြီးတော့ ရှင် နေမကောင်းဘူးဆိုတဲ့
သတင်းလေးလဲရလို့လေ။သတင်းမေးဖို့လာရင်း လိပ်ဥလာတူးတာ"

သူမ၏ သွက်လက်သော အမူအရာကို
ကြည့်ပြီး အမျိုးသားက တည်ကြည်စွာပြုံး၏။ထို့နောက်
တစ်စုံတစ်ရာကို သဘောပေါက်ဟန်
ခေါင်းတဆတ်ဆတ်ညိတ်ကာ မေးသည်။

"ဆိုပါအုံး။ဘယ်သူလဲ"

"အင်း ဖေဖေကတော့ ပြောပါတယ်။
သမီးလိုချင်တာ ရစေရမယ်တဲ့လေ။
ဒါပေမဲ့ ကျွန်မက စိတ်ရှည်တတ်တဲ့သူ
မဟုတ်ဘူး။ဆိုတော့ ကိုယ်လိုချင်တာကို ကိုယ်တိုင်ပဲ
ရအောင်ယူရတော့မှာပေါ့"

"သန္တာနွေးနော် နာမည်က"

"ဟုတ်တယ်လေ။ဘာဖြစ်လို့လဲ"

"မင်းတို့ အရှေ့တိုင်းက လူတွေရဲ့
နာမည်လေးတွေက သိပ်လှတယ်သိလား"

"ကျေးဇူးပဲ။ဒါနဲ့
ကျွန်မအမြင်ကိုပြောရရင်တော့ အရှေ့တိုင်းနာမည်တွေဟာ သိပ်ကို
တောဆန်တယ်"

"ကိုယ်ကတော့ ချစ်စရာကောင်းတယ်လို့မြင်တယ်"

"မတူကွဲပြားတဲ့ အမြင်တွေပေါ့လေ။
လက်ခံပေးရမှာပေါ့။ဒါနဲ့ ရှင့်ရဲ့ညာလက်ရုံးနဲ့ ကျွန်မကို
မိတ်မဆက်ပေးချင်ဘူးလား။
သူ့မျက်နှာလေးမြင်ချင်လွန်းလို့
ကျွန်မခမျာ ဟိုးအဝေးကြီးကနေ
ခရီးနှင်လာခဲ့ရတာ"

"အိုး..အဲ့လိုလား။ခုမှပဲ သဘောပေါက်တော့တယ်။
ဟိုးတစ်ခေါက်က တွေ့ဖြစ်ခဲ့ကြတာလား"

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now