(24)

1.4K 98 11
                                        

ပါးတစ်ဖက်က ဖူးယောင်နေ၏။
လူမှာမူ ပေကပ်ကပ်နှင့် ဒူးထောက်ကာ
ထိုင်နေသည်။ရုပ်က မျက်နှာငယ်။
ဤသည်ကား အမောင်ပီနိုင်း၏ အခြေအနေ။

စိုင်းလုခသည် ကြက်စွပ်ပြုတ်ပန်းကန်ကို ကိုင်ဆောင်ကာ ကူးစမိုင်း၏ အခန်းထဲသို့ ဝင်လာခဲ့သည်။
တံခါးဝဘေးတွင် ဒူးထောက်နေသော
မြောက်ပိုင်းသားကို ဆွဲထိုးချင်နေသေးသည့်ဟန် မကြည်သလို တစ်ချက်စိုက်ကြည့်သည်။ထို့နောက်
မျက်နှာလွှဲကာ ခုတင်ဆီသို့ လျှောက်၏။ခုတင်အိပ်ရာပေါ်တွင်
ကူးစမိုင်းမှာ စောင်ခြုံကြားထဲ
ခွေခွေကလေး လှဲနေရှာသည်။
အကြည့်မှာမူ ဒူးထောက်နေသော
အိမ်မွေးကောင်ဆီမှာ ရောက်နေလေသည်။သူသည် ပီနိုင်းအား မျက်နှာတည်ကြီးနှင့်
ကြည့်နေခြင်းဖြစ်သည်။ပီနိုင်းမှာ
အပြစ်လုပ်ထားသည့် ခွေးကလေးလို
သခင်ကို ရဲရဲမကြည့်။ခေါင်းကိုငုံ့နေ၏။
ရောင်နေသော သူ့ပါးတစ်ဖက်မှာ
စိုင်းလုခလက်ချက်ပင်။ဆရာဝန်ခေါ်ခိုင်းစဉ် စိုင်းလုခက အခြေအနေကို
သဘောပေါက်သွားသောကြောင့်
သူ့ကို သေအောင်သတ်မည် တကဲကဲ။စံအိမ်ထိန်းကြီး ဝင်ထိန်းထားခြင်းကြောင့်သာ ပီနိုင်းမှာ
အသက်ရှိနေသေးခြင်းဖြစ်သည်။
ဆရာဝန်ပြန်သွားသောအခါ ပီနိုင်းမှာ
ကူးစမိုင်းအခန်းထဲမှ မထွက်ဘဲ
တစ်ချိန်လုံး တံခါးဝတွင် ဒူးထောက်နေခဲ့တာ ဖြစ်၏။လက်ရှိတွင် ကူးစမိုင်းမှာလည်း သတိရနေခဲ့ပြီမို့
သူသည် ပီနိုင်းကို ကြည့်နေသည်မှာ ဆွဲရိုက်ပစ်ချင်နေသည့်နှယ်။ထလို့
မရသောကြောင့်သာ စိတ်ထိန်းထားရဟန်။အပြင်သို့လည်း
နှင်မထုတ်။မျက်နှာငယ်ဖြစ်နေသော
အိမ်မွေးကောင်ကို မာန်ပါပါနှင့်သာ
ကြည့်နေလေသည်။

"သခင်ကြီး"

စိုင်းလုခက လှမ်းခေါ်သောအခါ ကူးစမိုင်းက ဆတ်ခနဲလှည့်ကြည့်သည်။

"ငါ ကိုယ်တွေမလှုပ်ချင်ဘူး။မင်း ခွံ့ကျွေးလို့
အဆင်ပြေမလား"

"ဟုတ်ကဲ့"

ကူးစမိုင်းမှာ အမှန်ပင် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသည်မို့
လှုပ်ပင်မလှုပ်နိုင်။သူ့စကားသံမှာ အားပင်မပါလှ။ထို့ကြောင့် စိုင်းလုခသည် အလိုက်သိစွာ ဘေးတွင် ခပ်ရို့ရို့ထိုင်လျက် ကူးစမိုင်းအား
ဂရုတစိုက်ပင် အစားကျွေး၏။
ပီနိုင်းမှာ ခေါင်းတစ်ချက် ထောင်လာခဲ့သေးသည်။ပုံစံက
စိုင်းလုခနေရာအား ဝင်ယူချင်သည့်အလား။သို့ရာတွင်
သခင်ကို အကြမ်းပတမ်းပြုမူထားသော
သူသည် အဘယ်မှာ အခွင့်အရေးကို
တောင်းဆိုရဲပါလိမ့်မလဲ။ထို့ကြောင့်
သူ့ခမျာ ခပ်ဆိတ်ဆိတ်သာ နေနေရလေသည်။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now