အလိုလိုက်ခံထားရတဲ့ စံအိမ်သခင် မမလေးတွေ စိတ်အခန့်မသင့်ဖြစ်အောင်
သွားလုပ်မိခြင်းကို ခေါင်းစဉ်တပ်ရရင်
အဲ့ဒါ ကိုယ့်သေတွင်းကိုယ်တူးခြင်းပဲ။
ဂျေစီလို မိန်းကလေးဟာ ပီနိုင်းထိချင်တိုင်း
သွားထိလို့ရတဲ့ လူစားမျိုးမဟုတ်ဘူး။
အထူးသဖြင့် "ငါ့သခင်က မင်းကိုမကြိုက်ဘူး"ဆိုတဲ့စကားမျိုးကို
ဂျေစီရဲ့မျက်နှာ တည့်တည့်ကြည့်ပြီး ပြောမိတာဟာ အန္တရာယ်ကို ဖိတ်ခေါ်တာပဲ။
စဉ်းစားဆင်ခြင်ဉာဏ်ရှိရင် သိနိုင်လိမ့်မယ်။
ဒါပေမဲ့ ပီနိုင်းက ကွဲပြားတာပေါ့။အဲ့ဒီအတွက်လည်း သူအခု
ဒုက္ခရောက်တော့မယ့် အခြေအနေနဲ့ ကြုံနေရတာပဲ။"နင်လိုကောင်စားမျိုးက ငါ့ကို ဘာပြောတယ်။ပြန်ပြောစမ်း"
"ငါ့သခင်က မင်းကိုမကြိုက်ဘူးလို့။
ဒါကြောင့် သူ့အနား ကပ်မနေနဲ့တော့။
မင်းမှာ အရှက်လေးဘာလေးရှိရင်ပေါ့"ပါးပြင်တည့်တည့်ဆီ သက်ဆင်းလာတဲ့
လက်ဖဝါးပြင်သည် ထိမိမည်ဆိုပါက
ဖြန်းခနဲမြည်ပြီး လက်ငါးချောင်းရာ
ထင်းသွားနိုင်၏။သို့သော် အမိအရ ဖမ်းဆုပ်ထားလိုက်နိုင်ချိန်တွင် ပါးဆာတော့မည်မဟုတ်။
အဲ့ဒီအတွက်တော့ သခင်မလေးက ပိုလို့ ဒေါပွသွားပါတော့တယ်။ဒီနေရာမှာ မေးစရာမေးခွန်းတွေ အများကြီးပိုလာပြီ။
နံပါတ်၁။ဘယ်လိုဖြစ်ပြီး ဒီအခြေအနေ
ဖြစ်ကုန်တာလဲ။
၂။ သူတို့အခု ဘယ်နေရာမှာလဲ။
၃။ သူတို့နှစ်ယောက်ပဲ နေရာမှာ ရှိတာလား။တကယ်သာ မေးခွန်းထုတ်မည်ဆိုပါက
ဒီထက်မက ပိုများပါလိမ့်မည်။သို့သော်
အဓိက အကြောင်းအရာကို ရှင်းရမည်ဆိုပါက မေးခွန်းသုံးခုနှင့်တင်
လုံလောက်၏။ကူးစမိုင်းမရှိသော အချိန်၌ ပီနိုင်းသည် အပြင်သွားခွင့်မရှိ။သို့ကြောင့် သူသည်
စံအိမ်ထဲတွင် အချိန်ပြည့် ရှိနေလေ၏။အိမ်သို့ ဂျေစီရောက်လာချိန်မှာ ပီနိုင်း အစောင့်တို့နှင့်အတူ ဘောလုံးကန်နေခြင်း
ဖြစ်သည်။သို့ဆိုပါက နောက်ဆက်တွဲ အခြေအနေတို့ကို ခန့်မှန်းနိုင်ဖို့ လွယ်ကူပါ၏။
ဝေသာပီနိုင်းသည် ဂျေစီဝင်လာသည်ကို
မမြင်ခဲ့ရိုး အမှန်။သို့သော် သူကန်လိုက်သည့် ဘောလုံးကလေးမှာ ဂျေစီရဲ့ ရင်ဘတ်ကို
မိတ်ဆက်မိသွားခဲ့ပြီမို့ သူ့တွင် ငြင်းခွင့်မရှိတော့။နှစ်ဦးလုံးမှာ နဂိုကမှ
တစ်ဦးနှင့်တစ်ဦး စောင်းမြောင်းနေကြခြင်း
ဖြစ်သည်။သို့သော် ပီနိုင်းသည် အမများနှင့်
ရန်ဖြစ်ချင်စိတ်မရှိ။အကြောင်းမူကား
သူသည် အထီးဖြစ်သည် မဟုတ်လော။
မိန်းကလေးများနှင့် ရန်ဖြစ်ပါက အနိုင်ကျင့်သည်ဆိုပြီး ဖြစ်ဦးမည်။
အစ်မကြီးဝေဘီကို အားနာသောအားဖြင့်
မိန်းကလေးတွေနှင့် စကားပင် ပြိုင်မလုလို။
သို့သော် ပီနိုင်းအတွက် ဂျေစီက ခြွင်းချက်ဖြစ်လိမ့်မည်။ဘောလုံးစာမိပြီးချိန်
ဂျေစီမှာ ပီနိုင်းဆီ ဒေါကြီးမောကြီးရောက်လာပြီး မလိုလားအပ်သော စကားတို့ဖြင့် စော်ကားခဲ့သည်။နောက်ဆုံး ပီနိုင်းမှာ
သည်းမခံနိုင်တော့ပုံဖြင့် တစ်ဖက်လူကြိုက်မည်မဟုတ်သော စကားတို့အား ပြန်ပြောလေသည်။လက်ကောက်ဝတ်ကိုလည်း ဖမ်းဆုပ်ခံထားရသည်မို့ ဂျေစီ၏ မျက်နှာလှလေးမှာ နှုတ်ခမ်းတို့က တဆတ်ဆတ်တုန်နေသည်။ထိုနှုတ်ခမ်းတို့ကို
ပီနိုင်းက ကြည့်ချင်စိတ်မရှိ။သူသည် ဂျေစီ၏
လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး
ရှေ့မှ လှည့်ထွက်ခဲ့သည်။သို့သော် ပြဿနာက
ပြီးပြတ်မသွားသေး။အနားတွင် ရှိနေသော
ဘယ်သူကမှ သူတို့နှစ်ဦးကြား ဝင်မပါရဲ။
ဂျေစီသည် ပခုံးတွင်လွယ်ထားသော
လက်ဆွဲအိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ထိုသည်က အသက်တကာတို့ကို ဇီဝိန်ခြွေနိုင်သည့် ပစ္စတိုကလေး။
သူမသည် ထိုသေနတ်ဖြင့် လှမ်းချိန်ပြီးနောက်
အားရကျေနပ်သောအသံဖြင့် ပီနိုင်းနာမည်အပြည့်အစုံကို လှမ်းခေါ်သည်။

YOU ARE READING
𝙲𝚕𝚘𝚞𝚍𝚢
Romance"ခင်ဗျားက ဘယ်သူလဲ" "နောင်တစ်ချိန် မင်းစွဲလမ်းလာမယ့် မကောင်းမှုလေး" ~~~~~~~~~~~~~~~~~💙 ⚠ စကားအသုံးအနှုန်း ကြမ်းတမ်းသော၊ သွေးထွက်သံယိုဖြစ်သော၊ညစ်ညမ်းသော ဇာတ်လမ်းဇာတ်ကွက်များစွာ ပါဝင်ပါသည်။အသက်ပြည့်ပြီးမှသာ ဖတ်ဖို့ အကြံပြုပါသည်။ Fiction Coverပုံမှာ မိ...