(8)

2.4K 168 0
                                    

ပြောပြီးပါပကောလား။ကူးစမိုင်းလိုလူကို
သခင်တော်ထားရသည့်
ဘယ်အိမ်မွေးသတ္တဝါမဆို ခွေးဇာတ်ခင်းမိပါလိမ့်မယ်လို့။အထူးသဖြင့်
ဝေသာပီနိုင်းပေါ့။သူ့ကို ရင်တခုန်ခုန်၊
အသည်းတယွယွဖြစ်အောင်
လုပ်နိုင်တဲ့ သခင်။ဒီလိုသခင်အလှလေးက လိုချင်တောင့်တနေတဲ့ မျက်လုံးရွှဲတွေနဲ့
ကြည့်လာမယ်ဆိုရင် ပီနိုင်းဆိုတဲ့ကောင်က
ညွတ်ကျဖို့ အဆင်သင့်ရှိနေပြီးသားပဲ။
နည်းနည်းလေးတောင် တွန့်ဆုတ်နေဟန်
ရှိမှာ မဟုတ်။

တင်းတင်းဆုပ်ထားမိသော ပီနိုင်း
လက်နှစ်ဖက်မှာ ယခုအခါ ကူးစမိုင်း၏
ခါးကျဉ်ကျဉ်ဆီ ရောက်ရှိနေခဲ့ပြီ။
ပီနိုင်းကိုယ်ပေါ်မှာ အင်္ကျီက ရှိမနေတော့။
ကူးစမိုင်းလက်ချက်ဖြင့် ကော်ဇောဖြူပေါ်
ရောက်ရှိသွားပြီမို့။ကူးစမိုင်းမှာ ပီနိုင်းရဲ့
လည်တိုင်ကို လက်နှစ်ဖက်နှင့် သိုင်းဖက်ထားပြီး သူ့နှုတ်ခမ်းတစ်စုံမှာမူ
ပီနိုင်းရဲ့နှုတ်ခမ်းနှင့် ချိတ်ဆက်နေခဲ့ပြီ။
သူ့သခင် ကူးစမိုင်းနှုတ်ခမ်းမှာ နူးညံ့၏။
ပြီးတော့ ချိုမြသည်။ရေခဲစိမ်ထားသည့်
ဂျယ်လီမွှေးလေးလို။အိအိထွေးထွေး။
ဒီလို အရသာရှိတဲ့ နှုတ်ခမ်းကို သုံးဆောင်ရပါက မည်သူမဆို ရူးသွပ်သွားလိမ့်မည်။အသိစိတ်တို့
ခွေးစားခံလိုက်ရလိမ့်မည်။
ဆိုလိုချင်သည်က ရူးလောက်အောင်
ကောင်းလွန်းသည်။

မျက်နှာကို နောက်ပြန်ဆုတ်ပြီး နှုတ်ခမ်းချင်း
ခွာသွားသောအခါ ပီနိုင်းမှာ အစာလုခံလိုက်ရသည့် ခွေးတစ်ကောင်နှယ်
စိတ်တွင်းမှ မကျေမနပ်။အပြင်ပန်းရုပ်မှာ
နှမြောတသသ။သခင်ဆီက အစာထပ်ရဖို့
တောင်းဆိုနေသည့် ခွေးကလေးလို မျက်ဝန်းမျိုးနှင့် ဖြစ်နေလေ၏။အစာမဝသေးသည့်ရုပ်နှင့် အိမ်မွေးကလေးရဲ့မျက်နှာကိုကြည့်ပြီး
သခင်ကြီးမှာတော့ ကျေနပ်နေရှာဟန်။
သူက သူ့ပင်ကိုယ်ဟန်အတိုင်း အသာပြုံးရင်း
မေးသည်။

"ကြိုက်လား"

ပီနိုင်းက လိမ်လိမ်မာမာပင် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ ကူးစမိုင်းက ဆက်မေး၏။

"ထပ်လိုချင်သေးလား"

သူလိုချင်ရင် ထပ်ပေးဦးမည့်ပုံစံဖြင့်
မေးလာသော ကူးစမိုင်းကြောင့် ဝေသာပီနိုင်းတစ်ယောက် ရင်ထဲပန်းတွေ
ပွင့်သွားလေသည်။အမြီးတနှံ့နှံ့နှင့်
ခွေးပေါက်ကလေးသဖွယ် သူက နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ ကူးစမိုင်းက အသံတိတ် လှစ်ခနဲရယ်လျက် ကိုယ်ချင်းခွာသွား၏။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now