Intro

6.4K 273 13
                                    

Unicode

နာမည်-ကြည်သာလရိပ်
အသက်-23
အရပ်-5ပေ11
ရွာကခေါင်းဆောင်..ရန်ပွဲတိုင်းမှာ‌ပေါ့၊တစ်ခုခု
ဆိုရင်ကြည်သာလရိပ်တို့ထိပ်ဆုံးကပဲ..ပြသနာ
ပေါင်းစုံ၊အကြောင်းတရားမျိုးစုံတရားခံ၊
ချမ်းသာလိုက်တာလည်းမပြောနဲ့..
ကြည်သာစံအိမ်ရဲ့သားအကြီးကမွေးတဲ့သမီးဦး
လေးပင်၊စိတ်ဓာတ်လေးကတော့ဘာပြောကောင်း
မလဲ..တော်တော်ကိုယုတ်တာပင်၊အယ်လေဒါက
လည်းမနာလိုသူတွေပြောတဲ့စကားပေါ့နော်၊
ကြည်သာလရိပ်ဟာဥစ္စာပေါ်ရုပ်ချောသဘော
ကောင်းမနောကောင်းလေးဆိုတော့မနာလိုသူ
တွေဆိုတာ.ဟောတစ်ယောက်.ဟောတစ်ယောက်
ပေါ့၊ကျုပ်အဘကတော့ပြောဖူးတယ်..
'နင်ကချစ်တဲ့ခင်တဲ့သူတွေဟောတစ်ယောက်
ဟောတစ်ယောက်ဖြစ်မနေပဲ..မတည့်တဲ့သူတွေ
အမြင်ကပ်တဲ့သူတွေပဲပေါ်တယ်တဲ့၊ဒါကလည်း
လရိပ်ဟာပြည့်စုံလွန်းနေတော့ပြောကြ‌တာပေါ့၊
အို..ကျုပ်ကဘယ်သူကိုဂရုစိုက်ရမှာလဲ
ကိုယ်မှန်တယ်ထင်ရင်အုပ်ချုပ်ရေးမှူးကိုတောင်
ပုဆိုးဆွဲချွတ်ရဲတယ်၊ဥပမာကိုပြောတာပါ။

-ကျုပ်ကဘိုးဘိုးကြီးဦးကြည်သာရဲ့မြေး
ဖေဖေဒယ်ဒီဦးကြည်သာထူးမြင့်ရဲ့သမီး
ဦးလေးအန်ကယ်ဦးကြည်သာမိုးမြင့်ရဲ့တူမ!!
အမလေး..မောတာ!..အယ်လေ..ပြန်ဆက်ရမယ်
ဆိုရင်'ကြည်သာစံအိမ်'ရဲ့မြေးဦးပေါ့..ကျုပ်ဟာ
အနည်းငယ်မဆိုရုံလောက်လေးဂွကျပေမဲ့
စောက်ချောလေးပါတော့်..မယုံရင်လာကြည့်
ခြင်ထောင်ကြီးရှိတယ်..ဟုတ်သလား..အကျင့်
လေးကနည်းနည်းယုတ်ပြီးစာရိတ္တလေးမကောင်း
တာနဲ့လူမှုဆက်ဆံရေးလေးနည်းနည်းမချောမွေ့
တာလေးနဲ့ပြီးတော့လေကြီးဖင်ကျယ်တာက
လွဲပြီးကျန်တာအကုန်ကောင်းပါတယ်
-ကြည်သာလရိပ်

နာမည်-နွေလဝန်းငယ်
အသက်-26
အရပ်-5ပေ4
Mommyနဲ့‌မေမေတို့ရဲ့တစ်ဦးတည်းသောသမီး
လေးပတ်ဝန်းကျင်ကိုလည်းထည့်ဂရုစိုက်မနေ ပေ၊မေမေနဲ့မာမီကလဝန်းကိုကိုယ်တိုင်မွေးခဲ့တာ
ကမှော်ဆန်လွန်းပြီးလဝန်းဟာမေမေနဲ့မာမီရဲ့ သမီးအရင်း..သွေးသားအရင်းဆိုတာသက်သေ
တွေများလှသည်၊အမေဖြစ်သူ‌တွေဆီမှာမြင်တွေ့
နေရတာကြောင့်LGBTဆိုတာကိုအပြည့်အဝ
လက်ခံထားပါသည်၊ကျောင်းပြီးထဲကဝါသနာ
ပါရာကျောင်းဆရာမလေးလုပ်ချင်ပေမဲ့အခြေ
အနေအရပ်ရပ်ကြောင့်မလုပ်ဖြစ်ပဲ၊ဆိုဆုံးမတဲ့
နေရာမှာသာနာမည်ကြီးခဲ့လေသည်၊မိဘမနိုင်
လို့လက်မြှောက်ထားရတဲ့ကလေးတွေ၊ပျက်စီး
နေပြီးအသိတရားမရှိတော့တဲ့လူငယ်တွေကို
ပဲ့ပြင်ဆုံးမနိုင်တဲ့လဝန်းဟာနာမည်တစ်လုံးရခဲ့
ပါသည်၊တစ်နေ့တော့ကြည်သာစံအိမ်ကဆိုးဝါး
လွန်းတဲ့လူတွေကိုပဲ့ပြင်‌ပေးဖို့ဖြစ်လာတဲ့အခါ
လဝန်းငယ်ဘဝဟာ..ဖဲကရှုံး..ဖိနပ်ကပျောက်..
အီးစောကနံလို့တောင်နှိုင်းရအောင်ဖြစ်လာရ
လေတော့သည်၊

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now