Part.7

1.7K 216 9
                                    

Unicode

"မင်းအမေကြီးဒေါ်..ငါ-ိုး"

ငယ်ခြံဝန်းထဲဝင်လာတာနဲ့အရင်ဆုံးပိုင်ဇေ့ရဲ့
ဆဲဆိုသံကိုကြားလိုက်ရပါသည်၊ဒီနေ့
စနေဖြစ်လို့ပြုပြင်ရေးပိတ်လေသည်၊တနင်္ဂနွေနဲ့
စနေကိုပိတ်ရက်ထားပေးတာပင်၊ခြံဝန်းထဲ
ဘောလုံးကန်နေတဲ့ပဒိုင်းသီး၅ယောက်နဲ့ဘေးမှာ
မိန်းကလေးအထိန်းတော်တွေနဲ့တစ်ရုန်းရုန်းဖြစ်
နေလေသည်၊ကြည့်နေတုန်းအထိန်းတော်မလေး
တစ်ယောက်ကကြည်သာလရိပ်ခါးကိုပြေးဖက်
လေသည်၊ဟိုကလည်းနွားပွဲစားကြီးကြည့်ရတဲ့
အတိုင်းအခွက်ကဖြဲနေတာမြင်မကောင်း၊
ကိုယ်နဲ့လည်းမဆိုင်တာမို့အိမ်တော်ထဲဝင်မလို့
လှည့်ထွက်တုန်း

"ဘုတ်!"

"ဟာ..သွားပြီ..အိုးလေးကွဲသွားပြီထင်တယ်"

လရိပ်ကန်လိုက်တဲ့ဘောလုံးကငယ့်ကိုတည့်တည့်
ကြီးလာမှန်တာပင်၊ဟန်ချက်ပျက်သွားပြီးခွေ
ကျသွားတာကြောင့်အောက်ကမြေကြီးနဲ့ဒူးခေါင်း
ကမိတ်ဆက်လေတော့သည်၊ကြည်သာလရိပ်ရဲ့‌
လှောင်သံပါတဲ့စကားကြောင့်ငယ်မျက်နှာမှာ
ချက်ချင်းဒေါသအရိပ်အယောင်တွေထင်ဟက်
လာတော့သည်၊

လဲနေတာကိုမကူညီကြတဲ့အပြင်'အိုးလေးကွဲသွား
ပြီ'လို့အော်ရင်းရယ်နေကြတာကြောင့်ငယ်
လက်သီးကိုတင်းတင်းဆုပ်ထားမိသည်၊အနည်း
ဆုံးတော့ငယ့်ကိုမတည့်ရင်တောင်သူတို့ကို
လိမ္မာစေချင်လို့တကူးတကလာနေတာကိုတော့
သိသင့်ပါသည်၊မသိနားမလည်သေးတဲ့ကလေး
တွေမှမဟုတ်ကြပဲ၊မြေကြီးနဲ့တိုက်မိပြီးနာသွား
တဲ့ညာဘက်ခြေထောက်ကြောင့်ငယ့်မှာထလို့
မရပဲဝိုင်းပြီးဟားတိုက်နေတာကိုဒီတိုင်းကြည့်
နေရသည်၊ဒေါသစိတ်ကြောင့်လက်သီးဆုပ်ထား
တဲ့လက်တွေမှာအကြောစိမ်းလေးတွေတောင်
ထနေလေသည်၊တစ်ဖြည်းဖြည်းဒေါသစိတ်ကနေ
ငယ်ဝမ်းနည်းမှုတို့ကအလုံးအရင်းဝင်ရောက်လာ
တာမို့အောက်နှုတ်ခမ်းကိုခပ်နာနာဖိကိုက်ကာ
တင်းခံထားလိုက်သည်၊ငယ်မပြိုလဲပြဘူး
ငယ်ဟာမပျော့ညံ့ဘူလို့အကြိမ်ကြိမ်ခေါင်းထဲ
ရိုက်ထည့်ထားပေမဲ့တစ်ကယ်ဖြစ်လာတော့
ငယ်ဟာပျော့ညံ့တဲ့မိန်းမတစ်ယောက်ဖြစ်နေခဲ့
ပြီလား။

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now