Part.24

1.7K 179 11
                                    

Unicode

လရိပ်ကဆေးရုံထဲငယ့်ကိုယ်လေးကိုပွေ့ကာ
အပြေးတက်လာလေသည်၊မျက်နှာမှာလည်း
မျက်ရည်တို့ကနေရာယူနေပြီးစိုးရိမ်ပူပန်
နေသည့်ပုံပင်၊လရိပ်အမှန်ကဘယ်ကိုသွား
ရမလဲမသိပေ၊လရိပ်မန္တလေးမြို့ထဲကိုလည်း
အစုံမရောက်ဘူးခဲ့၊နောက်ဆုံးဟိုတစ်ခါ
ငယ်လာတွေ့တဲ့ဆရာဝန်ကြီးအခန်းကိုပြေး
သွားလိုက်သည်၊ဘယ်သူကိုအကူအညီတောင်း
ရမလဲမသိသလိုဘာအရင်လုပ်ရမလဲဆိုတာ
ကိုလည်းမစဉ်းစားနိုင်တော့ပေ၊

"ငယ်..ခဏလေးအားတင်းထားပါနော်
ကျုပ်ကိုမထားခဲ့ပါနဲ့ခင်ဗျားရယ်..ခဏလေး
‌အားတင်းထားပါ!!"

လှေကားထစ်အဆင့်ဆင့်ကိုနင်းတက်လာတဲ့
လရိပ်ရဲ့လက်ပေါ်မှာငယ့်ကိုယ်လေးကိုပွေ့
ထားရတာမို့လက်တွေလည်းညောင်းကိုက်
လာလေသည်၊ဒါပေမဲ့လရိပ်ရပ်လိုက်လို့
မဖြစ်ပေ၊ငယ်ထွက်သွားလို့မရဘူးနော်။

ဆရာဝန်ကြီးအခန်းကိုခြေထောက်နဲ့ကန်ဖွင့်
ရင်လည်းရိုင်းရာကျမှာမို့ဘေးစောင်းတိုက်
ဖွင့်ရင်ငယ်နာသွားမှာပင်၊ဒါကြောင့်တံခါးကို
ကျောပေးကာတွန်းလိုက်သည်။

"ဒုန်း!"

အခန်းထဲကိုဝုန်းဒိုင်းကြဲဝင်လာတဲ့လူကြောင့်
မော့ကြည့်တော့သူ့လက်ထဲမှာချီထားတာက
နွေလဝန်းငယ်ပင်။

"ဘာဖြစ်လာကြတာလဲ"

"ဆရာ..ငယ့်ကိုကယ်ပါအုံး..ကယ်ပေးပါ
ငယ့်ကိုကယ်ပါအုံးဆရာ!!"

လရိပ်ငိုယိုကာရှိခိုးမတက်တောင်းပန်မိသည်၊
ဆရာဝန်ကြီးကအရေးပေါ်အကြောင်းကြား
ကာငယ့်ကိုခွဲစိတ်ခန်းထဲသွင်းဖို့ခေါ်သွား
လေပြီ၊သူနာပြုတစ်ချို့တွန်းနေတဲ့ဘေးမှာ
လရိပ်လည်းအပြေးလိုက်ရင်းအရူးလိုစကား
တွေပြောနေမိသည်၊

"ငယ်..ကျုပ်ကိုမထားခဲ့ပါနဲ့နော်!"

ငယ့်ကိုခွဲစိတ်ကိုခန်းထဲခေါ်သွားပြီမို့လရိပ်
ကိုအပြင်မှာစောင့်နေဖို့သူနာပြုတစ်ယောက်
ကတားလေသည်၊နောက်ဆုံးငယ့်လက်လေး
ကိုလွှတ်လိုက်ပြီးအပြင်မှာသာနေခဲ့ရသည်၊
ငယ်ကသူ့အခြေအနေကိုသူသိလို့နောက်ဆုံး
အကြိမ်အထိမခွဲစိတ်ဖို့အကြိမ်ကြိမ်တားသည်၊
ဒါပေမဲ့လရိပ်ဒီတစ်ခါတော့ငယ့်စကားကို
နားမထောင်နိုင်ပေ။

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now