Part.9

1.6K 193 5
                                    

Unicode

အိမ်တော်ထဲမှာလရိပ်တို့မောင်နှမတွေအပြင်
တစ်ခြားဘယ်သူမှမရှိပေ၊ဦးလေးဖြစ်သူက
အလုပ်ကိစ္စကြောင့်အပြင်ထွက်သွားလေပြီ၊
ဘာမှတော့ကြီးကြီးမားမားမလုပ်ပါဘူး၊နောက်
ဘက်ကလှမ်းထားတဲ့အဝတ်တွေထဲကတစ်ခုကို
ယူမလို့ပင်၊မနေ့ကဆော့သလိုမျက်စိကိုအဝတ်နဲ့
မမြင်အောင်စီးပြီးလိုက်ရိုက်မလို့လေ၊လရိပ်က
ရွံတက်တော့လျှော်ပြီးသားအဝတ်တွေကိုပဲ
မျက်စိမှာစီးချင်တာကြောင့်အနောက်ဘက်ကို
ခြေဦးလှည့်လာတာပင်၊တွေ့တဲ့အဝတ်ကောက်
ဖြုတ်ပြီးအိမ်ရှေ့ကိုအမြန်ပြေးထွက်သွားလိုက်
သည်၊တော်ကြာတစ်ယောက်ယောက်မြင်သွား
ရင်မကောင်းဘူးမလား၊မီးဆိုတာမလောင်ခင်က
တားရသည်၊လောင်ပြီးသွားပြီဆိုရင်တော့
'ဟော..လောင်သွားပြီ'လို့သာမှတ်လိုက်အနှေးနဲ့
အမြန်ဒုက္ခရောက်မှာပဲ။

"အစ်ကိုကြီး..လာလေဗျာအဝတ်ကရခဲ့လား"

"ဒီမှာရတယ်"

"ဟမ်!အဲ့..အဲ့ဒါကြီးကဦးလေးရဲ့အတွင်း..အု!"

လရောင်စကားမဆုံးခင်ပိုင်ဇေကပါးစပ်ကိုအုပ်
လိုက်တာကြောင့်ရှေ့ဆက်ပြီးထွက်မလာတော့၊
ပြသနာတော့တက်လေတော့မည်၊အစ်မလရိပ်
ယူလာတာဦးလေးအတွင်းခံကြီးပေ၊
အသန့်ကြိုက်တဲ့အစ်မလရိပ်သာအတွင်းခံမှန်း
သိသွားခဲ့ရင်၊အမလေး!..လရောင်ဆက်မတွေးရဲ
ပေ၊သေရင်သေမသေရင်တော့သေတာထက်ဆိုး
လေမည်၊ဒါကိုအချိန်မလွန်ခင်ပြောရမှာလေ၊
ဘာလို့သူတောင်းစားပိုင်ဇေကမပြောဖို့ပါးစပ်ကို
လာအုပ်တာလဲ၊

ပိုင်ဇေအံကြိတ်သံနဲ့လရောင်အနားကပ်ကာ

"မပြောနဲ့..အစ်မလရိပ်မနေ့ကငါတို့ကိုငါးကြော်
ကျွေးထားတာလေ!အခုတော့ကလဲ့စားပြန်ချေ
လိုက်ရအောင်"

ပြောပြီးတော့လရောင်ပါးစပ်ကိုဖွင့်ပေးလေသည်
ဟုတ်တော့လည်းဟုတ်သည်မနေ့ကပိုင်ဇေလည်း
နားရင်းအုပ်ခံရသလိုလရောင်လည်းအဆုတ်ကွာ
မတက်အရိုက်ခံရသည်၊ဒီတော့ပြန်ပြီးနည်းနည်း
ပါးပါးဆေးထိုးပေးလိုက်အုံးမည်၊

"ပေးပေးအဝတ်..ဒီအဝတ်ကိုမျက်လုံးမှာစီးပေး
ရမှာလား"

"အေးပေါ့ဟ"

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now